တာခ်ီလိတ္ၿမိဳ႕တြင္း အလစ္သုတ္မႈ မ်ားလာျခင္းအား ထိထိေရာက္ေရာက္ အေရးယူေစလို

တာခ်ီလိတ္ၿမိဳ႕တြင္း အလစ္သုတ္မႈ မ်ားလာျခင္းအား ထိထိေရာက္ေရာက္ အေရးယူေစလို
ဖေဖော်ဝါရီ 3, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္း အေျခအေနမဲ့ သြားလာေနထိုင္သူမ်ား မ်ားျပားလာမႈႏွင့္အတူ အလစ္သုတ္မႈမ်ား၊ ေန႔ခင္းေၾကာင္ေတာင္ အတင့္ရဲစြာ ခိုးယူမႈမ်ားေၾကာင့္ ၿမိဳ႕ခံျပည္သူမ်ားမွာ မ်ားစြာ စိတ္မသက္မသာ ျဖစ္ေနၾကရေၾကာင္း ၾကားသိရ၍ တာခ်ီလိတ္ေန ျပည္သူမ်ား၏ အသံမ်ားကို စုစည္းကာ ေဖာ္ျပလိုက္ပါသည္။

၀မ္ေကာင္းရပ္ကြက္မွ ျပည္သူတစ္ဦး
"တာခ်ီလိတ္ေဒသက နယ္စပ္ေဒသဆိုေတာ့ အနယ္နယ္အရပ္ရပ္က ေရၾကည္ရာ ျမက္ႏုရာဆိုသလို အထင္ႀကီးစိတ္နဲ႔ ေျပာင္းေရႊ႕လာေရာက္ၾကသူေတြ မ်ားပါတယ္။ တကယ္တမ္းက်ေတာ့ တာခ်ီလိတ္ဟာ နယ္စပ္ေဒသဆိုေသာ္လည္း ေဒသထြက္ကုန္ မရိွပါဘူး။ စက္ရံုအလုပ္ရံုႀကီးေတြ မရိွပါဘူး။ ပံုမွန္ တစ္ပိုင္တစ္နိုင္ ေရာင္းဝယ္ ေဖာက္ကားေနၾကတာပါ။ တခါ အလုပ္အကိုင္ အခြင့္အလမ္းကလည္း ဒီေဒသမွာ အမ်ားသံုး စကားျဖစ္တဲ့ ထိုင္းဘာသာစကား တတ္ကၽြမ္းသူမ်ားသာ အခြင့္အေရးသာပါတယ္။ ဟိုးလြန္ခဲ့တဲ့ ၁၉၉၀ ျပည့္လြန္ႏွစ္မ်ားကေတာ့ ေဒသဖြံ႕ၿဖိဳး စတည္ေဆာက္ေရး လုပ္ငန္းေတြ မ်ားျပားခ်ိန္ဆိုေတာ့ အလုပ္သမားေတြအတြက္ အလုပ္အကိုင္ေပါ ပါတယ္။ အခုခ်ိန္မွာေတာ့ ေတာ္ေတာ္ေလး အလုပ္အကိုင္ ရွားပါးသြားပါၿပီ။ ထုိင္းဘက္သြားၿပီး အလုပ္လုပ္ျပန္ရင္လည္း အရင္ကလို အလြယ္တကူ သြားလို႔ မရေတာ့ပါဘူး။ တရားဝင္ စာရြက္စာတမ္းေတြ အေထာက္အထားေတြ မရိွရင္ ထိုင္းဘက္ကလည္း အေရးယူပါတယ္။ ဒီအေျခအေနေတြကို ေသခ်ာမေလ့လာဘဲ ေမွ်ာ္လင့္ခ်က္ႀကီးစြာနဲ႔ တာခ်ီလိတ္ကို ေရာက္လာ။ အသိမိတ္ေဆြက မရိွ။ အလုပ္အကိုင္က မရဆိုေတာ့ စားဝတ္ေနေရးအတြက္ ကီလိုေကာက္ (စြန္႔ပစ္ ပစၥည္းေကာက္)၊ ကီလိုပစၥည္းက ရွားလာေတာ့ လူလစ္ရင္ လစ္သလို အလစ္သုတ္လာရာကေန ၾကာေတာ့ တစ္စတစ္စနဲ႔ အတင့္ရဲလာၾကေတာ့တာပါပဲ” ဟု ဝမ္ေကာင္းရပ္ေန ျပည္သူတစ္ဦးက အေျခအေန ရွင္းျပသည္။

