နမ့္ဆန္ၿမိဳ႕မွ မီးေဘးသင့္လူဦးေရႏွစ္ေထာင္ေက်ာ္အား ေန႔စဥ္ေကၽြးေမြးစရိတ္ က်ပ္သိန္း ၂၀ ေက်ာ္ကုန္က်ေန

နမ့္ဆန္ၿမိဳ႕မွ မီးေဘးသင့္လူဦးေရႏွစ္ေထာင္ေက်ာ္အား ေန႔စဥ္ေကၽြးေမြးစရိတ္ က်ပ္သိန္း ၂၀ ေက်ာ္ကုန္က်ေန
ဖေဖော်ဝါရီ 15, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕တြင္ မီးေဘးသင့္ခဲ့သည့္ လူဦးေရႏွစ္ေထာင္ေက်ာ္အား ေန႔စဥ္ေကၽြးေမြးစရိတ္ က်ပ္သိန္း(၂၀)ေက်ာ္ကုန္က်လွ်က္ရွိၿပီး ျပန္လည္ထူေထာင္ေရးအတြက္ အလွဴေငြမ်ားလည္း လိုအပ္ေနေၾကာင္း သြားေရာက္လွဴဒါန္းလွ်က္ရွိေသာ အလွဴရွင္မ်ားထံမွ သိရသည္။

"ဒီၿမိဳ႕မွာ စားေသာက္ဆိုင္ မရွိဘူး။ ဒါေၾကာင့္ မီးေဘးသင့္တဲ့ ေဒသခံ ျပည္သူေတြနဲ႔ လုပ္အားေပးတဲ့အဖြဲ႕ေတြကို ေကၽြးေမြးဖို႔ တစ္ေန႔ဆန္(၂၅)အိတ္နဲ႔ က်ပ္သိန္း(၂၀)ေက်ာ္ ကုန္တယ္။ ျပန္လည္ထူေထာင္ေရးကာလက တစ္လေလာက္ၾကာမွာဆိုေတာ့ အလွဴေငြေတြအမ်ားႀကီး လိုအပ္ေသးတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ အနႏၱဂုဏ္ရည္ပရဟိတအဖြဲ႕မွ ဦးေအာင္ၿဖိဳးရွိန္က ေျပာသည္။

မီးေဘးသင့္ျပည္သူႏွင့္ လုပ္အားဒါနျပဳသူမ်ားအတြက္ အလွဴရွင္မ်ား လာေရာက္လွဴဒါန္းေသာ ဆန္ႏွင့္အစားအစာမ်ားအျပင္ အနီး ပတ္၀န္းက်င္ၿမိဳ႕ႏွင့္ ေက်းရြာမ်ားမွ အသား၊ ငါးႏွင့္ ဟင္းသီးဟင္းရြက္မ်ား ၀ယ္ယူေကၽြးေမြးရျခင္းျဖစ္ၿပီး ျပန္လည္တည္ေဆာက္ေရးကာလ ၾကာျမင့္မည္ျဖစ္သျဖင့္ အလွဴေငြမ်ား ဆက္လက္ လိုအပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
နမ့္ဆန္ၿမိဳ႕တြင္ မီးေဘးသင့္ခဲ့ေသာ ရပ္ကြက္ႏွစ္ခုမွ ေဒသခံႏွစ္ေထာင္ေက်ာ္အား ေနအိမ္မ်ား ျပန္လည္ေဆာက္လုပ္ရန္ ေဆာက္လုပ္ေရးပစၥည္းမ်ားလည္း လိုအပ္ေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္္ၿမိဳ႕တြင္ ၂၀၁၂ ခုႏွစ္၊ ႏို၀င္ဘာ(၂)ရက္ေန႔က မီးေလာင္မႈ၌ ေနအိမ္(၅၀)ေက်ာ္ေလာင္ကၽြမ္းခဲ့ၿပီး ကာလတန္ဖိုး က်ပ္သိန္း (၈၀၀၀)ေက်ာ္ ပ်က္စီးဆံုးရွံဳးခဲ့ၿပီး၊ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလ (၄) ရက္ေန႔က မီးေလာင္ကၽြမ္းမႈေၾကာင့္အိမ္ေျခ (၂၀၉) လံုး၊ အိမ္ေထာင္စု (၂၉၂) စု၊ လူဦးေရ (၁၂၈၈)ဦး မီးေဘးသင့္ခဲ့ၿပီး ေငြက်ပ္သိန္းေပါင္း (၉၈၄၈)ခန္႔ ဆံုးရႈံးခဲ့ရေၾကာင္း အစိုးရမွ သတင္းထုတ္ျပန္ထားသည္။
**************

( unicode )

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် မီးဘေးသင့်ခဲ့သည့် လူဦးရေနှစ်ထောင်ကျော်အား နေ့စဉ်ကျွေးမွေးစရိတ် ကျပ်သိန်း(၂၀)ကျော်ကုန်ကျလျှက်ရှိပြီး ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများလည်း လိုအပ်နေကြောင်း သွားရောက်လှူဒါန်းလျှက်ရှိသော အလှူရှင်များထံမှ သိရသည်။

"ဒီမြို့မှာ စားသောက်ဆိုင် မရှိဘူး။ ဒါကြောင့် မီးဘေးသင့်တဲ့ ဒေသခံ ပြည်သူတွေနဲ့ လုပ်အားပေးတဲ့အဖွဲ့တွေကို ကျွေးမွေးဖို့ တစ်နေ့ဆန်(၂၅)အိတ်နဲ့ ကျပ်သိန်း(၂၀)ကျော် ကုန်တယ်။ ပြန်လည်ထူထောင်ရေးကာလက တစ်လလောက်ကြာမှာဆိုတော့ အလှူငွေတွေအများကြီး လိုအပ်သေးတယ်"ဟု တာချီလိတ်မြို့ အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ ဦးအောင်ဖြိုးရှိန်က ပြောသည်။

မီးဘေးသင့်ပြည်သူနှင့် လုပ်အားဒါနပြုသူများအတွက် အလှူရှင်များ လာရောက်လှူဒါန်းသော ဆန်နှင့်အစားအစာများအပြင် အနီး ပတ်ဝန်းကျင်မြို့နှင့် ကျေးရွာများမှ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ ဝယ်ယူကျွေးမွေးရခြင်းဖြစ်ပြီး ပြန်လည်တည်ဆောက်ရေးကာလ ကြာမြင့်မည်ဖြစ်သဖြင့် အလှူငွေများ ဆက်လက် လိုအပ်နခြေင်းဖြစ်ကြောင်း သိရသည်။
နမ့်ဆန်မြို့တွင် မီးဘေးသင့်ခဲ့သော ရပ်ကွက်နှစ်ခုမှ ဒေသခံနှစ်ထောင်ကျော်အား နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် ဆောက်လုပ်ရေးပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ(၂)ရက်နေ့က မီးလောင်မှု၌ နေအိမ်(၅၀)ကျော်လောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်း (၈၀၀၀)ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့်အိမ်ခြေ (၂၀၉) လုံး၊ အိမ်ထောင်စု (၂၉၂) စု၊ လူဦးရေ (၁၂၈၈)ဦး မီးဘေးသင့်ခဲ့ပြီး ငွေကျပ်သိန်းပေါင်း (၉၈၄၈)ခန့် ဆုံးရှုံးခဲ့ရကြောင်း အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~