မိုင်းဆတ်မြို့တွင် မိုင်းတုံအတည်ပြုလူနာနှင့် ထိတွေ့သူ တစ်ဦးထံက Covid-19 ပိုးတွေ့

မိုင်းဆတ်မြို့တွင် မိုင်းတုံအတည်ပြုလူနာနှင့် ထိတွေ့သူ တစ်ဦးထံက Covid-19 ပိုးတွေ့
အောက်တိုဘာ 12, 2020
By Tachileik News Agency
မိုင်းဆတ်မြို့တွင် မိုင်းတုံအတည်ပြုလူနာနှင့် ထိတွေ့သူ တစ်ဦးထံက Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့မှ အတည်ပြုလူနာ ယာဉ်မောင်းနှင့် ထိတွေ့ခဲ့သည့် မိုင်းဆတ်မြို့မှ (၈)ဦးကို စစ်ဆေးရာ အမျိုးသား (၁)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် မိုင်းဆတ်ပြည်သူ့ဆေးရုံ၌ ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီး - မိုင်းတုံ ကုန်ပစ္စည်းသယ်လာသည့် ရှမ်းမင်းသားယာဉ်လိုင်းမှ မော်တော်ယာဉ်မောင်းအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့က မိုင်းတုံမြို့အဝင်တွင် RTD ဖြင့် စစ်ဆေးရာ COVID 19 ပိုးတွေ့ရသဖြင့် အဆိုပါယာဉ်မောင်း အောက်တိုဘာလ (၇)ရက်နေ့က သွားခဲ့သည့် မိုင်းဆတ်မြို့မှ ထိတွေ့သူ (၈)ဦးကို အသွားအလာကန့်သတ်၍ RTD ဖြင့်စစ်ဆေးရာမှ Positive (၁) ဦး ထပ်မံတွေ့ရခြင်းဖြစ်သည်။
"သူက (၇) ရက်နေ့က မိုင်းဆတ်က ကုန်စုံဆိုင်မှာ ကွမ်းရွက်သွားချပေးတယ်။ အဲဒီမှာ ကွမ်းခြင်းဝိုင်းသယ်ချပေးတဲ့တစ်ယောက် positive ဖြစ်သွားတာ။ မိုင်းဆတ်မှာက ထိတွေ့ (၈)ယောက်ရှိတာ။ အဲဒီ (၈)ယောက်ကို စစ်လိုက်တာမှာ (၁) ယောက် positive ဖြစ်တာပေါ့။ လောလောဆယ်တော့ အဲဒီတစ်ယောက်ရဲ့ contact (ထိတွေ့)ကို ကျွန်တော်တို့ ထပ်လိုက်နေတယ်"ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းတုံမြို့ရှိ အတည်ပြုလူနာနှင့် ထိတွေ့သူများကို ရှာဖွေ၍ COVID 19 စစ်ဆေးပေးနေရာ မိုင်းတုံမြို့မှ (၂၆)ဦးဝန်းကျင်နှင့် မိုင်းဆတ်မှ (၈)ဦး ကနဦးတွေ့ရှိ၍ RTD ဖြင့် စစ်ဆေးထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~