မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် Covid-19 တွေ့ရှိနေပြီး စုစုပေါင်း ကူးစက်ခံရသူ (၁,၁၀၉)ဦးအထိ ရှိလာ

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် Covid-19 တွေ့ရှိနေပြီး စုစုပေါင်း ကူးစက်ခံရသူ (၁,၁၀၉)ဦးအထိ ရှိလာ
နိုဝင်ဘာ 21, 2020
By Tachileik News Agency

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် Covid-19 တွေ့ရှိနေပြီး   စုစုပေါင်း ကူးစက်ခံရသူ (၁,၁၀၉)ဦးအထိ ရှိလာ

နိုဝင်ဘာလ(၂၀)ရက်နေ့က Covid-19 အတည်ပြုလူနာ (၃၁)ဦး ထပ်တိုး၍ မကွေးတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း (၂၅)မြို့နယ်စလုံးတွင် ပိုးတွေ့ရှိသည့် မြို့နယ်များဖြစ်သွားပြီဖြစ်ပြီး ကူးစက်ခံရသူ စုစုပေါင်း (၁,၁၀၉)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
“ (၃၁)ဦးထပ်တိုးတွေ့ရှိပါတယ်။ တိုင်းအတွင်း (၂၅)မြို့နယ်ရှိတဲ့အနက်က နောက်ဆုံးကျန်ရှိနေတဲ့ ဆောမြို့နယ်မှာလည်း (၃)ဦးတွေ့ရှိရလို့ တိုင်းအတွင်း (၂၅)မြို့နယ်စလုံးမှာ ပိုးတွေ့ရှိသွားပြီဖြစ်ပါတယ်” ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာ နမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက  တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ၏ နိုဝင်ဘာ(၂၀)ရက် ည ပိုင်း ထုတ်ပြန် ချက်အရ မကွေးတိုင်းအတွင်း COVID-19 အတည်ပြုလူနာ (၃၁)ဦး ထပ်တိုးတွေ့ရှိရပြီး ယင်းတို့အနက် ဆောမြို့နယ်မှ (၃)ဦိး ပါရှိသဖြင့် တိုင်းအတွင်း(၂၅)မြို့နယ်စလုံးတွင် ပိုးတွေ့ရှိသွားပြီဖြစ်ကြောင်း သိရ သည်။
ယနေ့ ပိုးတွေ့ရှိမှုမှာ ဆောမြို့နယ် (၃)ဦး၊ ကံမမြို့နယ် (၁)ဦး၊ ငဖဲမြို့နယ် (၂)ဦး၊ ဆိပ်ဖြူမြို့နယ် (၅)ဦး၊ အောင်လံမြို့နယ် (၁၁)ဦး၊ မကွေးမြို့နယ် (၆)ဦး၊ နတ်မောက်မြို့နယ် (၁)ဦး၊ မင်းဘူးမြို့နယ် (၁) ဦး၊ ပခုက္ကူမြို့နယ် (၁) ဦးတို့ဖြစ်ကြောင်း သိရပြီး ပိုးတွေ့လူနာများအနက် အောင်လံမှ(၁၀)ဦး နှင့် နတ်မောက်(၁)ဦးတို့ မှာ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသောကြောင့် အသွားအလာကန့်သတ်ထားသူများ ဖြစ်ကြကြောင်း သိရသည်။ 
မင်းဘူးမြို့မှ (၁) ဦးမှာ အနံ့ပျောက်စောင့်ကြည့်လူနာ (PUI) ဖြစ်ပြီး ဆိပ်ဖြူ (၁) ဦးနှင့် ပခုက္ကူ (၁) ဦးတို့မှာ ယာဉ်မောင်းများဖြစ်ကြကာ ကျန်သူများမှာ ရန်ကုန်ပြန် (Quarantine Centre )များမှဖြစ်ကြောင်း သိရပြီး မကွေးတိုင်းအတွင်း ပိုးတွေ့လူနာစုစုပေါင်း(၁,၁၀၉)ဦးအထိ ရှိလာကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~