တာချီလိတ်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ ထမ့်လွမ်ဂူကို နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ ဂူအတွင်းအထိ ဝင်ရောက်လည်ပတ်ခွင့်ပြုတော့မည်

တာချီလိတ်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ ထမ့်လွမ်ဂူကို နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ ဂူအတွင်းအထိ ဝင်ရောက်လည်ပတ်ခွင့်ပြုတော့မည်
အောက်တိုဘာ 28, 2019
By Tachileik News Agency
တာချီလိတ်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ ထမ့်လွမ်ဂူကို နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ 
ဂူအတွင်းအထိ ဝင်ရောက်လည်ပတ်ခွင့်ပြုတော့မည်

မြန်မာနိုင်ငံနှင့်နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူအတွင်း ကလေး(၁၃)ဦးကို ကယ်ဆယ်ရေး လုပ်ခဲ့သည့်ပစ္စည်းများ ရှင်းလင်းနေရာမှ အများပြည်သူလည်ပတ်ခွင့်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ ခွင့်ပြုပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။

ဂူအတွင်း ပိတ်မိသွားသည့် ကလေး (၁၃)ဦးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်းက နိုင်ငံတကာမှ ရေငုပ်ကျွမ်းကျင်သူများ အကူအညီဖြင့် ကယ်ထုတ်ခဲ့ရပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပြန်လည်သယ်ယူရှင်းလင်းနခြေင်းနှင့် လုံခြုံရေးအခြေအနေများကြောင့် ပိတ်ထားခဲ့ရာမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့တွင် စမ်းသပ်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဂူအတွင်း အများပြည်သူလည်ပတ်ခွင့် စမ်းသပ်ဖွင့်ပေးလိုက်သည့် အောက်တိုဘာလ (၂၆) ရက်နေ့တွင် (၂၅)ဦးမှ (၃၀) ဦးအထိပါဝင်သည့် အဖွဲ့ (၃) ဖွဲ့က ဝင်ရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။

စမ်းသပ်ဖွင့်လှစ်လိုက်သည့်ကာလအတွင်း ဝင်ရောက်လည်ပတ်သူများက ဂူအခန်းအမှတ် (၁)အတွင်း လည်ပတ်ခွင့်ကို စိတ်ဝင်စားကြသည်ကို တွေ့ရပြီး နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၄)နာရီခွဲအထိဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။

ထမ့်လွမ်ဂူအတွင်း ပိတ်မိသည့် ကလေး (၁၃)ဦးကို ကယ်ဆယ်ရေးလုပ်ပြီးနောက်ပိုင်းတွင် ထမ့်လွမ်အမျိုးသားဥယျာဉ်ကို ပြင်ဆင်မှုများစွာပြုလုပ်ထားရာ လာရောက်လည်ပတ်သူမှာ နေ့စဉ် (၁၀၀၀)ဦးမှ ပိတ်ရက်များတွင် လူဦးရေ (၃၀၀၀)အထိ လည်ပတ်ကြသည်ဟု သိရသည်။

အားလပ်ရက်ဖြစ်သည့် အောက်တိုဘာလ (၂၆)ရက်နေ့က ထမ့်လွမ်ဂူကိုလည်း စတင်စမ်းသပ် ဖွင့်လှစ်ပေးလိုက်ရာ လည်ပတ်သူဦးရေမှာ (၇၂၅၉)ဦးအထိ ရှိခဲ့သည်ဟု သိရသည်။

Tachileik News Agency
Source: Chiangraireport
Photo: อนุภาส ปฎิเสน


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္အနီး ထိုင္းႏိုင္ငံ မယ္ဆုိင္ရိွ ထမ့္လြမ္ဂူကို ႏိုဝင္ဘာလ (၁)ရက္ေန႔မွစ၍ 
ဂူအတြင္းအထိ ဝင္ေရာက္လည္ပတ္ခြင့္ျပဳေတာ့မည္

