ဟိုက္ပါစစ္ေဘးေရွာင္ စခန္းမွ အိမ္ေထာင္စု(၁၆၀)ခန္႔ ေနရပ္ မျပန္ႏိုင္ေသး

ဟိုက္ပါစစ္ေဘးေရွာင္ စခန္းမွ အိမ္ေထာင္စု(၁၆၀)ခန္႔ ေနရပ္ မျပန္ႏိုင္ေသး
ဖေဖော်ဝါရီ 16, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဟိုက္ပါစစ္ေဘးေရွာင္စခန္းရွိ ပေလာင္တိုင္းရင္းသား အိမ္ေထာင္စု(၁၆၀)ခန္႔သည္ ေနရပ္မျပန္ႏိုင္ေသးေၾကာင္း နမ့္ခံုးပရဟိတအသင္းမွ သိရသည္။

"အခုေက်းရြာ(၂)ရြာက အိမ္ေထာင္စု(၁၆၀)ေလာက္က ဟိုက္ပါစခန္းနားက ေျမကြက္မွာ ႏွစ္ႏွစ္ေလာက္ အေျခခ်ေနဖို႔ ခြင့္ေတာင္းထားတယ္ၾကားတယ္။ အဓိကေတာ့ သူတို႔ ေနတဲ့ရြာေတြက စစ္မ်က္ႏွာျပင္ ျဖစ္ခဲ့တာေၾကာင့္ ရြာမသန္႔ဘူးဆိုတဲ့အယူနဲ႔ မျပန္ခ်င္ၾကတာ။ စစ္တိုက္ေတာ့ ေသသြားတဲ့စစ္သားေတြ သူတို႔ရြာထဲမွာရွိတယ္ဆိုၿပီး ေတြးတာလည္းပါတယ္"ဟု နမ့္ခံုးပရဟိတအသင္းမွ တာ၀န္ခံ ဦးစိုင္းဆိုင္မွိဳင္းက ေျပာသည္။

ေနရပ္သို႔ မျပန္ႏိုင္ေသးေသာ ပေလာင္တိုင္းရင္းသား စစ္ေဘးေရွာင္မ်ားမွာ ကုန္နန္ေက်းရြာႏွင့္ နမ့္ပါမြန္းေက်းရြာမ်ားမွျဖစ္ၿပီး အဆိုပါေက်းရြာမ်ားသည္ ေတာင္ထိပ္မ်ားတြင္ ေက်းရြာတည္ထားျခင္းျဖစ္သျဖင့္ စစ္မ်က္ႏွာျပင္ျဖစ္ခဲ့သည္ကို ေၾကာက္ရြံ႕ေနၾကေၾကာင္း သိရသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားအတြက္ လိုအပ္ေသာ စားနပ္ရိကၡာမ်ားအား နမ့္ခံုးပရဟိတအသင္းမွ ေထာက္ပံ့ေပးလွ်က္ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ ( SSPP/SSA) တို႔ ၂၀၁၅ ေအာက္တိုဘာလအတြင္းတိုက္ပြဲမ်ား ျဖစ္ပြားခဲ့ျခင္းေၾကာင့္ မိုင္းရွဳးၿမိဳ႕နယ္အတြင္း ေက်းရြာမ်ားမွ ေဒသခံတိုင္းရင္းသား တစ္ေသာင္းခန္႔ စစ္ေဘးေရွာင္တိမ္းခဲ့ရသည့္အနက္ ေက်းရြာႏွစ္ရြာမွ ပေလာင္တိုင္းရင္းသား အိမ္ေထာင္စု(၁၆၀)ခန္႔သာ ေနရပ္မျပန္ႏိုင္ေသးျခင္းျဖစ္ေၾကာင္းသိရသည္။
**********

( unicode )

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုက်ပါစစ်ဘေးရှောင်စခန်းရှိ ပလောင်တိုင်းရင်းသား အိမ်ထောင်စု(၁၆၀)ခန့်သည် နေရပ်မပြန်နိုင်သေးကြောင်း နမ့်ခုံးပရဟိတအသင်းမှ သိရသည်။

"အခုကျေးရွာ(၂)ရွာက အိမ်ထောင်စု(၁၆၀)လောက်က ဟိုက်ပါစခန်းနားက မြေကွက်မှာ နှစ်နှစ်လောက် အခြေချနေဖို့ ခွင့်တောင်းထားတယ်ကြားတယ်။ အဓိကတော့ သူတို့ နေတဲ့ရွာတွေက စစ်မျက်နှာပြင် ဖြစ်ခဲ့တာကြောင့် ရွာမသန့်ဘူးဆိုတဲ့အယူနဲ့ မပြန်ချင်ကြတာ။ စစ်တိုက်တော့ သေသွားတဲ့စစ်သားတွေ သူတို့ရွာထဲမှာရှိတယ်ဆိုပြီး တွေးတာလည်းပါတယ်"ဟု နမ့်ခုံးပရဟိတအသင်းမှ တာဝန်ခံ ဦးစိုင်းဆိုင်မှိုင်းက ပြောသည်။

နေရပ်သို့ မပြန်နိုင်သေးသော ပလောင်တိုင်းရင်းသား စစ်ဘေးရှောင်များမှာ ကုန်နန်ကျေးရွာနှင့် နမ့်ပါမွန်းကျေးရွာများမှဖြစ်ပြီး အဆိုပါကျေးရွာများသည် တောင်ထိပ်များတွင် ကျေးရွာတည်ထားခြင်းဖြစ်သဖြင့် စစ်မျက်နှာပြင်ဖြစ်ခဲ့သည်ကို ကြောက်ရွံ့နကြေကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် လိုအပ်သော စားနပ်ရိက္ခါများအား နမ့်ခုံးပရဟိတအသင်းမှ ထောက်ပံ့ပေးလျှက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA) တို့ ၂၀၁၅ အောက်တိုဘာလအတွင်းတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် မိုင်းရှုးမြို့နယ်အတွင်း ကျေးရွာများမှ ဒေသခံတိုင်းရင်းသား တစ်သောင်းခန့် စစ်ဘေးရှောင်တိမ်းခဲ့ရသည့်အနက် ကျေးရွာနှစ်ရွာမှ ပလောင်တိုင်းရင်းသား အိမ်ထောင်စု(၁၆၀)ခန့်သာ နေရပ်မပြန်နိုင်သေးခြင်းဖြစ်ကြောင်းသိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~