တာချီလိတ်၌ ကျင်းပမည့် အာဆီယံမော်တော်ဆိုင်ကယ် ကလပ်များတွေ့ဆုံပွဲအတွက် ဆိုင်ခန်းနေရာများ ဦးရာလူစနစ်ဖြင့် ရောင်းချပေးနေပြီ

တာချီလိတ်၌ ကျင်းပမည့် အာဆီယံမော်တော်ဆိုင်ကယ် ကလပ်များတွေ့ဆုံပွဲအတွက် ဆိုင်ခန်းနေရာများ ဦးရာလူစနစ်ဖြင့် ရောင်းချပေးနေပြီ
အောက်တိုဘာ 26, 2014
By Tachileik News Agency
1st MYANMAR TACHIEIK BIKE WEEK အာဆီယံမော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲ၊ မိတ်ဆုံညစာစားပွဲနှင့် ဇော်ဝင်းထွဋ်၊ သျှီ၊ ကရာဘောင်း တေးဂီတအဖွဲ့များ၏ သီဆိုဖျော်ဖြေပွဲတွင် ဆိုင်ခန်းလာရောက် ဖွင့်လှစ်နိုင်ကြောင်းကြေငြာခြင်း

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၁၄)ရက် နှင့် (၁၅) ရက်နေ့များတွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်သော အာဆီယံမော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲ၊ မိတ်ဆုံညစာစားပွဲနှင့် ဇော်ဝင်းထွဋ်၊ သျှီ၊ ကရာဘောင်း တေးဂီတအဖွဲ့များ၏ သီဆိုဖျော်ဖြေပွဲတွင် ဆိုင်ခန်းများ လာရောက်ဖွင့်လှစ် ရောင်းချနိုင်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

( ပွဲခင်းအတွင်း ဆိုင်ခန်းနေရာများ ဖွဲ့စည်းထားပုံ )

ဆိုင်ခန်းများကို ဇုန်(၃)ဇုန် ခွဲခြားသတ်မှတ်ထားပြီး ဇုန်(A)တွင် အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ဇုန်(B)တွင် ဆိုင်ကယ်ပစ္စည်းများ၊ ဇုန်(R)တွင် စားသောက်ဆိုင်ခန်းများ ဟူ၍ခွဲခြားထားပါသည်။

ဇုန်(A)
ဇုန်(A)တွင် 3mx5m ဆိုင်ခန်းပေါင်း (၁၄)ခန်းသာ ရှိမည်ဖြစ်ပြီး တိုင်းရင်းသားရိုးရာနှင့်ဒေသထွက် အမှတ်တရ ပစ္စည်းဆိုင်ခန်းများ၊ အ၀တ်အထည် ဆိုင်ခန်းများကို ရောင်းချခွင့်ပြုမည်ဖြစ်သည်။

ဇုန်(B)
ဇုန်(B)တွင် 3mx5m ဆိုင်ခန်းပေါင်း (၂၀)ခန်းသာရှိမည်ဖြစ်ပြီး ဆိုင်ကယ်အလှဆင်ပစ္စည်းများ၊ ဆိုင်ကယ် အပိုပစ္စည်းများ၊ ဆိုင်ကယ်နှင့်ပတ်သတ်သော အရောင်းဆိုင်များ ရောင်းချခွင့်ပြုမည်ဖြစ်သည်။

ဇုန်(R)
ဇုန်(R)တွင် 2.4mx2.4m ဆိုင်ခန်းပေါင်း (၂၆)ခန်းသာရှိမည်ဖြစ်ပြီး စားသောက်ဆိုင်ခန်းများ ဖြစ်သည်။ ဆိုင်ခန်းများအတွက် မိုးကာတဲ၊ မီးရရှိရေးစသည်တို့ကို စီစဉ်ထားရှိပေးမှာဖြစ်ပြီး စားသောက်ဆိုင် တန်းရှေ့ကွင်းပြင်တွင် 1mx1m ဘီယာစားပွဲနှင့် ထိုင်ခုံများကို ကွင်းအပြည့် ချထားပေးမည်ဖြစ်သည်။

မလေးရှားနှင့်အင်ဒိုနီးရှားမှလာသော ဧည့်သည်များသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသောကြောင့် သူတို့ဝယ်ယူစားသောက်နိုင်ရန် အစ္စလာမ်ဘာသာဝင်များ၏ စားသောက်ဆိုင်များလည်း လာရောက် ဖွင့်လှစ်ရောင်းချပေးပါရန် ဖိတ်ခေါ်ပါသည်။ အစ္စလာမ်ဘာသာဝင် ဆိုင်ခန်းများအတွက် ဇုန်(၁) ဇုန်သီးခြားနေရာ ချထားပေးမည်ဖြစ်သည်။

ယခုကျင်းပပြုလုပ်မည့်  အာဆီယံမော်တော်ဆိုင်ကယ် ကလပ်များတွေ့ဆုံပွဲတွင် နိုင်ငံခြားသားများစွာ လာရောက်ကြမည်ဖြစ်သည့်အတွက် မိမိတို့ ဒေသရှိ တိုင်းရင်းသားများ၏ အမှတ်တရပစ္စည်းများကို လာရောက် ရောင်းချရန်အတွက်လည်း ဆိုင်ခန်းနေရာများကို စီစဉ်ပေးသွားမည်ဖြစ်ပါသည်။

ဆိုင်ခန်းများကို အထက်ဖော်ပြပါ အရေအတွက် အတိုင်းသာ ရောင်းချပေးမည်ဖြစ်ပြီး ဦးရာလူစနစ် ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

ဆက်သွယ်ရန်
ထိုင်းဖုန်း-094-839-8980 မြန်မာဖုန်း-09-254-966-546
လိပ်စာ- EASTERN EAGLE MC CLUB HOUSE အမှတ်-53၊ သဇင်လမ်း၊ တာလော့ရပ်၊ တာချီလိတ်မြို့။ (မနက် 09း00 မှ ညနေ 5း00 နာရီအတွင်း) နီးစပ်ရာ EASTERN EAGLE အဖွဲ့ဝင်များထံတွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

သိသင့်သည့် ဆက်စပ်သတင်းများ
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~