ရေကြီးလွယ်သည့် တာချီလိတ်မြို့မှ တာလော့ဈေး

ရေကြီးလွယ်သည့် တာချီလိတ်မြို့မှ တာလော့ဈေး
ဇူလိုင် 27, 2014
By Tachileik News Agency
( ရေကြီးလွယ်သည့် တာချီလိတ်မြို့မှ တာလော့ဈေး။  ။ ကာတွန်း ညီဇောင်း )

ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်ပြီး ထိုင်း နှင့် မြန်မာ နှစ်နိုင်ငံအကြား နယ်စည်းအဖြစ် မယ်ဆိုင်ချောင်းမှ ခြားထားသည်ဖြစ်ရာ အဆိုပါ ချောင်းအတွင်း တာချီလိတ်မြို့ နှင့် မယ်ဆိုင်မြို့၌ မိုးကြီးစွာ ရွာသွန်းသည်ဖြစ်စေ၊ မရွာသည်ဖြစ်စေ တောင်ကျရေကြောင့် ရေကြီးရေလျှံမှုများ နှစ်စဉ်လိုလို ဖြစ်ပေါ်လေ့ရှိရာ ယနေ့ ဇူလိုင်လ(၂၇)ရက် မွန်းလွဲ (၁)နာရီဝန်းကျင်က မိုးမရွာသော်လည်း တောင်ကျရေများကြောင့် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် နှင့် တာလော့ဈေးသို့တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပါသည်။

နိုင်ငံခြားသား ခရီးသွား ဧည့်သည်များအနေဖြင့် တာချီလိတ်မြို့သို့ ရောက်ပြီဆိုပါက တရုတ်တန်းဈေးဖြစ်သည့် တာလော့ဈေးသို့ ၀င်ရောက်၍ ဈေးဝယ်လေ့ရှိရာ မိုးတွင်းကာလများတွင် တာလော့ဈေးအတွင်း၌ ရေများတက်လာသည်မှာ ပုံမှန်လိုလိုဖြစ်နေသည်ကို တာချီလိတ်အွန်လိုင်း၏ ကာတွန်းဆရာ "ညီဇောင်း"မှ ယခုလို ပုံဖော်ထားပါသည်။

-----------------------
မိုးမရွာပဲ တောင်ကျရေကြောင့် တာချီလိတ်၌ ရေကြီး
http://www.tachileik.net/2014/07/rain.html
-----------------------
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~