တာချီလိတ် Mobile Team နှင့် ပတ်သက်၍ တာလေဒေသခံ တစ်ဦးရင်ဖွင့်

တာချီလိတ် Mobile Team နှင့် ပတ်သက်၍ တာလေဒေသခံ တစ်ဦးရင်ဖွင့်
သြဂုတ် 20, 2015
By Tachileik News Agency

အခု စားသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်းသယ်ယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အကူအညီတောင်း လာတော့ ကျွန်တော်လည်း မယ်ယန်းဂိတ်မှာ သွားရောက်မေးမြန်းရတာပေါ့။

ပထမဆုံး နကသမှာ သွားမေးတော့ အကောက်ခွန်မှာ သွားမေးဆိုတော့ အကောက်ခွန် အခန်းထဲ ဝင်သွားပြီး အခွန်ဝယ်ချင်တယ်လို့ သွားပြောတာ ဒီမှာ ဝယ်လို့မရဘူး အခွန်ဆောင်ထားတဲ့ ကုမ္ပဏီ ဟိုနားက မိတ္တူဆိုင်မှာ သွားမေးတဲ့ ကျွန်တော်လည်း သွားမေးတော့ သူ့ဆီမှာက ခေါက်ဆွဲ နဲ့ ပဲနို့ရည် ပဲရှိတယ်တဲ့။ နောက်တယောက်ဆီ သွားမေးတော့ ကျွန်တော့်ဆီမှာ ဆပ်ပြာ နဲ့ စပွန်ဆာပဲရှိတယ်တဲ့။ ကျွန်တော်ကပြောတာပေါ့ ကုန်စုံဆိုင်ဆိုတော့ အစုံထည့်လို့ရတဲ့ အခွန်ရှိလားလို့ မေးတော့ မရှိဘူးတဲ့ ဒီပစ္စည်း အခွန်တွေဝယ်ပြီး ကျန်တဲ့ ပစ္စည်းနည်းနည်း ရောထည့်သွားပေါ့လို့ ပြောတယ်။

ဒါနဲ့ မြို့ထဲက အကောက်ခွန်ရုံးသွားပြီး စုံစမ်းကြည့်တော့ စားသောက်ကုန်ဆိုရင် အစားအသောက်ဆိုင်ရာဌာနက ထောက်ခံချက်လိုတယ်၊ သွင်းကုန်ထုတ်ကုန်အဖွဲ့ ဝင်ကဒ် ကုမ္ဗဏီစာရွက်စာတမ်း အထွေထွေအကုန် စုံပြီးရင် နေပြည်တော်မှာ သွားပြီးလျှောက်ရမယ်လို့ ပြောလိုက်တယ်။

ကျွန်တော်လည်းပြောတာပေါ့ တနိုင်တပိုင် လုပ်ကိုင်နေတဲ့ လူအတွက်ရောဘယ်လို လုပ်မလဲပေါ့ ပါမစ်ရတဲ့ လူဆီမှာဝယ်တဲ့ ပါမစ်ကအစုံမှ မရှိသေးတာ။

ကျွန်တော်လည်းပြောလိုက်တယ် အခုကပြည်သူတွေကို
၁။ အခွန် ထည့်ခိုင်းချင်တာလား?
၂။ အခွန် လုပ်ထုံးလုပ်နည်းကို သိစေချင်တာလား?
၃။ ကုန်ဈေးနှုန်းကို တက်စေချင်တာလား?
ဘာကို ရည်ညွှန်းလည်းဆိုတာကို ပြည်သူတွေကို ရှင်းပြသင့်ပါတယ်။

အခွန်ထည့်ခိုင်းချင်ရင် ဒီထက်လွယ်တဲ့ နည်းနဲ့ အခွန်ဆောင်ခိုင်းလို့ မရဘူးလား
၂။ အချက်ကို သိစေချင်ရင် မိတ္တူစာစီပြီး ဂိတ်မှာဝေပေးပါလား။ အခု စီးပွားရေးလုပ်တဲ့လူက စာအကုန်ဖတ်တတ်ကြပါတယ်လို့ ပြောလိုက်တယ်။

၃။ ကုန်ဈေးနှုန်း တက်စေချင်ရင်တော့ အခုမလုပ်ပါနဲ့ဦးလို့ တောင်းပန်ချင်ပါတယ်။

ကျွန်တော်တို့ တာလေမြို့ကနေ ကျိုင်းလပ်မြို့အထိ ပြည်သူအများစုက လယ်စပါးအများစု စိုက်ပျိုးကြတော့ အခုဆန်စပါး ရောင်းခွင့် ပါမစ်ပိတ်ထားတယ်။ ဆန်စပါးဈေးနှုန်းကျတယ်။ ရာသီဥတု ဒဏ်ကြောင့်
စပါးပျက်စီးကုန်တယ်။ ကလေးကျောင်းသုံးစရိတ်က လိုနေတော့ စပါးကို အရှုံးခံပြီး ရောင်းရတယ်။

အခက်အခဲမျိုးစုံ ခံစားရတဲ့ အချိန်မှာ ကုန်ဈေးမတက်အောင် ဆောင်ရွက်ပေး စေချင်ပါတယ်။ နောက်ဆုံး ပြောချင်တာက တဖက်ထဲမကြည့်ပဲ အစိုးရ နဲ့ ပြည်သူ ကြား နားလည်မှုရှိပြီး စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ရအောင် ညှိနှိုးင်းရေးသားခြင်းဖြစ်ပါသည်။

( တာလေသားတစ်ဦး )
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~