တာလေမြို့နယ်ခွဲ၏ (၃)ညတိုင်တိုင် တရားပွဲ အောင်မြင်စွာပြီးမြောက်

တာလေမြို့နယ်ခွဲ၏ (၃)ညတိုင်တိုင် တရားပွဲ အောင်မြင်စွာပြီးမြောက်
နိုဝင်ဘာ 20, 2012
By Tachileik News Agency

တာလေမြို့နယ်ခွဲရှိ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့၏ ပထမဆုံးအကြိမ်မြောက် တရားပွဲအား (၃)ညတိုင်တိုင် ကျင်းပလာခဲ့ရာ နိုဝင်ဘာ(၁၉)ရက်နေ့မှာ ပြီးမြောက်စေခဲ့ပါတယ်။

တရားပွဲ၏ ပထမညတွင် တရားနာပရိသတ် (၇၀၀)ခန့်၊ ဒုတိယညတွင် တရားနာ ပရိသတ်ဦးရေ(၉၀၀)ကျော် နှင့် တတိယ နောက်ဆုံးညတွင် တရားနာပရိသတ် (၁၄၀၀)ခန့် လာရောက် တရားနာလာကြတာကို တွေ့မြင်ခဲ့ရပါတယ်။

တာလေမြို့၌ ယခုကဲ့သို့ ခမ်းခမ်းနားနား တရားပွဲမျိုး မလုပ်ခဲ့ဖူးသည့်အပြင် တရားပွဲများပြုလုပ်လေ့မရှိသည့်အတွက် ဗုဒ္ဓဘာသာနွယ်ဝင်များဟာ ယခုလိုတရားပွဲမျိုးကို တောင်းတနေသည်မှာ တရားပွဲ၌ လုပ်အားပေးသူများကိုကြည့်ခြင်းဖြင့်သော်လည်းကောင်း တရားနာပရိသတ်များကို ကြည့်ခြင်းဖြင့်သော်လည်းကောင်း သိရှိနိုင်မှာဖြစ်ပါတယ်။

အဆိုပါတရားပွဲသို့ တရားနာလာကြသော တရားနာပရိသတ်များကို တာလေမြို့နယ်ခွဲရှိ စေတနာရှင် လူငယ် မောင်မယ်များမှ ခေါက်ဆွဲကြော်များ အအေးဗူးများ ရေများ ပေးဝေလှူဒါန်းကြသလို တာချီလိတ်လူငယ်များအဖွဲ့မှ အဖွဲ့ဝင်သူငယ်ချင်းများမှလည်း ကော်ဖီခွက်(၁၄၀၀)စာ ဖျော်၍ ဒါနပြုကြတာကို တွေ့ရပါတယ်။

{တာချီလိတ်လူငယ်များအဖွဲ့မှ ကော်ဖီလှူဒါန်း}

ထို့အပြင် ယခုမှ အစပြုလျှက်ရှိသည့် တာလေမြို့နယ်ခွဲရှိ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့သို့ တာချီလိတ်မြို့နေ  ဦးတင့်ဆွေ(  မဇ္ဈိမဟိုတယ် )မှ ဖျာအချပ်(၃၀) နှင့် ကျန်အလှူရှင်များမှ စုပေါင်း၍ ဖျာ(၄၅)ချပ် စုစုပေါင်း (၇၅)ချပ်လှူဒါန်းခဲ့ကြပါတယ်။

{တရားပွဲဖြစ်မြောက်ရေးအဖွဲ့}

တာလေဇာတိဖွားဖြစ်သော ညီအစ်ကိုမောင်နှမများအနေဖြင့်  အဆက်အသွယ်ပြတ်နေသော ဆွေမျိုးမိတ်ဆွေများအား ဆက်သွယ်လို၍ဖြစ်စေ လှူဒါန်းလိုသည်ဖြစ်စေ   တာလေမြို့နယ်ခွဲရှိ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ သော်လည်းကောင်း လောကပါလ ပရဟိတ သာရေး/နာရေးကူညီမှုအသင်းသို့ သော်လည်းကောင်း ဆက်သွယ် အကူအညီတောင်းခံ နိုင်ပါကြောင်း အဖွဲ့ဝင်တစ်ဦးမှ ပြောပါတယ်။

ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ-
( မြန်မာဖုန်းများသာ )
ဦးညိမ်းသောင် [ 094 580 34754 ]
ဦးစိုးမိုးစံ [ 094 282 12031 ]
ဦးမျိုးခိုင် [ 094 282 21436 ]

မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်