အီတလီနှင့်အိန္ဒိယနိုင်ငံတို့မှ ပြန်လာသူ (၂)ဦးတွင် Covid-19 ပိုးတွေ့ရ၍ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၂၀၃)ဦးအထိ ရှိလာ

အီတလီနှင့်အိန္ဒိယနိုင်ငံတို့မှ ပြန်လာသူ (၂)ဦးတွင် Covid-19 ပိုးတွေ့ရ၍ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၂၀၃)ဦးအထိ ရှိလာ
မေ 25, 2020
By Tachileik News Agency

အီတလီနှင့်အိန္ဒိယနိုင်ငံတို့မှ ပြန်လာသူ (၂)ဦးတွင် Covid-19 ပိုးတွေ့ရ၍ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၂၀၃)ဦးအထိ ရှိလာ

ဆေးသုတေသနဦးစီးဌာန နှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)တို့မှ မေလ(၂၅)ရက်နေ့တွင် ပထမအသုတ်အဖြစ် ဓါတ်ခွဲနမူနာ (၄၀၂)ခုကို စစ်ဆေးရာ ရန်ကုန် နှင့် နေပြည်တော်တို့မှ  Covid-19 ကူးစက်ခံရသူ (၂)ဦးကို စစ်ဆေးတွေရှိရကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်မှ အသက်(၃၉)နှစ်ရှိ အမျိုးသားသည် အီတလီနိုင်ငံက ပြန်လာသူဖြစ်ပြီး လှိုင်မြို့နယ်တွင် အသွားအလာကန့်သတ်ထားသူ(Quarantine) ဖြစ်ကြောင်းနှင့် နေပြည်တော် ပျဉ်းမနားမြို့နယ်မှ အသက်(၄၁)နှစ်ရှိ အမျိုးသမီးတစ်ဦးမှာ အိန္ဒိယနိုင်ငံက ပြန်လာသူဖြစ်ပြီး မြောက်ဒဂုံမြို့နယ်တွင် အသွားအလာကန့်သတ်ထားသူ(Quarantine) ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် မေလ(၂၅)ရက်နေ့ ည(၈)နာရီအထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၂၀၃)ဦးရှိနေရာ ကုသမှုခံယူပြီးနောက် ရောဂါပိုးကင်းစင်လာသူမှာ (၁၂၃)ဦးအထိ ရှိလာသော်လည်း သေဆုံးသူမှာ (၆)ဦးရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် မေလ(၂၅)ရက်နေ့  ည(၈)နာရီအချိန်အထိ ဓါတ်ခွဲစစ်ဆေးပြီးသည့် ဓါတ်ခွဲနမူနာ အရေအတွက်မှာ စုစုပေါင်း (၁၉,၉၅၄)ခုအထိ ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~