ကျိုင်းလပ်ရေဘေး ထောက်ပံ့ပစ္စည်းများအား ၀မ်ပုံဆိပ်ကမ်းမှ ပို့ဆောင်ရ

ကျိုင်းလပ်ရေဘေး ထောက်ပံ့ပစ္စည်းများအား ၀မ်ပုံဆိပ်ကမ်းမှ ပို့ဆောင်ရ
သြဂုတ် 5, 2015
By Tachileik News Agency

သြဂုတ်လ(၄)ရက်နေ့က ဖြစ်ပွားခဲ့သော ကျိုင်းလပ်ရေဘေးနှင့် ပတ်သက်၍ သွားရောက် ထောက်ပံ့ရန် အတွက် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ရဲတပ်ဖွဲ့နှင့် လူမှုရေး အဖွဲ့အစည်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ထောက်ပံ့ပစ္စည်းများကို ၀မ်ပုံဆိပ်ကမ်းမှတဆင့် မဲခေါင်မြစ်အတိုင်း သွားရောက်ကာ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် တာချီလိတ်မြို့ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)စားသောက်ဆိုင်နှင့် သူရိယသင်္ကန်းတိုက်တို့တွင် တာချီလိတ်မြို့သူ၊ မြို့သားများမှ စုပေါင်းလှူဒါန်းထားသည့် ထောက်ပံ့ပစ္စည်းများဖြစ်ပြီး ယခုလို ထောက်ပံ့မှုသည် ပထမအကြိမ်ဖြစ်သည်။ 
ကျိုင်းလပ်မြို့ရှိ ကျေးရွာအုပ်စုများအတွင်း ရေကြီးရေလျှံမှုများကြောင့် လူနေအိမ်များမှာ ရေနှင့်အတူ မျောပါသွားခြင်းကြောင့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးအတွက် ခရိုင်/မြို့နယ် စီမံခွဲခန့်ခွဲမှုကော်မတီတို့နှင့် လူမှုရေးအသင်းအဖွဲ့များမှ သြဂုတ်လ(၄)ရက်နေ့က စတင်၍ သွားရောက်နေကြကြောင်း သိရပြီး ဆက်လက်၍လည်း ကျိုင်းတုံမြို့ရှိ လူမှုရေးအသင်းအဖွဲ့များမှလည်း လာရောက်ကာ ကူညီကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~