နမ့္ဆန္ စစ္ဗ်ဴဟာကုန္းႏွင့္ ရဲစခန္းအား တအာင္း(ပေလာင္)လက္နက္ကိုင္မွ လာေရာက္ ပစ္ခတ္

နမ့္ဆန္ စစ္ဗ်ဴဟာကုန္းႏွင့္ ရဲစခန္းအား တအာင္း(ပေလာင္)လက္နက္ကိုင္မွ လာေရာက္ ပစ္ခတ္
ဇန်နဝါရီ 23, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕ရွိ စစ္ဗ်ဴဟာကုန္းႏွင့္ ရဲစခန္းအား TNLA မွ ဇန္န၀ါရီလ(၂၂)ရက္ေန႔ ညပိုင္းတြင္ လက္နက္ႀကီးျဖင့္ ၀င္ေရာက္ပစ္ခတ္ရာ လူ(၄)ဦးဒဏ္ရာရရွိေၾကာင္း ေက်ာက္မဲခရိုင္ရဲ တပ္ဖြဲ႕မွဴးရံုးမွ သိရသည္။

"ၿမိဳ႕ထဲမွာ ဗံုးေပါက္တာေတာ့ မဟုတ္ဘူး ညပိုင္းမွာ TNLA အဖြဲ႕က ၿမိဳ႕ထဲ၀င္ပစ္သြားတာပါ၊ ထိခိုက္မႈေတာ့ (၄)ဦးရွိတယ္၊ အသက္အႏၱရာယ္စိုးရိမ္စရာေတာ့ မရွိပါဘူး"ဟု ေက်ာက္မဲ ခရိုင္ ရဲတပ္ဖြဲ႕မွဴးရံုး တာ၀န္မွဴးက ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕နယ္အတြင္း တအာင္းလက္နက္ကိုင္အဖြဲ႕ႏွင့္ ျမန္မာ့ တပ္မေတာ္တို႔ ဇန္န၀ါရီလ (၂၂)ရက္ေန႔ ညပိုင္းတြင္ ပစ္ခတ္မႈ ဆက္တိုက္ျဖစ္ပြားခဲ့ေၾကာင္း သိရၿပီး နမ့္ဆန္ၿမိဳ႕တြင္ ပစ္ခတ္မႈေၾကာင့္ ဓာတ္ႀကိဳးမ်ား ပ်က္ဆီးခဲ့ကာ လွ်ပ္စစ္မီး ျပတ္ေတာက္ခဲ့ေၾကာင္း သိရသည္။

"နမ့္ဆန္ၿမိဳ႕ထဲမွာျဖစ္တာ ညသန္းေခါင္ (၁၂)နာရီေလာက္မွာျဖစ္တာ အရပ္သား ကေလး(၂)ဦး၊ လူႀကီး(၂)ဦး ဒဏ္ရာရတာပါ၊ မစိုးရိမ္ရပါဘူး၊ ေလလွေက်းရြာနားမွာလည္း နံနက္(၃)နာရီပတ္၀န္းက်င္မွာ တိုက္ခိုက္မႈ ထပ္ျဖစ္တယ္ၾကားတယ္"ဟု နမ့္ဆန္ၿမိဳ႕ ေဒသခံတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၌ ဇန္န၀ါရီလအတြင္း တအာင္း(ပေလာင္)(PSLF/TNLA)လက္နက္ကိုင္အဖြဲ႕ႏွင့္ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးတပ္မေတာ္ (RCSS/SSA)တို႔ ဆက္တိုက္ ထိေတြ႕မႈျဖစ္ပြါးလွ်က္ရွိၿပီး၊ ဇန္န၀ါရီ(၂၂)ရက္ေန႔တြင္ နမ့္ဆန္ၿမိဳ႕ စစ္ဗ်ဴဟာကုန္းႏွင့္ ရဲစခန္းသို႔  တအာင္း(ပေလာင္)PSLF/TNLA တပ္ဖြဲ႕မွ လာေရာက္ပစ္ခတ္ျခင္းျဖစ္ေၾကာင္း ေက်ာက္မဲ ခရိုင္ရဲတပ္ဖြဲ႕မွဴးရံုးမွ သိရသည္။

ဓာတ္ပံု။  ။ Namhsan, (နမ့္ဆန္ၿမိဳ႕)
***********************

( unicode )

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ စစ်ဗျူဟာကုန်းနှင့် ရဲစခန်းအား TNLA မှ ဇန်နဝါရီလ(၂၂)ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်ရာ လူ(၄)ဦးဒဏ်ရာရရှိကြောင်း ကျောက်မဲခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

"မြို့ထဲမှာ ဗုံးပေါက်တာတော့ မဟုတ်ဘူး ညပိုင်းမှာ TNLA အဖွဲ့က မြို့ထဲဝင်ပစ်သွားတာပါ၊ ထိခိုက်မှုတော့ (၄)ဦးရှိတယ်၊ အသက်အန္တရာယ်စိုးရိမ်စရာတော့ မရှိပါဘူး"ဟု ကျောက်မဲ ခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်မှူးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်အတွင်း တအာင်းလက်နက်ကိုင်အဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့ ဇန်နဝါရီလ (၂၂)ရက်နေ့ ညပိုင်းတွင် ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရပြီး နမ့်ဆန်မြို့တွင် ပစ်ခတ်မှုကြောင့် ဓာတ်ကြိုးများ ပျက်ဆီးခဲ့ကာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း သိရသည်။

"နမ့်ဆန်မြို့ထဲမှာဖြစ်တာ ညသန်းခေါင် (၁၂)နာရီလောက်မှာဖြစ်တာ အရပ်သား ကလေး(၂)ဦး၊ လူကြီး(၂)ဦး ဒဏ်ရာရတာပါ၊ မစိုးရိမ်ရပါဘူး၊ လေလှကျေးရွာနားမှာလည်း နံနက်(၃)နာရီပတ်ဝန်းကျင်မှာ တိုက်ခိုက်မှု ထပ်ဖြစ်တယ်ကြားတယ်"ဟု နမ့်ဆန်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၌ ဇန်နဝါရီလအတွင်း တအာင်း(ပလောင်)(PSLF/TNLA)လက်နက်ကိုင်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးတပ်မတော် (RCSS/SSA)တို့ ဆက်တိုက် ထိတွေ့မှုဖြစ်ပွားလျှက်ရှိပြီး၊ ဇန်နဝါရီ(၂၂)ရက်နေ့တွင် နမ့်ဆန်မြို့ စစ်ဗျူဟာကုန်းနှင့် ရဲစခန်းသို့ တအာင်း(ပလောင်)PSLF/TNLA တပ်ဖွဲ့မှ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ကျောက်မဲ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဓာတ်ပုံ။ Namhsan, (နမ့်ဆန်မြို့)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~