မိမိကိုယ်ကိုသတ်သေခြင်းကြောင့် စက္ကန့် (၄၀)တိုင်းတွင် လူတစ်ဦးနှုန်း အသက်ဆုံးရှုံးနေရ

မိမိကိုယ်ကိုသတ်သေခြင်းကြောင့် စက္ကန့် (၄၀)တိုင်းတွင် လူတစ်ဦးနှုန်း အသက်ဆုံးရှုံးနေရ
အောက်တိုဘာ 11, 2019
By 🌸
ကမ္ဘာအဝှမ်းတွင် မိမိကိုယ်ကိုသတ်သေခြင်းဖြင့် စက္ကန့် (၄၀) တိုင်းတွင် လူ (၁) ဦးနှုန်း အသက်ဆုံးရှုံး နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပြီး အသက် (၁၅)နှစ်မှ (၂၉)နှစ်ကြား လူငယ်များမှာ ဒုတိယအများဆုံး အသက်ဆုံးရှုံးနေကြရသည်ဟု သိရသည်။

“စိတ်ကျန်းမာရေးဆိုတာကို ကာလရှည်ကြာ လှစ်လျူရှုထားခဲ့တာကနေ စိတ်ပူစရာဖြစ်လာတာပါပဲ”ဟု ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အထိမ်းအမှတ်အဖြစ် ပေးပို့သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ၏ ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

ကမ္ဘာတလွှား စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ သတိထားမိစေရန် ပညာပေးခြင်း၊ အသိပေးလှုံ့ဆော်မှုများ လုပ်ဆောင်ခြင်း၊ အကြံပေးခြင်းများ လုပ်ဆောင်ရန်အတွက် အောက်တိုဘာလ (၁၀)ရက်နေ့ကို ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အဖြစ် သတ်မှတ်လုပ်ဆောင်နေကြခြင်းဖြစ်သည်။

မိမိကိုယ်ကိုသတ်သေခြင်းကြောင့် နှစ်စဉ် လူူပေါင်း (၈၀၀,၀၀၀)သည် အသက်ဆုံးရှုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အစီရင်ခံစာများအရ တွေ့ရှိထားရသော်လည်း စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ ကျန်းမာရေးကဏ္ဍတွင် ဦးစားပေးလုပ်ဆောင်ရန် မူဝါဒချမှတ်ထားသည့်နိုင်ငံပေါင်း (၃၈)နိုင်ငံသာရှိသည်ဟု သိရသည်။

ဘေးဒုက္ခအန္တရာယ်ကြုံတွေ့ခဲ့ရသူများ၊ အကြမ်းဖက်တိုက်ခိုက်မှု၊ ထိပါးစော်ကားခံရမှုစသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများနှင့် မိမိကိုယ်ကို သတ်သေမှုနှုန်းမှာ ဆက်စပ်နေသည်ဟု မိမိကိုယ်ကို အဆုံးစီရင်မှုကာကွယ်ရေးဆိုင်ရာ လေ့လာမှုများအရ တွေ့ရှိထားသည်ဟု သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မိမိကိုယ္ကိုသတ္ေသျခင္းေၾကာင့္ စကၠန္႔ (၄၀)တုိင္းတြင္ လူတစ္ဦးႏႈန္း အသက္ဆံုးရံႈးေနရ
*************
ကမၻာအဝွမ္းတြင္ မိမိကိုယ္ကိုသတ္ေသျခင္းျဖင့္ စကၠန္႔ (၄၀) တိုင္းတြင္ လူ (၁) ဦးႏႈန္း အသက္ဆံုးရႈံုး ေနရေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႕က ထုတ္ျပန္ထားၿပီး အသက္ (၁၅)ႏွစ္မွ (၂၉)ႏွစ္ၾကား လူငယ္မ်ားမွာ ဒုတိယအမ်ားဆံုး အသက္ဆံုးရံႈးေနၾကရသည္ဟု သိရသည္။

“စိတ္က်န္းမာေရးဆိုတာကို ကာလရွည္ၾကာ လွစ္လ်ဴရႈထားခဲ့တာကေန စိတ္ပူစရာျဖစ္လာတာပါပဲ”ဟု ကမၻာ့စိတ္က်န္းမာေရးေန႔အထိမ္းအမွတ္အျဖစ္ ေပးပို႔သည့္ ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ၏ ဗီဒီယိုမိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားသြားသည္။

ကမၻာတလႊား စိတ္က်န္းမာေရးႏွင့္ပတ္သက္၍ သတိထားမိေစရန္ ပညာေပးျခင္း၊ အသိေပးလံႈ႕ေဆာ္မႈမ်ား လုပ္ေဆာင္ျခင္း၊ အႀကံေပးျခင္းမ်ား လုပ္ေဆာင္ရန္အတြက္ ေအာက္တုိဘာလ (၁၀)ရက္ေန႔ကို ကမၻာ့စိတ္က်န္းမာေရးေန႔အျဖစ္ သတ္မွတ္လုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။

မိမိကိုယ္ကိုသတ္ေသျခင္းေၾကာင့္ ႏွစ္စဥ္ လူူေပါင္း (၈၀၀,၀၀၀)သည္ အသက္ဆံုးရံႈးေနရသည္ဟု ကမၻာ့က်န္းမာေရးအဖြဲ႕က အစီရင္ခံစာမ်ားအရ ေတြ႔ရိွထားရေသာ္လည္း စိတ္က်န္းမာေရးႏွင့္ပတ္သက္၍ က်န္းမာေရးက႑တြင္ ဦးစားေပးလုပ္ေဆာင္ရန္ မူဝါဒခ်မွတ္ထားသည့္ႏုိင္ငံေပါင္း (၃၈)ႏုိင္ငံသာရိွသည္ဟု သိရသည္။

ေဘးဒုကၡအႏၱရာယ္ႀကံဳေတြ႕ခဲ့ရသူမ်ား၊ အၾကမ္းဖက္တုိက္ခုိက္မႈ၊ ထိပါးေစာ္ကားခံရမႈစသည့္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားရမႈမ်ားႏွင့္ မိမိကိုယ္ကို သတ္ေသမႈႏႈန္းမွာ ဆက္စပ္ေနသည္ဟု မိမိကိုယ္ကို အဆံုးစီရင္မႈကာကြယ္ေရးဆုိင္ရာ ေလ့လာမႈမ်ားအရ ေတြ႔ရိွထားသည္ဟု သိရသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net