တာချီလိတ်သို့ ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့လွှဲပြောင်းလာသူ (၁၀၀) ကျော်တွင် မွန်နှင့် ကရင်ပြည်နယ်တို့မှ (၃၂)ဦး ပါဝင်

တာချီလိတ်သို့ ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့လွှဲပြောင်းလာသူ (၁၀၀) ကျော်တွင် မွန်နှင့် ကရင်ပြည်နယ်တို့မှ (၃၂)ဦး ပါဝင်
သြဂုတ် 14, 2020
By Tachileik News Agency
တာချီလိတ်သို့ ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့လွှဲပြောင်းလာသူ (၁၀၀) ကျော်တွင် မွန်နှင့် ကရင်ပြည်နယ်တို့မှ (၃၂)ဦး ပါဝင်

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သွားသည့် မြန်မာနိုင်ငံသား (၁၁၁)ဦးကို မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားမှတစ်ဆင့် တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့၌ လွှဲပြောင်းလာရာတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ (၃၂)ဦး ပါဝင်သည်။

ထိုင်းနိုင်ငံက ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသားကို နယ်စပ်မှတစ်ဆင့် ပြန်လွှဲရာတွင် နီးစပ်ရာ နယ်စပ်မြို့များသို့ ပြန်လွှဲခြင်းဖြစ်ရာ မွန်နှင့်ကရင်ပြည်နယ်မှ ပြစ်ဒဏ်စေ့များကို မြဝတီနယ်စပ်မှတစ်ဆင့် ပြန်လွှဲလေ့ရှိခြင်းဖြစ်သည်။

"သူတို့ကို မေးကြည့်တာတော့ မြဝတီ-မဲဆောက်ဘက်က လူဝင်များတော့ သူတို့အတွက်ဝင်ရောက်ဖို့ ခက်ခဲကြန့်ကြာတာပေါ့။ တာချီလိတ်ဘက်ကဝင်လို့ရတယ်ဆိုပြီး ဒီဘက်ကနေလာကြတာဖြစ်ပါတယ်။ လက်ရှိမှာ မိုးကုတ်ရိပ်သာမှာ Quarantine ထားရှိပြီးတော့ သက်ဆိုင်ရာနေရပ်တွေကိုပြန်ပို့မှာ။ သူတို့တွေကို နေရာတူရာ တူရာညှိပြီးတော့ သက်ဆိုင်ရာနဲ့ချိတ်ဆက်ပြီး မော်လမြိုင်တို့ သံဖြူဇရပ်တို့ထိ ညှိနှိုင်းလို့အဆင်ပြေရင်ပြေသလို ပို့ဆောင်သွားမှာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယနေ့လွှဲပြောင်းလာသူများတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)မှ (၃၈) ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၁) ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) (၂၇) ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၂) ဦး၊ မကွေးတိုင်းဒေသကြီးမှ (၂) ဦး၊ ကရင်ပြည်နယ်မှ (၆) ဦး၊ မွန်ပြည်နယ်မှ (၂၆) ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၃) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁) ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၃) ဦးနှင့် ကယားပြည်နယ်မှ (၁) ဦး ပါဝင်ခြင်းဖြစ်သည်။

အဆိုပါ (၁၁၁)ဦးကို COVID 19 ဓာတ်ခွဲစစ်ဆေးမှုအဖြေရသည်အထိ တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာ၌ quarantine ထားရှိမည်ဖြစ်ကာ ဓာတ်ခွဲအဖြေရပါက သက်ဆိုင်ရာဒေသများတွင် (၂၁)ရက် ပြည့်သည်အထိ quarantine ဆက်၍နေထိုင်ကြရမည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~