ရှမ်းစာသင်ကျောင်း ကျိုင်းတုံ၌ ဖွင့်လှစ်

ရှမ်းစာသင်ကျောင်း ကျိုင်းတုံ၌ ဖွင့်လှစ်
မတ် 29, 2014
By Tachileik News Agency

ရှမ်းတိုင်းရင်းသား မျိုးဆက်သစ်လူငယ်များအနေဖြင့် အနာဂတ်မှာ ဦးဆောင်နိုင်ရန်နှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကို ထိန်းသိမ်းစေရန်အပြင် ရှမ်းစာပေကို သိရှိ တတ်သိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့တွင် ရှမ်းအမျိုးသားကျောင်း ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းကို ၂၀၁၄ခုနှစ် မတ်လ (၂၄)ရက်နေ့က ဖွင့်လှစ်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရှမ်းတိုင်းရင်းသားများ၏ အနာဂတ်နှင့် ရည်မှန်းချက်တို့သည် ယနေ့ လူငယ်များအပေါ်တွင် မူတည်နေပြီး ယခုဖွင့်လှစ်လိုက်သော ရှမ်းအမျိုးသားကျောင်းသည် ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသား မျိုးဆက်များအတွက် အဓိက ရည်ရွယ်၍ အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေး မြှင့်တင်ပေးနိုင်ရန်အပြင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပြီး ရှမ်းစာပေကို တတ်မြောက်စေရန်အတွက် ဖွင့်လှစ်လိုက်တာဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသား မျိုးဆက်သစ်လူငယ်လေးများအား သင်ကြားပေးနေသော ရှမ်းစာပေသင်ကြားမှုကျောင်း အနေဖြင့် ရေရှည်တည်တံ့ သင်ကြားပေးနိုင်ရန်အတွက် စေတနာရှင်များအနေဖြင့် ပါဝင်ကူညီနိုင်ဖို့ကိုလည်း မျှော်လင့်ကြောင်း ရှမ်းစာပေသင်ကြားရေး အဖွဲ့ဝင်တစ်ဦး၏ facebook တွင် ရေးသားဖော်ပြထားတာကို တွေ့ရှိရသည်။

Photo: yawd muang sanloi
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~