တာချီလိတ်မြို့ ၀န်ထမ်းကုန်း အတက်လမ်း ဆိုးရွားစွာ ပျက်စီးနေမှုကြောင့် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွား

တာချီလိတ်မြို့ ၀န်ထမ်းကုန်း အတက်လမ်း ဆိုးရွားစွာ ပျက်စီးနေမှုကြောင့် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွား
မတ် 26, 2014
By Tachileik News Agency

ယနေ့ မတ်လ (၂၆)ရက် မွန်းလွဲ (၂)နာရီခွဲခန့်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် ၀န်ထမ်းကုန်း အတက်တွင် ဘိလပ်မြေအိတ်များ တင်ဆောင်လာသော ဒိုင်နာအမျိုးအစား မော်တော်ယာဉ်တစ်စီး ၀န်နှင့်အား မမျှကာ နောက်ပြန်လိမ့်ဆင်းခဲ့ကြောင်းသိရှိရသည်။

( ယနေ့ မတ်လ(၂၆)ရက်နေ့တွင် ဖြစ်ပွားမှု )

"ကားက အိမ်ဆောက်ပစ္စည်းရာင်းဝယ်ရေးဆိုင်တဆိုင်က ပစ္စည်းပို့တဲ့ ဒိုင်နာကားပါ ၊ ကားပေါ်မှာ ဘိလပ်မြေအိတ်တွေ အပြည့်အမောက်တင်လာတော့ ၀န်နဲ့အားမမျှသလို ဒီကုန်းအတက်က နဲနဲလည်း မတ်တယ်လေ ၊ အထူးသဖြင့်တော့ ကုန်းအတက်လည်းဖြစ်ပြန် လမ်းကလည်း ဆိုးဆိုးဝါးဝါး ပျက်စီးနေတာပါ၊ နောက်ပြီး ဒီနေရာက ရဲစခန်း ၊ တရားရုံး ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေလဲရှိ ၊ လူနေထူထပ်တဲ့ နေရာဖြစ်တော့ ယာဉ်အသုံးပြုမှုများပါတယ်။ ဒါပေမယ့် လမ်းက ဆိုးဆိုးရွားရွား ပျက်နေတာ (၂)နှစ် (၃)နှစ်ရှိနေပါပြီ။ ကုန်းအတက်လဲဖြစ်ပြန် လမ်းကလည်း ချိုင့်ခွက်တွေနဲ့ဆိုတော့ ဒီလိုအဖြစ်မျိုးက မကြာမကြာဖြစ်နေပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ အများပြည်သူ သွားလမ်းသာအောင်ကော မြို့အင်္ဂါရပ်နဲ့ညီအောင်ပါ ဒီလမ်းကို ပြုပြင်ပေးစေချင်ပါတယ်”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပြသည်။

( မတ်လ(၂၄)ရက်နေ့က ဖြစ်ပွားမှု )

အဆိုပါ ဒိုင်နာကားမှာ အရှိန်ဖြင့် နောက်ပြန်လိမ့်ဆင်းလာခဲ့သော်လည်း ယာဉ်မောင်း၏ သတိရှိမှု ၊ ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ရပ်ကွက်ပြည်သူများမှ ၀ိုင်းဝန်း ကူညီဆောင်ရွက်ပေးမှုတို့ကြောင့် အနီးဝန်းကျင်ရှိ နေအိမ်နှင့် လူများအား ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရပါသည်။

သတင်း။         ။ မောင်ယဉ်ကျေး
ဓါတ်ပုံ။          ။ ဒေါ်စိုးဥမ္မာ
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~