Miss Kyaing Tong 2016 အျဖစ္ ရႊန္းလဲ့အိမ္ ေရြးခ်ယ္ခံရ

Miss Kyaing Tong 2016 အျဖစ္ ရႊန္းလဲ့အိမ္ ေရြးခ်ယ္ခံရ
ဇန်နဝါရီ 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕တြင္ ဇန္န၀ါရီလ(၂၄)ရက္က က်င္းပသည့္ Miss Kyaing Tong 2016 ၿပိဳင္ပြဲ၌ အသက္ ၁၉ ႏွစ္အရြယ္ ရႊန္းလဲ့အိမ္ကို ေရြးခ်ယ္လိုက္ေၾကာင္း သိရသည္။

႐ွမ္းျပည္နယ္အေ႐ွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕ရိွ ၿမိဳ႕ေတာ္ခန္းမတြင္ Miss East Shan State Organization က ႀကီးမွဴးက်င္းပေသာ Miss Kyaing Tong 2016 ၿပိဳင္ပြဲကို ဇန္န၀ါရီလ ၂၄ ရက္က က်င္းပရာ ၿပိဳင္ပြဲဝင္ (၁၈)ဦးက တိုင္းရင္းသား႐ိုးရာ၀တ္စုံ၊ ညေနခင္း ပြဲတက္၀တ္စုံတို႔ုျဖင့္ ယွဥ္ၿပိဳင္ခဲ့ၾကျခင္း ျဖစ္သည္။

“ဒီဆုကို ရမယ္လို႔ မေမွ်ာ္မွန္းထားပါဘူး။ ဒါေပမဲ့ ခုလိုရရိွခဲ့တဲ့အတြက္ အရမ္း၀မ္းသာမိပါတယ္။ ေ႐ွ႕ဆက္ၿပီး ယွဥ္ၿပိဳင္သြားရမယ့္ Miss East Shan State ၿပိဳင္ပြဲႀကီးအတြက္လည္း အေကာင္းဆုံး ႀကိဳးစားသြားမွာပါ"ဟု Miss Kyaing Tong 2016 ပိုင္႐ွင္ ရႊန္းလဲ့အိမ္က ေျပာသည္။

Miss East Shan State 2016 ၿပိဳင္ပြဲအား ဆက္လက္ယွဥ္ၿပိဳင္ရမယ့္ Miss Kyaing Tong 2016 ကို ေရြးခ်ယ္လိုက္ျခင္းျဖစ္ၿပီး အဆိုပါၿပိဳင္ပြဲတြင္ 1st Runner Up ဆုႏွင့္ People Choice Awardကို နန္းေမြဟြမ္၊ 2nd Runner Up ဆုကို နန္းဇူလိုင္ထြန္းတို႔က ရရိွသြားျခင္းျဖစ္သည္။

Miss Kyaing Tong 2016 ၿပိဳင္ပြဲမွ ဇကာတင္ (၁၀)ဦးမွာ နန္းက်န္မြန္း၊ နန္းဇူလိုင္ထြန္း၊ နန္းေမြဟြမ္၊ သြန္းဆက္ေဟသီ၊ ပတ္ထရစ္႐ွာ၊ အက္စတာႏိုငိုက္လြန္း၊ ရႊန္းလဲ့အိမ္၊ စုစုဇာနည္သိန္း၊ Caralina၊ ၾကယ္စင္သာ တို႔ျဖစ္ၾကသည္။

အဆိုပါၿပိဳင္ပြဲမွ ေရြးခ်ယ္လိုက္သည့္ ဇကာတင္ ဆယ္ေယာက္ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္မွ ေရြးခ်ယ္လိုက္ေသာ ဇကာတင္ ဆယ္ေယာက္တို႔မွ က်ိဳင္းတုံၿမိဳ႕၌ မတ္လအတြင္း က်င္းပမည့္ Miss East Shan State ၿပိဳင္ပြဲတြင္ Miss East Shan State ကိုေရြးခ်ယ္ကာ Miss Golden Land ၿပိဳင္ပြဲအား ၀င္ေရာက္ ယွဥ္ၿပိဳင္ေစမည္ျဖစ္သည္။

