မကွေးတိုင်းပြည်သူ့ဆေးရုံကြီးအား ကုတင်(၅၀၀)ဆံ့အဖြစ် အဆင့်မြှင့်တင်ရန် ငါးထပ်အဆောက်အဦ တည်ဆောက်နေမှု ရာနှုန်းပြည့်နီးပါး ပြီးစီး

မကွေးတိုင်းပြည်သူ့ဆေးရုံကြီးအား ကုတင်(၅၀၀)ဆံ့အဖြစ် အဆင့်မြှင့်တင်ရန် ငါးထပ်အဆောက်အဦ တည်ဆောက်နေမှု ရာနှုန်းပြည့်နီးပါး ပြီးစီး
အောက်တိုဘာ 27, 2019
By 🌸
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးအား ကုတင်(၅၀၀)ဆံ့အဖြစ် အဆင့်မြှင့်တင်ရန် ငါးထပ်အဆောက်အဦ တည်ဆောက်နေမှု ရာနှုန်းပြည့်နီးပါး ပြီးစီး 
*********
မကွေးမြို့တွင် ကုတင် (၂၀၀) ဆံ့ဆေးရုံအား ကုတင် (၅၀၀)ဆံ့အဖြစ် အဆင့်မြှင့်တည်ဆောက်နေသည့် ငါးထပ်ဆောင် အဆောက်အဦမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ရာနှုန်းပြည့် ပြီးစီးလုနီးပါးရှိနေပြီဖြစ်သည်။

 “ဓာတ်လှေကား (၄)စင်း တပ်ဆင်မှုလုပ်ငန်းက (၂) စင်း တပ်ဆင်ပြီးပါပြီ။ ကျန် (၂)စင်းက ၂၀၁၉-၂၀၂၀ ဘတ်ဂျက်နှစ်မှာ အပြီးတပ်ဆင်နိုင်မှာဖြစ်ပြီး Civil Work လုပ်ငန်းနဲ့ ဆေးသုတ်လုပ်ငန်းက ၁၀၀ ရာခိုင်နှုန်း၊ ရေနဲ့ လျှပ်စစ်မီးလုပ်ငန်းက (၉၀) ရာခိုင်နှုန်းကျော်ပြီးစီးနေပါပြီ။ 400 KVA ထရန်စဖော်မာ (၁) လုံးထိုင်ဖို့၊ ကွန်ကရစ်လမ်းနဲ့ ကားပါကင်တွေဆောက်လုပ်ဖို့ပဲ ကျန်ရှိပါတော့တယ်”ဟု ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေညီထပ်တွင် ပြင်ပလူနာဌာန၊ မှုခင်းဌာန၊ စိတ်ပညာဌာနနှင့် သွားဘက်ဆိုင်ရာဌာနများ၊ ပထမထပ်တွင် ဓါတ်ခွဲ(ရောဂါဗေဒဌာန၊ အနုဇီဝဗေဒဌာန)နှင့် ဘွဲ့လွန်ဆရာဝန်များအတွက် သင်ကြားရေးခန်းများ၊ ဆရာဝန်များ နှင့် သူနာပြု နားနေခန်းများ ၊ ဒုတိယထပ်မှစ၍ အပေါ်ဆုံးထပ်အထိ ဖျားနာဆောင် ၊ မွေးကင်းစ မဟုတ်သည့် ကလေးကုသဆောင် ၊ စိတ်ကျန်းမာရေးကုသဆောင်များ ထားရှိသွားမည်ဖြစ်ပြီး ဦးနှောက်နှင့် အာရုံကြော ၊ နှလုံး ကုသဆောင်များလည်း ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာက ကုတင် (၂၀၀)ဆန့်လို့ဆိုပေမဲ့ လူနာက တအားများနေလို့ ကုတင် (၅၀၀)တောင် မက လောက်ဘူး။ အခန်းတွေထဲမှာ ကြပ်ညပ်နေလို့ လူနာတစ်ချို့ဆို အခန်းအပြင်မှာပဲ နေရတာမျိုးတွေရှိတယ်။ ဒီ (၅)ထပ်ဆောင်ကြီးပြီးသွားရင်တော့ အခြေအနေကောင်းသွားမယ်လို့ မျှော်လင့်ရတာပဲ”ဟု လူနာရှင်တစ်ဦးက ပြောသည်။

ငါးထပ်ဆေးရုံသစ်ကြီး ဆောက်လုပ်ရန် ပြည်ထောင်စုဘတ်ဂျက်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်း (၄၀၀) ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သန်း (၇၀၀) ၊ ၂၀၁၈ ခုနှစ် မီနီ (၆လ) ဘတ်ဂျက်မှ ကျပ်သန်း (၁၃၀၀) ချထားပေးသည့်အပြင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှ ကျပ် (၆၂ ဒဿမ ၄)သန်း ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ #ဖီးနစ်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မေကြးတိုင္းျပည္သူ႔ေဆးရံုႀကီးအား ကုတင္(၅၀၀)ဆံ့အျဖစ္ အဆင့္ျမွင့္တင္ရန္ ငါးထပ္အေဆာက္အဦ တည္ေဆာက္ေနမႈ ရာႏွဳန္းျပည့္နီးပါး ၿပီးစီး 
*********

