လွိုင်ကော်မြို့ပေါ်ရှိ ပြည်တွင်းပြည်ပ ခရီးသွားအများစု လာရောက်လေ့ရှိသော စားသောက်ဆိုင်ကြီးအချို့ ဆိုင်ပိတ်၍ ပါဆယ်နှင့် အိမ်အရောက်ပို့စနစ် ပြောင်းလဲကျင့်သုံး

လွိုင်ကော်မြို့ပေါ်ရှိ ပြည်တွင်းပြည်ပ ခရီးသွားအများစု လာရောက်လေ့ရှိသော စားသောက်ဆိုင်ကြီးအချို့ ဆိုင်ပိတ်၍ ပါဆယ်နှင့် အိမ်အရောက်ပို့စနစ် ပြောင်းလဲကျင့်သုံး
မတ် 26, 2020
By 🌸
လွိုင်ကော်မြို့ပေါ်ရှိ ပြည်တွင်းပြည်ပ ခရီးသွားအများစု လာရောက်လေ့ရှိသော စားသောက်ဆိုင်ကြီးအချို့ ဆိုင်ပိတ်၍ ပါဆယ်နှင့် အိမ်အရောက်ပို့စနစ် ပြောင်းလဲကျင့်သုံး

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် လွိုင်ကော်မြို့ပေါ်ရှိ ပြည်တွင်းပြည်ပ ခရီးသွားအများစုလာရောက်လေ့ရှိသော စားသောက်ဆိုင်ကြီးအချို့က ၂၀၂၀ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့မှစ၍ ယာယီပိတ်လိုက်ပြီး ပါဆယ်နှင့် အိမ်အရောက်ပို့ရောင်းချသည့်စနစ်ကို ပြောင်းလဲလိုက်ကြောင်းသိရသည်။

"ကျွန်တော်တို့ဆိုင်ကအဓိက လူဝင်လူထွက်များတယ်။ အခြားပြည်နယ်တိုင်းတွေက လာတဲ့သူတွေပိုများတယ်။ ကိုယ်က ရောဂါလက်ခံတဲ့သူတွေမဖြစ်စေချင်သလို ရောဂါဖြန့်တဲ့သူလည်းမဖြစ်ချင်ဘူး။ သူတို့ဆီကပါလာ မလား ဆိုတာလဲမပြောနိုင်သလို ကျွန်တော့်ဝန်ထမ်းတွေကို ကူးရင်လည်း သူတို့ကနေတစ်ဆင့် အားလုံးအပေါ် သက်ရောက်သွားမယ်။ လက်ဆေးတာတစ်ခုလောက်နဲ့တော့ မထိန်းချုပ်နိုင်ဘူးလို့ကျွန်တော်ထင်တယ်။ ဒါကြောင့်ဆိုင်ကိုပိတ်ပြီး ပါဆယ်ပဲနဲ့ Delivery ပဲလက်ခံဖို့ ဆုံးဖြတ်လိုက်တာ။ ဒီထက်ဆိုးလာရင်လည်း လုံးဝပိတ်လိုက်ဖို့ဆုံးဖြတ်ထားတယ်။ ခုဆိုဈေးဝယ်ရတာတွေလည်း နည်းနည်းခက်ခဲလာတယ် ကုန်ကြမ်းဝယ်ဖို့ဆိုလည်းခက်ခဲလာတဲ့အတွက် ပိတ်လိုက်ဖို့ဆုံးဖြတ်လိုက်တာပါ " 

ဟု ပြည်တွင်းပြည်ပခရီးသွားအများဆုံးလာရောက်တတ်သည့် IORA ရိုးရာစားသောက်ဆိုင်ပိုင်ရှင် ကိုစောဝီစတင်ဂျော့ ကပြောသည်။

သက်ဆိုင်ရာမှ စားသောက်ဆိုင်များအားပိတ်ထားရန် ညွှန်ကြားထားချက်များမရှိသေးသော်လည်း COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုအားကာကွယ်ထိန်းချုပ်နိုင်ရန် ဆိုင်ထိုင်စားခြင်းအား ရောင်ချခြင်းမပြုဘဲ ပါဆယ်ဆွဲခြင်း (Take away) နှင့် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးသည့် Home Delivery Service များဖြင့်သာ လက်ခံဆောင်ရွက်သွားရန် စားသောက်ဆိုင်ကြီးအချို့မှကြေညာထားသည်။

စားသောက်ဆိုင်ကြီးအချို့က ပိတ်လိုက်ပြီဖြစ်သော်လည်း အချို့စားသောက်ဆိုင်များက  COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် အခြေနေပေါ်မှုတည်ကာ ယာယီပိတ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~