ကျိုင်းလပ်မြို့ မြန်မာ - လာအို ချစ်ကြည်ရေး တံတားပေါ်ရှိ ဂိတ်တွင် လိုင်စင်ရှိ မော်တော်ဆိုင်ကယ် တစ်စီး ခိုးခံရ

ကျိုင်းလပ်မြို့ မြန်မာ - လာအို ချစ်ကြည်ရေး တံတားပေါ်ရှိ ဂိတ်တွင် လိုင်စင်ရှိ မော်တော်ဆိုင်ကယ် တစ်စီး ခိုးခံရ
သြဂုတ် 29, 2015
By Tachileik News Agency

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မြန်မာ - လာအို ချစ်ကြည်ရေးတံတား မြန်မာဘက်ရှိ တိုးဂိတ်အတွင်း၌ ၂၀၁၅ခုနှစ် သြဂုတ်လ(၂၇)ရက်နေ့ ညပိုင်းက မော်တော်ဆိုင်ကယ် တစ်စီးခိုးခံရမှု ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူ မမူမူဋ္ဌေးက "ဆိုင်ကယ်ကတော့ Wave i (2012)ပါ၊ အရောင်ကတော့ အနီအနက်နဲ့ ခဲရောင်လည်းနည်းနည်း ပါပါတယ်၊ လိုင်စင်ပါတဲ့ဆိုင်ကယ်ပါ၊ တံတားပေါ်က တိုးဂိတ်ထဲမှာပဲ ရပ်ထားတာ၊ အခြားဆိုင်ကယ်တွေနဲ့ ရောရပ်ထားတာ၊ ကျွန်မဆိုင်ကယ်မှ ရွေးပြီး ပျောက်သွားတာပါ၊ ည(၁၂)နာရီခွဲကျော်အထိ ဆိုင်ကယ်က ရှိသေးတယ်.."ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

ခိုးခံလိုက်ရသည့် မော်တော်ဆိုင်ကယ်မှာ ယာဉ်အမှတ် ၄၁ယ/၅၆၁၉၇ဖြင့် လိုင်စင်ပါသည့် ဆိုင်ကယ်ဖြစ်ပြီး၊ ဆိုင်ကယ်ခိုးခံရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြားထားကြောင်းနှင့် ဆိုင်ကယ်နှင့် ပတ်သက်၍ တွေ့ရှိရသူများ အနေဖြင့်လည်း ဖုန်းနံပါတ် ( ၀၉၂၅၃၅၀၈၃၈၁ - မမူမူဋ္ဌေး )သို့ ဆက်သွယ်ကာ အသိပေးနိုင်ကြောင်း ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူ မမူမူဋ္ဌေး အသိပေးပြောကြားလာသည်။

တာချီလိတ်မြို့နယ်အတွင်း၌ မော်တော်ဆိုင်ကယ် ခိုးခံရမှုများရှိခဲ့ရာတွင် ခိုးခံရသည့် မော်တော်ဆိုင်ကယ်များမှာ လိုင်စင်မဲ့ ဆိုင်ကယ်များဖြစ်သည့်အတွက် ရဲစခန်းသို့ တိုင်ကြားမှု နည်းပါးသော်လည်း လိုင်စင်ရှိ ဆိုင်ကယ်များနှင့် ပတ်သက်၍ ခိုးခံရပါက သက်ဆိုင်ရာ ရဲစခန်းများသို့ တိုင်ကြားထားမှုရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~