ျပိဳင္ပြဲသို႔ ျပည္နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ခရုိင္အဆင့္ဌာနဆိုင္ရာမ်ား၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား ၊ဖိတ္ၾကားထားေသာဧည့္သည္ေတာ္မ်ား၊ ရွမ္းစာေပနွင့္ယဥ္ေက်းမႈအဖြဲ႕ဝင္မ်ား စုစုေပါင္း လူဦးေရ (၈၀)ခန္႔ တက္ေရာက္ခဲ့ၿပီး ပရိတ္သတ္မ်ားအား ဝင္ေၾကး က်ပ္ႏွစ္ေထာင္မွ က်ပ္ငါးေထာင္အထိ ဝင္ေၾကးလက္မွတ္မ်ားျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။   ။ ဖူးႏွင္းျဖဴ ၊ ဇြဲျမတ္
**********************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဇန်နဝါရီလ(၂၄)ရက်က ကျင်းပသည့် Miss Kyaing Tong 2016 ပြိုင်ပွဲ၌ အသက် ၁၉ နှစ်အရွယ် ရွှန်းလဲ့အိမ်ကို ရွေးချယ်လိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် Miss East Shan State Organization က ကြီးမှူးကျင်းပသော Miss Kyaing Tong 2016 ပြိုင်ပွဲကို ဇန်နဝါရီလ ၂၄ ရက်က ကျင်းပရာ ပြိုင်ပွဲဝင် (၁၈)ဦးက တိုင်းရင်းသားရိုးရာဝတ်စုံ၊ ညနေခင်း ပွဲတက်ဝတ်စုံတို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

“ဒီဆုကို ရမယ်လို့ မမျှော်မှန်းထားပါဘူး။ ဒါပေမဲ့ ခုလိုရရှိခဲ့တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ရှေ့ဆက်ပြီး ယှဉ်ပြိုင်သွားရမယ့် Miss East Shan State ပြိုင်ပွဲကြီးအတွက်လည်း အကောင်းဆုံး ကြိုးစားသွားမှာပါ"ဟု Miss Kyaing Tong 2016 ပိုင်ရှင် ရွှန်းလဲ့အိမ်က ပြောသည်။

Miss East Shan State 2016 ပြိုင်ပွဲအား ဆက်လက်ယှဉ်ပြိုင်ရမယ့် Miss Kyaing Tong 2016 ကို ရွေးချယ်လိုက်ခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် 1st Runner Up ဆုနှင့် People Choice Awardကို နန်းမွေဟွမ်၊ 2nd Runner Up ဆုကို နန်းဇူလိုင်ထွန်းတို့က ရရှိသွားခြင်းဖြစ်သည်။

Miss Kyaing Tong 2016 ပြိုင်ပွဲမှ ဇကာတင် (၁၀)ဦးမှာ နန်းကျန်မွန်း၊ နန်းဇူလိုင်ထွန်း၊ နန်းမွေဟွမ်၊ သွန်းဆက်ဟေသီ၊ ပတ်ထရစ်ရှာ၊ အက်စတာနိုငိုက်လွန်း၊ ရွှန်းလဲ့အိမ်၊ စုစုဇာနည်သိန်း၊ Caralina၊ ကြယ်စင်သာ တို့ဖြစ်ကြသည်။

အဆိုပါပြိုင်ပွဲမှ ရွေးချယ်လိုက်သည့် ဇကာတင် ဆယ်ယောက်နှင့် တာချီလိတ်မြို့နယ်မှ ရွေးချယ်လိုက်သော ဇကာတင် ဆယ်ယောက်တို့မှ ကျိုင်းတုံမြို့၌ မတ်လအတွင်း ကျင်းပမည့် Miss East Shan State ပြိုင်ပွဲတွင် Miss East Shan State ကိုရွေးချယ်ကာ Miss Golden Land ပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်စေမည်ဖြစ်သည်။

ပြိုင်ပွဲသို့ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ (၈၀)ခန့် တက်ရောက်ခဲ့ပြီး ပရိတ်သတ်များအား ဝင်ကြေး ကျပ်နှစ်ထောင်မှ ကျပ်ငါးထောင်အထိ ဝင်ကြေးလက်မှတ်များဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ဖူးနှင်းဖြူ၊ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~