အိမ္ရွင္မတစ္ဦး
"ကၽြန္မတို႔ဆိုင္ဆိို အေတာ္ေလး သတိထားၿပီး ေန ေနတာေတာင္ တစ္ပတ္တခါေလာက္ အခိုးခံေနရ ပါတယ္။ လက္ကိုင္ဖုန္း၊ အမ္ပီသရီးစက္၊ အိုးခြက္ေတြကအစ မၾကာမၾကာ ပါပါသြားပါတယ္။ CCTV ကေန ျပန္ၾကည့္ေတာ့ ခိုးတဲ့သူေတြကို မိပါတယ္။ ဒါေပမဲ့ အသက္ ငယ္ ငယ္ေလးေတြြလည္းပါတယ္။ တကယ့္ အေျခအေန မဲ့ေတြလည္း မ်ားေနေတာ့ ဘယ္လိုလုပ္ၿပီး အမႈဖြင့္မလဲ။ ေနာင္မလုပ္ဖို႔ ေျပာဆိုဆံုးမၿပီး ျပန္လႊတ္လိုက္ရတာပါပဲ။ ေနာက္ၿပီး အဲဒီအေျခအေနမဲ့အမ်ားစုက အနည္းဆံုး ေကာ္ရွဴသမား အရက္သမားေတြ ျဖစ္ေနတယ္”ဟု အိမ္ရွင္မတစ္ဦးျဖစ္သူက  ညည္းတြား ေျပာဆိုလာသည္။

ပန္းထိမ္လုပ္ငန္းရွင္တစ္ဦး
"ကၽြန္ေတာ့္အိမ္မွာဆိုလည္း အိမ္ေရွ႕ခၽြတ္ထားတဲ့ဖိနပ္ေတာင္ ခိုးသြားတာ ႀကံဳဖူးတယ္။ တေလာကလည္း ေန႔ခင္းေၾကာင္ေတာင္ႀကီး ကားေပၚက ပစၥည္းကို အတင့္ရဲရဲနဲ႕ ခိုးသြားတဲ့ သူခိုးႏွစ္ေယာက္ အေၾကာင္း CCTV က မွတ္တမ္းရိုက္ထားတာ အြန္လိုင္းေပၚမွာ ၾကည့္လိုက္ရတယ္။ အခုဆို အိမ္ေနာက္ေဖးကို ခဏတစ္ျဖဳတ္ ဝင္ရမွာေတာင္ ခပ္လန္႔လန္႔ပဲဗ်။ လူလစ္တာနဲ႔ တစ္ခုခုေတာ့ ပါသြားတာပဲ။ ဆိုင္ကယ္ ပါသြားျပန္ၿပီ။ လွမ္းထားတဲ့အဝတ္ေတြ ပါသြားျပန္ၿပီ။ အိမ္ေရွ႕ခင္းထားတဲ့ ေျမာင္းဖံုးသံပန္း ပါသြားျပန္ၿပီ ဆိုတာေတြ မၾကာ မၾကာ ၾကားေနရတယ္။ တခ်ိဳ႕ဆို စီးလာတဲ့ စက္ဘီးေလးခဏရပ္ ေစ်းဝယ္ေနတာ ေနာက္လွည့္ၾကည့္ေတာ့ စက္ဘီးကပါသြားၿပီ။ အေျခအေနက ေတာ္ေတာ္ေလး ဆိုးရြားေနၿပီဗ်ာ"ဟု ပန္းထိမ္လုပ္ငန္းရွင္ တစ္ဦးကလည္း ေျပာျပသည္။

