ကျိုင်းတုံဟော်ထီးနန်း ပုံစံတူ တာချီလိတ်၌ ဆောက်လုပ်မည်

ကျိုင်းတုံဟော်ထီးနန်း ပုံစံတူ တာချီလိတ်၌ ဆောက်လုပ်မည်
မတ် 7, 2014
By Tachileik News Agency

ယခင် စစ်အစိုးရလက်ထက်က ဖြိုဖျက်ခံခဲ့ရသည့် ကျိုင်းတုံဟော်ထီးနန်း ( ဟော်လုံစ၀်ဖ )၏ ပုံစံတူ အဆောက်အဦကို  ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအပိုင် မြေကွက်တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ရှမ်းတိုင်းရင်းသားများ အနေဖြင့် အမှတ်ရနေစေရန် ရည်ရွယ်၍ ယနေ့ မတ်လ(၇)ရက် နေ့လည် (၁၁)နာရီအချိန်က စတင်ဆောက်လုပ်ခြင်း အုတ်မြစ်ချ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

{ ဆောက်လုပ်မည့် ပုံစံ }

ရှမ်းတိုင်းရင်းသားများ၏ အထွတ်အမြတ်ထားရာ နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တစ်ခုလုံး၏ သမိုင်းအမွေအနှစ်ဖြစ်ပြီး အိန်္ဒိယနိုင်ငံမှ ဗိသုကာ အင်ဂျင်နီယာများ ခေါ်ဆောင်ကာ ၁၉၀၅ ခုနှစ်ဝန်းကျင်က ဆောက်လုပ်ခဲ့သော အဆိုပါ ဟော်နန်းကြီးကို  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ၁၉၉၁ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့က ဖြိုခွဲ ဖျက်ဆီးခဲ့သည့်အတွက် ကြီးမားသော သမိုင်းအမွေအနစ်တစ်ခု ဆုံးရှုံးခံလိုက်ရသည်ဖြစ်ရာ ရှမ်းသားရင်းသားများ အနေဖြင့် အမှတ်ရနေစေရန်အတွက် တာချီလိတ်မြို့တွင် အဆိုပါ အဆောက်အဦအား ဆောက်လုပ်တာဖြစ်ကြောင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တဆင့် သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~