မီတာ အသုံးပြုခ မပေးသွင်းရသူများ ဒီဇင်ဘာလ(၁)ရက်နေ့ နောက်ဆုံးထား ပေးသွင်းရန် တာချီလိတ် မီးလင်းရေးမှ အသိပေး

မီတာ အသုံးပြုခ မပေးသွင်းရသူများ ဒီဇင်ဘာလ(၁)ရက်နေ့ နောက်ဆုံးထား ပေးသွင်းရန် တာချီလိတ် မီးလင်းရေးမှ အသိပေး
နိုဝင်ဘာ 27, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း (၂၄)နာရီ လျှပ်စစ်မီးလင်းရေးအတွက် မီးလင်းရေးကော်မတီ(တာချီလိတ်)မှ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးအား တဆင့်ဝယ်ယူကာ တာချီလိတ်မြို့ရှိ ပြည်သူများကို ပြန်လည်၍ ဖြန့်ဝေပေးလျှက်ရှိပြီး ထိုသို့ လျှပ်စစ်မီး ဖြန့်ဝေပေးမှုများနှင့် ပတ်သက်၍ သုံးစွဲသူများ အနေဖြင့် လစဉ် သုံးစွဲခ ပေးချေမှုများမှာ နှောင့်နှေးမှုများ ဖြစ်ပေါ်ပြီး သတ်မှတ်ရက်များထက် ကျော်လွန်မှ ပေးချေကြသည့်အတွက် ကော်မတီအနေဖြင့်  မီတာအသုံးပြုခ ပေါင်းချုပ်ကို တစ်ဖက်သို့ ပြန်လည် ပေးသွင်းရာမှာ အခက်အခဲဖြစ်သည့် အတွက် မီတာသုံးစွဲသူ ပြည်သူများအနေဖြင့် မီတာအသုံးပြုခများကို သတ်မှတ်ရက်အတွင်း လာရောက် ဆောင်စေလိုကြောင်းနှင့် ထိုသို့ သတ်မှတ်ရက်အတွင်း မဟုတ်ဘဲ နောက်ကျမှ လာရောက် ဆောင်သူများကို ဒဏ်ကြေးကောက်ခံခြင်း နှင့် မီးဖြတ်ခြင်းများကို ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

မီးလင်းရေးကော်မတီ(တာချီလိတ်)မှ လစဉ် မီးတာအသုံးပြုခ ပေးသွင်းရက်ကို သတ်မှတ်ရက်အဖြစ် လစဉ် (၂၅)ရက်နေ့ အထိသာ သတ်မှတ်ထားပြီး (၂၅)ရက်နေ့ ကျော်လွန်သွားပါက ဒဏ်ကြေးအဖြစ် (၂၀၀)ဘတ် သတ်မှတ်ကြောင်းနှင့် သတ်မှတ်ရက်အတွင်း မီတာအသုံးပြုခ ပေးသွင်းခြင်း မရှိသည့် အိမ်များကို မီးဖြတ်တောက် သွားမှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ် မီးလင်းရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက"သတ်မှတ်ရက်အတွင်း မီတာခ လာမဆောင်တဲ့ အိမ်တွေကို ဒဏ်ကြေးအဖြစ် ဘတ်(၂၀၀) ကောက်ပါတယ်၊ ဒီလို (၂၀၀)ဘတ် ကောက်တယ် ဆိုတာကလည်း တစ်ရက်နှုန်း တစ်လနှုန်းနဲ့ မဟုတ်ပါဘူး၊ မီတာအသုံးပြုခ လာမဆောင်မခြင်း (၂၀၀)ဘတ်ဘဲ ကောက်တာပါ.."ဟု တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

ယခု နိုဝင်ဘာလအတွင်း မီတာအသုံးပြုသူများ အနေဖြင့် သတ်မှတ်ရက်ဖြစ်သော နိုဝင်ဘာလ (၂၅)ရက်နေ့က အသုံးပြုခ လာရောက်ပေးသွင်းခြင်း မရှိသေးသည့် အတွက် ၁.၁၂.၂၀၁၄ ရက်နေ့ နောက်ဆုံးထား၍ မီးလင်းရေးရုံးသို့ လာရောက် ပေးသွင်းရမှာ ဖြစ်ကြောင်းသိရပြီး ယခုဖော်ပြပါ စာရင်းများသည် မီတာအသုံးပြုခ ပေးသွင်းခြင်း မရှိသေးသူများ၏ စာရင်းများဖြစ်ပြီး အဆိုပါ စာရွက်များကို သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင်လည်း ပြည်သူများ သိရှိရန်အတွက် ကပ်ထားရန် ဖြန့်ဝေထားပြီးပြီ ဖြစ်ကြောင်း သိရသည်။

သတင်း ။   ။ ကိုဇောင်း

( အမည်စာရင်းများကို အသေးစိတ်သိရှိလိုက ပုံကို နိပ်၍ ကြည့်နိုင်ပါသည်။ )

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~