မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ (၁၉)ဦး တာခ်ီလိတ္၌ ဖမ္းဆီးရမိ

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ (၁၉)ဦး တာခ်ီလိတ္၌ ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 16, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္အတြင္း မူးယစ္ေဆး၀ါးသံုးစြဲသူဟု ယူဆရသူ (၁၉)ဦးႏွင့္အတူ မူးယစ္ေဆး၀ါး ႏွင့္ သုံးစြဲသည့္ ပစၥည္းမ်ားကို တာခ်ီလိတ္မူးယစ္ရဲတပ္ဖြဲ႔က ေဖေဖာ္၀ါရီလ(၁၆)ရက္ေန႔တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္ ေရႊလသာလမ္းၾကားရွိ ၿခံ၀င္းအတြင္း၌ တဲထိုး ေနထိုင္ၾကေသာ သိန္းလြင္၊ မနာေစာ၊ ေဒၚေရွာက္ကိုင္ဖိန္ ႏွင့္ တင္ကိုကိုႏိုင္တို႔၏ တဲမ်ားအား မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ မူးယစ္ေဆး၀ါး သတင္းအရ ေဖေဖာ္၀ါရီလ(၁၆)ရက္ နံနက္(၁၁)နာရီခြဲ၀န္းက်င္က ၀င္ေရာက္ရွာေဖြ ဖမ္းဆီးရမွာ အမ်ဳိးသား/အမ်ဳိးသမီးစုစုေပါင္း (၁၉)ဦး ႏွင့္ မူးယစ္ေဆး၀ါမ်ားကို ဖမ္းဆီးရမိတာျဖစ္ေၾကာင္း တာခ်ီလိတ္မူးယစ္ရဲတပ္ဖြဲ႔မွ သိရသည္။

ရွာေဖြသိမ္းဆည္းရမိေသာ မူးယစ္ေဆး၀ါး စုစုေပါင္းမွာ (၂၃၇)ျပားျဖစ္ၿပီး ကာလတန္ဖိုးေငြမွာ က်ပ္(၅၉၂၅၀၀)ခန္႔ရွိေၾကာင္းႏွင့္ က်ပ္(၁၆)သိန္းခန္႔ တန္ဖိုးရွိ ဘိန္းျဖဴ (၀.၀၀၁)ဂရမ္ အျပင္ အိုက္စ္အျဖဴေရာင္ ပံုေဆာင္ခဲ အေလးခ်ိန္(၀.၈)ဂရမ္ခန္႔တို႔ ပါ၀င္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အမ်ဳိးသား(၁၇)ဦး ႏွင့္ အမ်ဳိးသမီး (၂)ဦး စုစုေပါင္း (၁၉)ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၃/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ ညေန(၃)နာရီအခ်ိန္က အမႈဖြင့္လွစ္ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
****************

( unicode )

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူဟု ယူဆရသူ (၁၉)ဦးနှင့်အတူ မူးယစ်ဆေးဝါး နှင့် သုံးစွဲသည့် ပစ္စည်းများကို တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် ရွှေလသာလမ်းကြားရှိ ခြံဝင်းအတွင်း၌ တဲထိုး နေထိုင်ကြသော သိန်းလွင်၊ မနာစော၊ ဒေါ်ရှောက်ကိုင်ဖိန် နှင့် တင်ကိုကိုနိုင်တို့၏ တဲများအား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ မူးယစ်ဆေးဝါး သတင်းအရ ဖေဖော်ဝါရီလ(၁၆)ရက် နံနက်(၁၁)နာရီခွဲဝန်းကျင်က ဝင်ရောက်ရှာဖွေ ဖမ်းဆီးရမှာ အမျိုးသား/အမျိုးသမီးစုစုပေါင်း (၁၉)ဦး နှင့် မူးယစ်ဆေးဝါများကို ဖမ်းဆီးရမိတာဖြစ်ကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

ရှာဖွေသိမ်းဆည်းရမိသော မူးယစ်ဆေးဝါး စုစုပေါင်းမှာ (၂၃၇)ပြားဖြစ်ပြီး ကာလတန်ဖိုးငွေမှာ ကျပ်(၅၉၂၅၀၀)ခန့်ရှိကြောင်းနှင့် ကျပ်(၁၆)သိန်းခန့် တန်ဖိုးရှိ ဘိန်းဖြူ (ဝ.ဝဝ၁)ဂရမ် အပြင် အိုက်စ်အဖြူရောင် ပုံဆောင်ခဲ အလေးချိန်(ဝ.၈)ဂရမ်ခန့်တို့ ပါဝင်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသား(၁၇)ဦး နှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း (၁၉)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၃/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ ညနေ(၃)နာရီအချိန်က အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~