တာခ်ီလိတ္ရဲတပ္ဖြဲ႔ လွည့္ကင္း ပတ္ရာမွ ငွက္ေပ်ာခိုင္ ခိုးလာသူႏွင့္တိုး

တာခ်ီလိတ္ရဲတပ္ဖြဲ႔ လွည့္ကင္း ပတ္ရာမွ ငွက္ေပ်ာခိုင္ ခိုးလာသူႏွင့္တိုး
ဇန်နဝါရီ 15, 2016
By Tachileik News Agency

တာခ်ီလိတ္ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕၀င္မ်ား ဇန္န၀ါရီ(၁၄)ရက္ေန႔ ညေနပိုင္းက လွည့္ကင္းေဆာင္ရြက္ေနစဥ္ ယခင္ ဆိုင္ကယ္ခိုးမႈႏွင့္ ေထာင္က်ဖူးသူတစ္ဦး ငွက္ေပ်ာခိုင္မ်ား သယ္လာသည္ကို ေတြ႕သျဖင့္ စစ္ေဆးရာမွ ခိုးယူလာေၾကာင္း ေပၚေပါက္သျဖင့္ အမႈဖြင့္လွစ္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

"လွည့္ကင္းေဆာင္ရြက္ေနတုန္း လြယ္အိတ္လြယ္ထားၿပီး ငွက္ေပ်ာခိုင္ေတြ ထမ္းလာတာေတြ႕လို႔ စစ္ေဆးတာ။ အရင္ကလည္း ဆိုင္ကယ္ခိုးမႈနဲ႔ ေထာင္က်ဖူးတယ္။ အခုအမႈဖြင့္ထားပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ဘုန္းႀကီးေက်ာင္းမွ ခိုးယူလာျခင္းျဖစ္ေၾကာင္း သိရၿပီး ယခင္ကလည္း ခိုးယူကာ ၀မ္ေကာင္းေစ်းအတြင္း ေရာင္းခ်ဖူးေၾကာင္း ထြက္ဆိုသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၆/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၈၀ ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

"မသကၤာလို႔ စစ္လိုက္တာ ခိုးလာတာေတြျဖစ္ေနတယ္။ လြယ္အိတ္ထဲမွာလည္း ဓါး(၂)ေခ်ာင္းေတာင္ပါတယ္။ သတိအေတာ္ ထားရတယ္.."ဟု တာခ်ီလိတ္ၿမိဳ႕မ စခန္းမွဴး ဒုရဲမွဴးေက်ာ္သန္းမွ ေျပာသည္။

ခုိုးမႈက်ဴးလြန္ၾကသူမ်ား ျပစ္ဒဏ္က်ခံၿပီး ျပန္လည္လြတ္ေျမာက္လာလွ်င္ ခိုးမႈျပန္လည္က်ဴးလြန္တတ္ၿပီး လြတ္ၿငိမ္းခ်မ္းသာႏွင့္ ျပန္လည္လြတ္ေျမာက္လာ တတ္သျဖင့္ ျပစ္ဒဏ္အား ခိုးမႈက်ဴးလြန္သူမ်ား ေၾကာက္လန္႔ျခင္း မရွိေတာ့ေၾကာင္း ရဲအရာရွိတစ္ဦးက သံုးသပ္ မွတ္ခ်က္ျပဳသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕တြင္ ျဖစ္ပြါးသည့္ ခိုးမႈအမ်ားစုမွာ ႏိုင္ငံေတာ္ လြတ္ၿငိမ္းျဖင့္ ျပန္လည္လြတ္ေျမာက္လာသူမ်ား က်ဴးလြန္ေလ့ရိွေၾကာင္း သိရသည္။

***********************

( unicode )

တာချီလိတ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ဇန်နဝါရီ(၁၄)ရက်နေ့ ညနေပိုင်းက လှည့်ကင်းဆောင်ရွက်နေစဉ် ယခင် ဆိုင်ကယ်ခိုးမှုနှင့် ထောင်ကျဖူးသူတစ်ဦး ငှက်ပျောခိုင်များ သယ်လာသည်ကို တွေ့သဖြင့် စစ်ဆေးရာမှ ခိုးယူလာကြောင်း ပေါ်ပေါက်သဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။

"လှည့်ကင်းဆောင်ရွက်နေတုန်း လွယ်အိတ်လွယ်ထားပြီး ငှက်ပျောခိုင်တွေ ထမ်းလာတာတွေ့လို့ စစ်ဆေးတာ။ အရင်ကလည်း ဆိုင်ကယ်ခိုးမှုနဲ့ ထောင်ကျဖူးတယ်။ အခုအမှုဖွင့်ထားပါတယ်"ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဘုန်းကြီးကျောင်းမှ ခိုးယူလာခြင်းဖြစ်ကြောင်း သိရပြီး ယခင်ကလည်း ခိုးယူကာ ဝမ်ကောင်းဈေးအတွင်း ရောင်းချဖူးကြောင်း ထွက်ဆိုသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၆/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

"မသင်္ကာလို့ စစ်လိုက်တာ ခိုးလာတာတွဖြေစ်နေတယ်။ လွယ်အိတ်ထဲမှာလည်း ဓား(၂)ချောင်းတောင်ပါတယ်။ သတိအတော် ထားရတယ်.."ဟု တာချီလိတ်မြို့မ စခန်းမှူး ဒုရဲမှူးကျော်သန်းမှ ပြောသည်။

ခိုးမှုကျူးလွန်ကြသူများ ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာလျှင် ခိုးမှုပြန်လည်ကျူးလွန်တတ်ပြီး လွတ်ငြိမ်းချမ်းသာနှင့် ပြန်လည်လွတ်မြောက်လာ တတ်သဖြင့် ပြစ်ဒဏ်အား ခိုးမှုကျူးလွန်သူများ ကြောက်လန့်ခြင်း မရှိတော့ကြောင်း ရဲအရာရှိတစ်ဦးက သုံးသပ် မှတ်ချက်ပြုသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ဖြစ်ပွားသည့် ခိုးမှုအများစုမှာ နိုင်ငံတော် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာသူများ ကျူးလွန်လေ့ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~