မေကြးၿမိဳ႕တြင္ ကုတင္ (၂၀၀) ဆံ့ေဆးရုံအား ကုတင္ (၅၀၀)ဆံ့အျဖစ္ အဆင့္ျမႇင့္တည္ေဆာက္ေနသည့္ ငါးထပ္ေဆာင္ အေဆာက္အဦမွာ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ရာႏႈန္းျပည့္ ၿပီးစီးလုနီးပါးရိွေနၿပီျဖစ္သည္။

 “ဓာတ္ေလွကား (၄)စင္း တပ္ဆင္မႈလုပ္ငန္းက (၂) စင္း တပ္ဆင္ၿပီးပါၿပီ။ က်န္ (၂)စင္းက ၂၀၁၉-၂၀၂၀ ဘတ္ဂ်က္ႏွစ္မွာ အၿပီးတပ္ဆင္ႏိုင္မွာျဖစ္ၿပီး Civil Work လုပ္ငန္းနဲ႔ ေဆးသုတ္လုပ္ငန္းက ၁၀၀ ရာခိုင္ႏွဳန္း၊ ေရနဲ႔ လွ်ပ္စစ္မီးလုပ္ငန္းက (၉၀) ရာခိုင္ႏွဳန္းေက်ာ္ၿပီးစီးေနပါၿပီ။ 400 KVA ထရန္စေဖာ္မာ (၁) လံုးထုိင္ဖို႔၊ ကြန္ကရစ္လမ္းနဲ႔ ကားပါကင္ေတြေဆာက္လုပ္ဖို႔ပဲ က်န္ရိွပါေတာ့တယ္”ဟု ေဆးရံုအုပ္ႀကီး ေဒါက္တာျမတ္စိုး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေျမညီထပ္တြင္ ျပင္ပလူနာဌာန၊ မႈခင္းဌာန၊ စိတ္ပညာဌာနႏွင့္ သြားဘက္ဆိုင္ရာဌာနမ်ား၊ ပထမထပ္တြင္ ဓါတ္ခြဲ(ေရာဂါေဗဒဌာန၊ အနုဇီဝေဗဒဌာန)ႏွင့္ ဘြဲ႔လြန္ဆရာ၀န္မ်ားအတြက္ သင္ၾကားေရးခန္းမ်ား၊ ဆရာဝန္မ်ား ႏွင့္ သူနာျပဳ နားေနခန္းမ်ား ၊ ဒုတိယထပ္မွစ၍ အေပၚဆံုးထပ္အထိ ဖ်ားနာေဆာင္ ၊ ေမြးကင္းစ မဟုတ္သည့္ ကေလးကုသေဆာင္ ၊ စိတ္က်န္းမာေရးကုသေဆာင္မ်ား ထား႐ွိသြားမည္ျဖစ္ၿပီး ဦးေႏွာက္ႏွင့္ အာ႐ံုေၾကာ ၊ ႏွလံုး ကုသေဆာင္မ်ားလည္း ထားရိွသြားမည္ျဖစ္ေၾကာင္း သိရသည္။

“လက္ရိွမွာက ကုတင္ (၂၀၀)ဆန္႔လို႔ဆိုေပမဲ့ လူနာက တအားမ်ားေနလို႔ ကုတင္ (၅၀၀)ေတာင္ မက ေလာက္ဘူး။ အခန္းေတြထဲမွာ ၾကပ္ညပ္ေနလို႔ လူနာတစ္ခ်ိဳ႕ဆို အခန္းအျပင္မွာပဲ ေနရတာမ်ိဳးေတြရိွတယ္။ ဒီ (၅)ထပ္ေဆာင္ႀကီးၿပီးသြားရင္ေတာ့ အေျခအေနေကာင္းသြားမယ္လို႔ ေမွ်ာ္လင့္ရတာပဲ”ဟု လူနာရွင္တစ္ဦးက ေျပာသည္။

ငါးထပ္ေဆး႐ံုသစ္ႀကီး ေဆာက္လုပ္ရန္ ျပည္ေထာင္စုဘတ္ဂ်က္မွ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ က်ပ္သန္း (၄၀၀) ၊ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ က်ပ္သန္း (၇၀၀) ၊ ၂၀၁၈ ခုႏွစ္ မီနီ (၆လ) ဘတ္ဂ်က္မွ က်ပ္သန္း (၁၃၀၀) ခ်ထားေပးသည့္အျပင္ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔ရန္ပံုေငြမွ က်ပ္ (၆၂ ဒႆမ ၄)သန္း ပံ့ပိုးေပးခဲ့ေၾကာင္း သိရသည္။

သတင္း၊ ဓာတ္ပံု #ဖီးနစ္ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net