ရှမ်းပြည်နယ် အတွင်း စစ်ဘေးဒုက္ခသည်များ အတွက် ရှမ်းတိုင်းရင်းသား အနုပညာရှင်များနှင့် လူငယ်ကွန်ရက်တို့ လှုပ်ရှား

ရှမ်းပြည်နယ် အတွင်း စစ်ဘေးဒုက္ခသည်များ အတွက် ရှမ်းတိုင်းရင်းသား အနုပညာရှင်များနှင့် လူငယ်ကွန်ရက်တို့ လှုပ်ရှား
နိုဝင်ဘာ 19, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အတွင်း စစ်ဘေးဒုက္ခသည်များ အတွက် ရှမ်းတိုင်းရင်းသား အနုပညာရှင်များနှင့် ရှမ်းပြည်တောင်ပိုင်း လူငယ်ကွန်ရက်တို့ ပူးပေါင်းပြီး အလှူငွေများ ကောက်ခံကာ ပြည်တွင်းစစ် ရပ်တန့်ရေး လှုပ်ရှားမှုများကို ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

"အနုပညာရှင် အဖွဲ့က စစ်ဘေးဒုက္ခသည်တွေ အတွက် အလှူငွေ လိုက်ကောက်ပေးနေတာ၊ ကျွန်တော်တို့ ကတော့ ပြည်တွင်းစစ်ရပ်ဖို့ Campaign လိုက်လုပ်ပြီး အားဖြည့်တဲ့ သဘောပါ.."ဟု ရှမ်းပြည်နယ်တောင်ပိုင်း လူငယ်ကွန်ရက်မှ အဖွဲ့ခေါင်းဆောင် ကိုစိုင်းထွဋ်စိုးက ပြောသည်။

ရှမ်းပြည်နယ်အတွင်း စစ်ပွဲများ ရပ်စဲရေးနှင့် စစ်ဘေးဒုက္ခသည်များ လိုအပ်သော အကူအညီများ ရရှိအောင် ရှမ်းတိုင်းရင်းသား အဆိုတော်များဖြစ်သော စိုင်းအောင်ထီးခမ်း၊ အစိုင်း(Black Hole)နှင့် အခြား အဆိုတော်များ ပါဝင်ပြီး လှူပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

ပြည်တွင်းစစ် ရပ်တန့်ရေး လှုပ်ရှားမှုအား နိုဝင်ဘာလ (၁၇)ရက်မှ စတင်ပြုလုပ်ခဲ့ကာ တောင်ကြီးမှ မိုင်းရှူးအထိ လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် တေးသီချင်းများ သီဆို၍ အလှူငွေများ ကောက်ခံကာ စစ်ပွဲများ ရပ်တန့်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ။  ။ ရှမ်းပြည်နယ်တောင်ပိုင်းလူငယ်ကွန်ရက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~