ရွမ္း(အေရွ႕)တြင္ လြတ္ၿငိမ္းခ်မ္းသာျဖင့္ လြတ္ေျမာက္သူမရွိ

ရွမ္း(အေရွ႕)တြင္ လြတ္ၿငိမ္းခ်မ္းသာျဖင့္ လြတ္ေျမာက္သူမရွိ
ဇန်နဝါရီ 22, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသရွိ က်ိဳင္းတံု အက်ဥ္းေထာင္ႏွင့္ မိုင္းဆတ္အက်ဥ္းေထာင္တို႔မွ လြတ္ၿငိမ္းခ်မ္းသာခြင့္ႏွင့္ လြတ္ေျမာက္ေသာ အက်ဥ္းသားမရွိေၾကာင္း ေထာင္အာဏာပိုင္မ်ား ထံမွ သိရသည္။

"ကၽြန္ေတာ့္ အက်ဥ္းေထာင္မွာ ႏိုင္ငံေရးအက်ဥ္းသားလဲ မရွိပါဘူး၊ ႏိုင္ငံေရး အက်ဥ္းသားတင္မကဘူး တစ္ျခား ရာဇ၀တ္မႈ အက်ဥ္းသားေတာင္ လြြတ္/ၿငိမ္းနဲ႔ တစ္ေယာက္မွကို လြႊတ္တာမရွိပါဘူး.."ဟု က်ိဳင္းတံုၿမိဳ႕ ေထာင္အာဏာပိုင္ တစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ အက်ဥ္းေထာင္(၂)ခုရွိၿပီး က်ိဳင္းတံုၿမိဳ႕မွ အက်ဥ္းေထာင္၌ အက်ဥ္းသားဦးေရ (၁၀၀၀) ေက်ာ္ခန္႔ရွိၿပီး၊ မိုင္းဆတ္ အက်ဥ္းေထာင္တြင္ အက်ဥ္းသားဦးေရ ရာဂဏန္းခန္႔သာရွိေၾကာင္း သိရသည္။

ပထမအႀကိမ္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံအား ေအာင္ျမင္စြာ က်င္းပၿပီးစီးႏိုင္ခဲ့ျခင္းကို ဂုဏ္ျပဳေသာအားျဖင့္ ဇန္န၀ါရီလ(၂၂)ရက္ေန႔တြင္ ဖြဲ႕စည္းပံု အေျခခံဥပေဒ ပုဒ္မ ၂၀၁၄၊ ပုဒ္မခြဲ(က)ျဖင့္ တစ္ႏိုင္ငံလံုးရွိ အက်ဥ္းေထာင္ အသီးသီး၌ ျပစ္ဒဏ္က်ခံ ေနေသာ ျမန္မာႏိုင္ငံသား အက်ဥ္းသား(၁၀၁)ဦးႏွင့္ ႏိုင္ငံျခားသား အက်ဥ္းသား(၁)ဦး စုစုေပါင္း အက်ဥ္းသား(၁၀၂)ဦးတို႔အား ျပစ္ဒဏ္အေပၚ စည္းကမ္းသတ္မွတ္ခ်က္မ်ားျဖင့္ လြတ္ၿငိမ္းသက္သာခြင့္ျပဳခဲ့ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနမွ သတင္းရရွိသည္။
.......................

( unicode )

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ ကျိုင်းတုံ အကျဉ်းထောင်နှင့် မိုင်းဆတ်အကျဉ်းထောင်တို့မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်သော အကျဉ်းသားမရှိကြောင်း ထောင်အာဏာပိုင်များ ထံမှ သိရသည်။

"ကျွန်တော့် အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားလဲ မရှိပါဘူး၊ နိုင်ငံရေး အကျဉ်းသားတင်မကဘူး တစ်ခြား ရာဇဝတ်မှု အကျဉ်းသားတောင် လွတ်/ငြိမ်းနဲ့ တစ်ယောက်မှကို လွှတ်တာမရှိပါဘူး.."ဟု ကျိုင်းတုံမြို့ ထောင်အာဏာပိုင် တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အကျဉ်းထောင်(၂)ခုရှိပြီး ကျိုင်းတုံမြို့မှ အကျဉ်းထောင်၌ အကျဉ်းသားဦးရေ (၁၀၀၀) ကျော်ခန့်ရှိပြီး၊ မိုင်းဆတ် အကျဉ်းထောင်တွင် အကျဉ်းသားဦးရေ ရာဂဏန်းခန့်သာရှိကြောင်း သိရသည်။

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအား အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့် ဇန်နဝါရီလ(၂၂)ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၁၄၊ ပုဒ်မခွဲ(က)ဖြင့် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ်ကျခံ နေသော မြန်မာနိုင်ငံသား အကျဉ်းသား(၁၀၁)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား(၁)ဦး စုစုပေါင်း အကျဉ်းသား(၁၀၂)ဦးတို့အား ပြစ်ဒဏ်အပေါ် စည်းကမ်းသတ်မှတ်ချက်များဖြင့် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~