တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်အတွင်း၌ အန္တရာယ်ကျရောက်နိုင်မည့် ဓါတ်မီးတိုင်အား ပြုပြင်ရန်လို

တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်အတွင်း၌ အန္တရာယ်ကျရောက်နိုင်မည့် ဓါတ်မီးတိုင်အား ပြုပြင်ရန်လို
မေ 23, 2014
By Tachileik News Agency
တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ "စွမ်း"မိုတယ်လမ်းကြား၊ တော်ဝင်လမ်း နှင့် ကောင်းမြတ်သာ လမ်းကြားတွင် မိုးရာသီတွင် အန္တရာယ်ဖြစ်စေနိုင်သည့် လျှပ်စစ်ဓါတ်မီးတိုင် သွယ်တန်းထားသော ကိစ္စနှင့် ပတ်သက်၍ အဆိုပါ အနီးအနားရှိ ရပ်ကွက်သူ/သားများမှာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေလျှက်ရှိကြောင်း တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
အဆိုပါ ဓါတ်မီးတိုင်သည် ရေနှုတ်မြောင်းအတွင်း၌ မြေကိုတူး၍ စိုက်ထူထားတာဖြစ်ပြီး ပုံမှာတွေ့မြင်ရသည့်အတိုင်း တိမ်းစောင်းနေလျှက်ရှိတာကို တွေရပြီး မိုးရာသီကာလတွင် ရေနှုတ်မြောင်းအတွင်း ကျွံဝင်ပြီး လှဲကျနိုင်သည့် အတွက် ရပ်ကွက်အတွင်း သွားလာနေထိုင်သူများအတွက် အန္တရာယ်ရှိသည်ဖြစ်ရာ အဆိုပါ ကိစ္စအတွက် သက်ဆိုင်ရာမှ လာရောက်ပြုပြင်ပေးရန်အတွက်  ရပ်ကွက်သူ/သားများမှ တာချီလိတ်အွန်လိုင်းသို့ ပေးပို့လာသည့်အတွက် ဖော်ပြပေးလိုက်ပါသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~