တာချီလိတ်မြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲများကို COVID-19 စစ်ဆေး

တာချီလိတ်မြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲများကို COVID-19 စစ်ဆေး
အောက်တိုဘာ 12, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲများကို COVID-19 စစ်ဆေး 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင် (၇၄) ဦးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် test kit ဖြင့်စစ်ဆေးပေးရာ COVID-19 ရောဂါပိုး မတွေ့ရကြောင်း သိရသည်။
လတ်တလောတွင် တာချီလိတ်မြို့နယ်အနေဖြင့် မဲရုံတာဝန်ကျ အထူးရုံများကို စစ်ဆေးပြီးနောက် မဲရုံကျ ပညာရေး ဝန်ထမ်းများကို ဆက်လက်၍ Covid-19 စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
"မဲရုံမှာ တာဝန်ကျမယ့် ဆရာ၊ဆရာမတွေကို စစ်ဖို့အတွက်တော့ ဝန်ကြီးဌာနကို တင်ပြထားတယ်။ ဘယ်တော့စစ်မယ်ဆိုတာ ဒီနေ့အစည်းအဝေးပြီးရင် အတည်ပြုနိုင်မယ်ထင်တယ်"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံ (၁) ရုံတွင် အထူးရဲတပ်ဖွဲ့ဝင် (၁) ဦးနှုန်းဖြင့် တာဝန်ပေးအပ်ရန် ခန့်အပ်ထားခြင်းဖြစ်ပြီး တာချီလိတ်မြို့နယ်အတွက် အထူးရဲတပ်ဖွဲ့ဝင် (၇၄) ဦးကို ခန့်အပ်ထားခြင်းဖြစ်သည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလတွင်မဲရုံ တစ်ရုံလျှင် တစ်ဦးနှုန်းဖြင့် တာဝန်ယူရန်အတွက် စုစုပေါင်း အထူးရဲတပ်ဖွဲ့ဝင် (၁၇၉) ဦးကို ခန့်အပ်ထားခြင်းဖြစ်သည်။
အဆိုပါ အထူးရဲတပ်ဖွဲ့များသည် ရွေးကောက်ပွဲကာလအတွင်းသာ တာဝန်ထမ်းဆောင်ရန် ခန့်အပ်ထားခြင်းဖြစ်ပြီး မဲရုံတစ်ရုံတွင် အထူးရဲ(၁)ဦး မဲရုံ၏ ကိုက်(၅၀၀)အတွင်းထားရှိ၍ ကျန်ရဲတပ်ဖွဲ့များက ကိုက်(၅၀၀)ပြင်ပမှ  လုံခြုံရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲက တာချီလိတ်ခရိုင်အတွင်း အထူးရဲ စုစုပေါင်း (၁၆၅)ဦးကိုလည်း ခန့်အပ်ထားရှိခဲ့ခြင်းဖြစ်ပြီး  ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲရုံအရေအတွက် တိုးလာ၍ အထူးရဲတပ်ဖွဲ့ဝင် (၁၇၉) ဦးအထိ တိုးမြှင့်ထားခြင်း ဖြစ်သည်။
  Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~