တာချီလိတ်မြို့တွင်း ယာဉ်ကျောပိတ်ဆို့မှု ကင်းစင်ရေး ပူးပေါင်းလိုက်နာပေး

တာချီလိတ်မြို့တွင်း ယာဉ်ကျောပိတ်ဆို့မှု ကင်းစင်ရေး ပူးပေါင်းလိုက်နာပေး
ဇူလိုင် 2, 2014
By Tachileik News Agency
(  ၂၀၁၄ခုနှစ် ဇူလိုင်လ(၂)ရက်နေ့ နံနက် (၉)နာရီခန့် မြင်ကွင်း )

တာချီလိတ်မြို့၏ တစ်ခုတည်းသော ဗိုလ်ချုပ်လမ်းမသည် ယာဉ်သွား ယာဉ်လာ ပိတ်ဆို့မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေလျှက်ရှိရာ ထိုကဲ့သို့ ယာဉ်ပိတ်ဆို့မှုများသည် သက်ဆိုင်ရာမှ စနစ်တကျ ရှင်းလင်းပေးရန်လိုသလို ယာဉ်ပိုင်ရှင်များမှလည်း မိမိတို့ အသိစိတ်များဖြင့် နိုင်ငံကြီးသားပီသစွာဖြင့် စည်းကမ်းလိုက်နာရန်လည်း အထူးလိုအပ်ပါကြောင်း ထင်သာမြင်သာ လိုက်နာစရာအဖြစ် တာချီလိတ်အွန်လိုင်းမှ ဖော်ပြလိုက်ရပါသည်။ ယခု မြင်တွေ့ရသော မြင်ကွင်းသည် ၂၀၁၄ခုနှစ် ဇူလိုင်လ(၂)ရက်နေ့ နံနက် (၉)နာရီခန့်ဖြစ်ပြီး တည်နေရာမှာ ဆန်ဆိုင်းဈေး အ၀င်၊ ထိုင်ဆွန်ရွှေဆိုင် အနီးဖြစ်ပါသည်။

သတင်း။ ။ ကိုဇောင်း
ဓါတ်ပုံ။ ။ ရုပ်သေးရုပ်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~