နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်ခြင်း ခံရသော နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအား စည်ကားသိုက်မြိုက်စွာဖြင့် တာချီလိတ်လေဆိပ်၌ ကြိုဆိုပင့်ဆောင်မည်

နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်ခြင်း ခံရသော နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအား စည်ကားသိုက်မြိုက်စွာဖြင့် တာချီလိတ်လေဆိပ်၌ ကြိုဆိုပင့်ဆောင်မည်
မေ 3, 2014
By Tachileik News Agency
ယနေ့ ၂၀၁၄ခုနှစ် မေလ(၃)ရက် နံနက် (၉)နာရီအချိန်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သဘင်ဆောင်တွင် နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်ပွဲကို ကျင်းပပြုလုပ်ရာ တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"သည် တာချီလိတ် ရွှေတိဂုံစေတီတော်အား တည်ထားခြင်းအပြင် ဆေးရုံ၊ သုဿန်၊ စာသင်ကျောင်း၊ ရေမြောင်း၊ ရေကန်၊ စသည့် လူမှုအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူသည့်အတွက် နိုင်ငံတော်သမ္မတမှ ဂုဏ်ပြုမှတ်တမ်းလွှာအား ဆက်ကပ်လှူဒါန်းလာပါသည်။

ထိုသို့ ဂုဏ်ပြုလွှာ ဆက်ကပ်ပွဲပြီးသည့်နောက် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးသည် မေလ(၄)ရက်နေ့ နေ့လည်ပိုင်းတွင် မန္တလေးလေဆိပ်မှ တာချီလိတ်လေဆိပ်သို့ ပြန်လည်ကြွရောက်မှာ ဖြစ်သည့်အတွက် တာချီလိတ်မြို့ဂုဏ်ဆောင် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအား ဒေသခံများမှ စည်ကားသိုက်မြိုက်စွာဖြင့် ကြိုဆိုပင့်ဆောင်ကြမည်ဖြစ်ရာ လိုက်ပါကြိုဆိုပင့်ဆောင်လိုသူများ အနေဖြင့် မေလ(၄)ရက် နေ့လည် (၁၁း၃၀)နာရီအချိန်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်၌ စုကြမှာဖြစ်ပြီး တာချီလိတ်လေဆိပ်သို့ သွားရောက်၍ စောင့်မျှော် ကြိုဆိုပင့်ဆောင်ကြမှာ ဖြစ်ကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~