တာချီလိတ် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင်း ရောင်းချသူများထက် ပေါင်နှံသူက များပြား

တာချီလိတ် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင်း ရောင်းချသူများထက် ပေါင်နှံသူက များပြား
အောက်တိုဘာ 11, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၏ လက်ရှိ အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်း အရောင်းအ၀ယ် အေးနေပြီး အိမ်ပေါင်နှံမှုများသာ အများဆုံးအလုပ်ဖြစ်လျက်ရှိကြောင်း တာချီလိတ်အိမ်ခြံမြေဈေးကွက်မှ သိရှိရသည်။



တာချီလိတ်မြို့ အိမ်၊ခြံ၊မြေဈေးကွက်မှာ ဒေသတွင်း တရားမ၀င် ငွေကြေးဈေးကွက်နှင့် ပတ်သက်မှု ရှိနေခြင်းကြောင့် နိုင်ငံတော်၏ မူးယစ်ဆေးဝါးမူဝါဒ တင်းကြပ်ပြီး နောက်ပိုင်း၌ ပျက်ယွင်းလာနေခြင်း ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ကြသည်။



တာချီလိတ်မြို့ အိမ်၊ ခြံ၊ မြေ အပေါင်အနှံ ဈေးကွက်အတွင်းသို့ ထိုင်းနိုင်ငံမှ ငွေကြေးရှင်များ ၀င်ရောက် ရင်းနှီးမြုပ်နှံမှုများရှိနေပြီး တိကျသေချာသော စာချုပ်စာတမ်းနှင့် မြေဂရံများအား အဓိကထားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဇော်ဂျီဖောင့်အား ဖတ်မရသူများအတွက် ယူနီကုတ်ဖြင့် ပြောင်းလဲပေးထားပါသည်။
( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၏ လက်ရှိ အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်း အရောင်းအဝယ် အေးနပြေီး အိမ်ပေါင်နှံမှုများသာ အများဆုံးအလုပ်ဖြစ်လျက်ရှိကြောင်း တာချီလိတ်အိမ်ခြံမြေဈေးကွက်မှ သိရှိရသည်။

မြို့တွင်းရပ်ကွက်များတွင် ဘတ်သိန်း(၃၀)တန် ပေါက်ဈေးရှိသည့် အိမ်တစ်လုံးလျှင် ဘတ်(၁၀)သိန်းကျော် ဝန်းကျင်ဖြင့် ပေါင်နှံမှု အများဆုံးဖြစ်ပြီး အကျိုးဆောင်များအနေနှင့် ပေါင်နှံမှု၏ (၃%)ကိုသာ အခကြေးငွေ ရရှိကြောင်း သိရသည်။

"ခု ဈေးကွက်ပါးတယ်လို့ပြောရမယ်။ မြို့ထဲပိုင်းရပ်ကွက်တွေက ဘတ်သိန်း(၂၀)ကျော်တဲ့ မြေကွက်တွေကျတော့ အရောင်း အဝယ်ထက် ပေါင်နှံတာများတယ်.."ဟု တာချီလိတ်မြို့ အိမ်၊ ခြံ၊ မြေအကျိုးဆောင် မသူသူက ပြောသည်။

တာချီလိတ်မြို့ အိမ်၊ခြံ၊မြေဈေးကွက်မှာ ဒေသတွင်း တရားမဝင် ငွေကြေးဈေးကွက်နှင့် ပတ်သက်မှု ရှိနခြေင်းကြောင့် နိုင်ငံတော်၏ မူးယစ်ဆေးဝါးမူဝါဒ တင်းကြပ်ပြီး နောက်ပိုင်း၌ ပျက်ယွင်းလာနခြေင်း ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ကြသည်။

"စီးပွားရေးက အရှုံးပြနေတာများတော့ နောက်ထပ် အရင်းအနှီးထပ်ထည့်ဖို့ အိမ်ပေါင်ရတာ၊ ရောင်းချဖို့ကလည်း နှမြောတယ်..."ဟု အိမ်ပေါင်နှံထားသူတစ်ဦးက ပြောသည်။

"အခုနောက်ပိုင်းက အိမ်၊ခြံ၊မြေ အရောင်းအဝယ်ဆိုရင် ဝယ်တဲ့လူက မရှိသလောက်ဖြစ်နေတော့ ပေါင်တဲ့လူတွေက များလာတယ်၊ ပေါင်ပြီးရင်လည်း မရွေးနိုင်တော့လို့ ငွေထပ်ပေးပါ၊ မရွေးတော့ဘူးဆိုပြီး အဲ့လိုလုပ်တဲ့လူတွေလည်း ရှိကြတယ်.."ဟု အိမ်၊ခြံ၊မြေ အပေါင်ခံသူ ဒေါ်နန်းနွန်းခေါင်က ပြောပြသည်။

တာချီလိတ်မြို့ အိမ်၊ ခြံ၊ မြေ အပေါင်အနှံ ဈေးကွက်အတွင်းသို့ ထိုင်းနိုင်ငံမှ ငွေကြေးရှင်များ ဝင်ရောက် ရင်းနှီးမြုပ်နှံမှုများရှိနပြေီး တိကျသေချာသော စာချုပ်စာတမ်းနှင့် မြေဂရံများအား အဓိကထားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~