မယ်ယန်းဈေး မိုးရွာတိုင်း ရေ၀င်၍ ဈေးသူ ဈေးသားများ အခက်တွေ့

မယ်ယန်းဈေး မိုးရွာတိုင်း ရေ၀င်၍ ဈေးသူ ဈေးသားများ အခက်တွေ့
ဇူလိုင် 26, 2014
By Tachileik News Agency

မိုးရွာသည့် ကာလရောက်သည့် အခါတိုင်း၌ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာ၊ မယ်ယန်းဈေးအတွင်းတွင် ရေများဝင်ရောက်လာမှုတို့ကြောင့် ဈေးသူဈေးသားများ၊ ဈေးဝယ်သူများအတွက် အခက်အခဲဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

မယ်ယန်းကျေးရွာနေ ဒေသခံတစ်ဦးမှ "မယ်ယန်းဈေး မိုးရွာလျှင် ဈေးတွင်းရေကန်ထဲဈေးဝယ်ရသလိုဘဲ အထက်ကကြည့်ရှုပေးပါရန် ဈေးသူဈေးသားများ စောင့်မျှော်"စသည်ဖြင့် ပြောကြားလာကာ ပုံနှင့်တကွပေးပို့လာသည့်အတွက် ဖော်ပြလိုက်ပါသည်။

မိုးတွင်းအခါ အဆိုပါ ဈေးအတွင်း ရေများဝင်ရောက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ဈေးတာဝန်ရှိသူများနှင့် ရပ်ရွာတာဝန်ရှိသူများ အနေဖြင့် ပြုလုပ်ရန်လိုသည့်အတွက် တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဆောင်ရွက်နိုင်ရန် တာချီလိတ်အွန်လိုင်းမှ ဖော်ပြလိုက်ပါသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~