သို႔ျဖစ္ပါေသာေၾကာင့္ တာခ်ီလိတ္ၿမိဳ႕သို႔ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္ရိွေနၾကသည့္ အေျခအေနမဲ့မ်ား၊ ေလလြင့္လူငယ္မ်ားအား သက္ဆိုင္ရာမွ ထိထိေရာက္ေရာက္ အေရးယူေဆာင္ရြက္ေစလိုေသာ ျပည္သူမ်ား၏ ဆႏၵကို ထုတ္ေဖာ္ တင္ျပလိုက္ရပါသည္။

ေမာင္ယဥ္ေက်း

***********************
( unicode )

တာချီလိတ်မြို့တွင်း အခြေအနေမဲ့ သွားလာနေထိုင်သူများ များပြားလာမှုနှင့်အတူ အလစ်သုတ်မှုများ၊ နေ့ခင်းကြောင်တောင် အတင့်ရဲစွာ ခိုးယူမှုများကြောင့် မြို့ခံပြည်သူများမှာ များစွာ စိတ်မသက်မသာ ဖြစ်နကြေရကြောင်း ကြားသိရ၍ တာချီလိတ်နေ ပြည်သူများ၏ အသံများကို စုစည်းကာ ဖော်ပြလိုက်ပါသည်။

ဝမ်ကောင်းရပ်ကွက်မှ ပြည်သူတစ်ဦး
"တာချီလိတ်ဒေသက နယ်စပ်ဒေသဆိုတော့ အနယ်နယ်အရပ်ရပ်က ရကြေည်ရာ မြက်နုရာဆိုသလို အထင်ကြီးစိတ်နဲ့ ပြောင်းရွှေ့လာရောက်ကြသူတွေ များပါတယ်။ တကယ်တမ်းကျတော့ တာချီလိတ်ဟာ နယ်စပ်ဒေသဆိုသော်လည်း ဒေသထွက်ကုန် မရှိပါဘူး။ စက်ရုံအလုပ်ရုံကြီးတွေ မရှိပါဘူး။ ပုံမှန် တစ်ပိုင်တစ်နိုင် ရောင်းဝယ် ဖောက်ကားနကြေတာပါ။ တခါ အလုပ်အကိုင် အခွင့်အလမ်းကလည်း ဒီဒေသမှာ အများသုံး စကားဖြစ်တဲ့ ထိုင်းဘာသာစကား တတ်ကျွမ်းသူများသာ အခွင့်အရေးသာပါတယ်။ ဟိုးလွန်ခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်များကတော့ ဒေသဖွံ့ဖြိုး စတည်ဆောက်ရေး လုပ်ငန်းတွေ များပြားချိန်ဆိုတော့ အလုပ်သမားတွေအတွက် အလုပ်အကိုင်ပေါ ပါတယ်။ အခုချိန်မှာတော့ တော်တော်လေး အလုပ်အကိုင် ရှားပါးသွားပါပြီ။ ထိုင်းဖက်သွားပြီး အလုပ်လုပ်ပြန်ရင်လည်း အရင်ကလို အလွယ်တကူ သွားလို့ မရတော့ပါဘူး။ တရားဝင် စာရွက်စာတမ်းတွေ အထောက်အထားတွေ မရှိရင် ထိုင်းဘက်ကလည်း အရေးယူပါတယ်။ ဒီအခြေအနေတွေကို သေချာမလေ့လာဘဲ မျှော်လင့်ချက်ကြီးစွာနဲ့ တာချီလိတ်ကို ရောက်လာ။ အသိမိတ်ဆွေက မရှိ။ အလုပ်အကိုင်က မရဆိုတော့ စားဝတ်နေရေးအတွက် ကီလိုကောက် (စွန့်ပစ် ပစ္စည်းကောက်)၊ ကီလိုပစ္စည်းက ရှားလာတော့ လူလစ်ရင် လစ်သလို အလစ်သုတ်လာရာကနေ ကြာတော့ တစ်စတစ်စနဲ့ အတင့်ရဲလာကြတော့တာပါပဲ” ဟု ဝမ်ကောင်းရပ်နေ ပြည်သူတစ်ဦးက အခြေအနေ ရှင်းပြသည်။

