တာခ်ီလိတ္အိမ္ၿခံေျမေစ်းကြက္ ႏိုင္ငံေရးအေျပာင္းအလဲေၾကာင့္ ဦးေမာ့လာဖြယ္ရိွ

တာခ်ီလိတ္အိမ္ၿခံေျမေစ်းကြက္ ႏိုင္ငံေရးအေျပာင္းအလဲေၾကာင့္ ဦးေမာ့လာဖြယ္ရိွ
ဖေဖော်ဝါရီ 11, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ အိမ္၊ ျခံ၊ ေျမေစ်းကြက္မွာ ႏိုင္ငံေရးအေျပာင္းအလဲေၾကာင့္ ၂၀၁၆ ခုႏွစ္အတြင္း ေစ်းျပန္လည္ ဦးေမာ့လာႏုိင္ဖြယ္ရွိေၾကာင္း တာခ်ီလိတ္ရွိ  အိမ္ၿခံေျမ အက်ဳိးေဆာင္မ်ားက ခန္႔မွန္းထားသည္။

"အစိုးရသစ္လက္ထက္မွာ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ရွိလာႏိုင္တဲ့အတြက္ အိမ္၊ ျခံ၊ ေျမ ေစ်းကြက္လည္း ေကာင္းလာမွာပါ။ အခုေတာင္ ေစ်းကြက္မွာ နည္းနည္းခ်င္းစီ ျပန္ေကာင္းလာတယ္"ဟု ျမန္မာႏိုင္ငံ အိမ္၊ ျခံ၊ ေျမ၀န္ေဆာင္မႈအသင္း(တာခ်ီလိတ္)မွ ေကာ္မတီ၀င္ ဦး၀င္းေက်ာ္က ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ႏိုင္ငံျခားသား ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒ ေရးဆြဲၿပီးျဖစ္သျဖင့္ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ ၀င္ေရာက္လာႏိုင္ဖြယ္ရိွၿပီး ေစ်းကြက္တြင္ စက္ရံုအလုပ္ရံု လိုအပ္ခ်က္အရ ေစ်းကြက္ အေျခအေန ေကာင္းလာမည္ျဖစ္ေၾကာင္း၊ ေဒသတြင္း ေနအိမ္ႏွင့္ လံုးခ်င္းအိမ္မ်ား အေရာင္းအ၀ယ္ အနည္းငယ္ ျဖစ္ေၾကာင္း ၎ထံမွသိရသည္။

"ၿမိဳ႕လယ္ပိုင္းမွာ ေစ်းကြက္အေရာင္းအ၀ယ္နည္းနည္းျဖစ္တယ္။ ေနာက္တစ္မ်ိဳးက အလဲအထပ္ျဖစ္တာ။ ဥပမာ ေတာင္ႀကီးက ေျမကြက္နဲ႔ ဒီက ေျမကြက္အလဲအထပ္ျဖစ္တာမ်ိဳး၊ ၿမိဳ႕ျပင္နဲ႔ ၿမိဳ႕ထဲ အလဲအလွယ္ ျဖစ္တာမ်ိဳးေတြပါ"ဟု အိမ္၊ ျခံ၊ ေျမ ၀န္ေဆာင္မႈလုပ္ကိုင္သူ တစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ၿမိဳ႕လယ္ပိုင္းရွိ ဘတ္သိန္း(၂၀)မွ ဘတ္သိန္း(၃၀)တန္ဖိုးရွိ ေျမကြက္မ်ား အေရာင္းအ၀ယ္ျဖစ္ၿပီး တာခ်ီလိတ္သည္ ႏွစ္ႏိုင္ငံ နယ္စပ္ၿမိဳ႕ျဖစ္သျဖင့္ စက္ရံုအလုပ္ရံုမ်ား ေဆာက္လုပ္ရန္ သင့္ေတာ္သျဖင့္ ေျမကြက္ အေရာင္းအ၀ယ္ ဦးေမာ့လာႏိုင္မည္ျဖစ္ေၾကာင္း တာခ်ီလိတ္ရွိ  အိမ္ၿခံေျမ အက်ဳိးေဆာင္မ်ားက ခန္႔မွန္းထားရွိျခင္း ျဖစ္သည္။
*******************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် အိမ်၊ ခြံ၊ မြေဈေးကွက်မှာ နိုင်ငံရေးအပြောင်းအလဲကြောင့် ၂၀၁၆ ခုနှစ်အတွင်း ဈေးပြန်လည် ဦးမော့လာနိုင်ဖွယ်ရှိကြောင်း တာချီလိတ်ရှိ အိမ်ခြံမြေ အကျိုးဆောင်များက ခန့်မှန်းထားသည်။

"အစိုးရသစ်လက်ထက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်တဲ့အတွက် အိမ်၊ ခြံ၊ မြေ ဈေးကွက်လည်း ကောင်းလာမှာပါ။ အခုတောင် ဈေးကွက်မှာ နည်းနည်းချင်းစီ ပြန်ကောင်းလာတယ်"ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်း(တာချီလိတ်)မှ ကော်မတီဝင် ဦးဝင်းကျော်က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေ ရေးဆွဲပြီးဖြစ်သဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဝင်ရောက်လာနိုင်ဖွယ်ရှိပြီး ဈေးကွက်တွင် စက်ရုံအလုပ်ရုံ လိုအပ်ချက်အရ ဈေးကွက် အခြေအနေ ကောင်းလာမည်ဖြစ်ကြောင်း၊ ဒေသတွင်း နေအိမ်နှင့် လုံးချင်းအိမ်များ အရောင်းအဝယ် အနည်းငယ် ဖြစ်ကြောင်း၎င်းထံမှသိရသည်။

"မြို့လယ်ပိုင်းမှာ ဈေးကွက်အရောင်းအဝယ်နည်းနည်းဖြစ်တယ်။ နောက်တစ်မျိုးက အလဲအထပ်ဖြစ်တာ။ ဥပမာ တောင်ကြီးက မြေကွက်နဲ့ ဒီက မြေကွက်အလဲအထပ်ဖြစ်တာမျိုး၊ မြို့ပြင်နဲ့ မြို့ထဲ အလဲအလှယ် ဖြစ်တာမျိုးတွေပါ"ဟု အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း မြို့လယ်ပိုင်းရှိ ဘတ်သိန်း(၂၀)မှ ဘတ်သိန်း(၃၀)တန်ဖိုးရှိ မြေကွက်များ အရောင်းအဝယ်ဖြစ်ပြီး တာချီလိတ်သည် နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သဖြင့် စက်ရုံအလုပ်ရုံများ ဆောက်လုပ်ရန် သင့်တော်သဖြင့် မြေကွက် အရောင်းအဝယ် ဦးမော့လာနိုင်မည်ဖြစ်ကြောင်း တာချီလိတ်ရှိ အိမ်ခြံမြေ အကျိုးဆောင်များက ခန့်မှန်းထားရှိခြင်း ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~