အိမ်ရှင်မတစ်ဦး
"ကျွန်မတို့ဆိုင်ဆို အတော်လေး သတိထားပြီး နေ နေတာတောင် တစ်ပတ်တခါလောက် အခိုးခံနေရ ပါတယ်။ လက်ကိုင်ဖုန်း၊ အမ်ပီသရီးစက်၊ အိုးခွက်တွေကအစ မကြာမကြာ ပါပါသွားပါတယ်။ CCTV ကနေ ပြန်ကြည့်တော့ ခိုးတဲ့သူတွေကို မိပါတယ်။ ဒါပေမဲ့ အသက် ငယ် ငယ်လေးတွေလည်းပါတယ်။ တကယ့် အခြေအနေ မဲ့တွေလည်း များနေတော့ ဘယ်လိုလုပ်ပြီး အမှုဖွင့်မလဲ။ နောင်မလုပ်ဖို့ ပြောဆိုဆုံးမပြီး ပြန်လွှတ်လိုက်ရတာပါပဲ။ နောက်ပြီး အဲဒီအခြေအနေမဲ့အများစုက အနည်းဆုံး ကော်ရှူသမား အရက်သမားတွေ ဖြစ်နေတယ်”ဟု အိမ်ရှင်မတစ်ဦးဖြစ်သူက ညည်းတွား ပြောဆိုလာသည်။

ပန်းထိမ်လုပ်ငန်းရှင်တစ်ဦး
"ကျွန်တော့်အိမ်မှာဆိုလည်း အိမ်ရှေ့ချွတ်ထားတဲ့ဖိနပ်တောင် ခိုးသွားတာ ကြုံဖူးတယ်။ တလောကလည်း နေ့ခင်းကြောင်တောင်ကြီး ကားပေါ်က ပစ္စည်းကို အတင့်ရဲရဲနဲ့ ခိုးသွားတဲ့ သူခိုးနှစ်ယောက် အကြောင်း CCTV က မှတ်တမ်းရိုက်ထားတာ အွန်လိုင်းပေါ်မှာ ကြည့်လိုက်ရတယ်။ အခုဆို အိမ်နောက်ဖေးကို ခဏတဖြုတ် ဝင်ရမှာတောင် ခပ်လန့်လန့်ပဲဗျ။ လူလစ်တာနဲ့ တစ်ခုခုတော့ ပါသွားတာပဲ။ ဆိုင်ကယ် ပါသွားပြန်ပြီ။ လှမ်းထားတဲ့အဝတ်တွေ ပါသွားပြန်ပြီ။ အိမ်ရှေ့ခင်းထားတဲ့ မြောင်းဖုံးသံပန်း ပါသွားပြန်ပြီ ဆိုတာတွေ မကြာ မကြာ ကြားနေရတယ်။ တချို့ဆို စီးလာတဲ့ စက်ဘီးလေးခဏရပ် ဈေးဝယ်နေတာ နောက်လှည့်ကြည့်တော့ စက်ဘီးကပါသွားပြီ။ အခြေအနေက တော်တော်လေး ဆိုးရွားနပြေီဗျာ"ဟု ပန်းထိမ်လုပ်ငန်းရှင် တစ်ဦးကလည်း ပြောပြသည်။

သို့ဖြစ်ပါသောကြောင့် တာချီလိတ်မြို့သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနကြေသည့် အခြေအနေမဲ့များ၊ လေလွင့်လူငယ်များအား သက်ဆိုင်ရာမှ ထိထိရောက်ရောက် အရေးယူဆောင်ရွက်စေလိုသော ပြည်သူများ၏ ဆန္ဒကို ထုတ်ဖော်  တင်ပြလိုက်ရပါသည်။

မောင်ယဉ်ကျေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~