ျမန္မာႏိုင္ငံႏွင့္နယ္စပ္ျဖစ္သည့္ ထုိင္းႏုိင္ငံ၊ မယ္ဆုိင္ၿမိဳ႕ရိွ ထမ့္လြမ္ဂူအတြင္း ကေလး(၁၃)ဦးကို ကယ္ဆယ္ေရး လုပ္ခဲ့သည့္ပစၥည္းမ်ား ရွင္းလင္းေနရာမွ အမ်ားျပည္သူလည္ပတ္ခြင့္ကို ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၁)ရက္ေန႔မွစ၍  ခြင့္ျပဳေပးသြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ဂူအတြင္း ပိတ္မိသြားသည့္ ကေလး (၁၃)ဦးကို ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လအတြင္းက ႏုိင္ငံတကာမွ ေရငုပ္ကၽြမ္းက်င္သူမ်ား အကူအညီျဖင့္ ကယ္ထုတ္ခဲ့ရၿပီးေနာက္ ကယ္ဆယ္ေရးလုပ္ငန္းသံုးပစၥည္းမ်ား ျပန္လည္သယ္ယူရွင္းလင္းေနျခင္းႏွင့္ လံုၿခံဳေရးအေျခအေနမ်ားေၾကာင့္ ပိတ္ထားခဲ့ရာမွ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၆)ရက္ေန႔တြင္ စမ္းသပ္ဖြင့္ေပးလုိက္ျခင္းျဖစ္သည္ဟု သိရသည္။

ဂူအတြင္း အမ်ားျပည္သူလည္ပတ္ခြင့္ စမ္းသပ္ဖြင့္ေပးလုိက္သည့္ ေအာက္တိုဘာလ (၂၆) ရက္ေန႔တြင္ (၂၅)ဦးမွ (၃၀) ဦးအထိပါဝင္သည့္ အဖြဲ႕ (၃) ဖြဲ႔က ဝင္ေရာက္လည္ပတ္ခဲ့သည္ဟု သိရသည္။

စမ္းသပ္ဖြင့္လွစ္လုိက္သည့္ကာလအတြင္း ဝင္ေရာက္လည္ပတ္သူမ်ားက ဂူအခန္းအမွတ္ (၁)အတြင္း လည္ပတ္ခြင့္ကို စိတ္ဝင္စားၾကသည္ကို ေတြ႔ရၿပီး ႏုိဝင္ဘာလ (၁)ရက္ေန႔မွစ၍ ေန႔စဥ္ နံနက္ (၉)နာရီမွ ညေန (၄)နာရီခြဲအထိဖြင့္လွစ္ေပးသြားမည္ဟု သိရသည္။

ထမ့္လြမ္ဂူအတြင္း ပိတ္မိသည့္ ကေလး (၁၃)ဦးကို ကယ္ဆယ္ေရးလုပ္ၿပီးေနာက္ပိုင္းတြင္ ထမ့္လြမ္အမ်ိဳးသားဥယ်ာဥ္ကို ျပင္ဆင္မႈမ်ားစြာျပဳလုပ္ထားရာ လာေရာက္လည္ပတ္သူမွာ ေန႔စဥ္ (၁၀၀၀)ဦးမွ ပိတ္ရက္မ်ားတြင္ လူဦးေရ (၃၀၀၀)အထိ လည္ပတ္ၾကသည္ဟု သိရသည္။

အားလပ္ရက္ျဖစ္သည့္ ေအာက္တိုဘာလ (၂၆)ရက္ေန႔က ထမ့္လြမ္ဂူကိုလည္း စတင္စမ္းသပ္ ဖြင့္လွစ္ေပးလုိက္ရာ လည္ပတ္သူဦးေရမွာ (၇၂၅၉)ဦးအထိ ရိွခဲ့သည္ဟု သိရသည္။

Tachileik News Agency
Source: Chiangraireport
Photo: อนุภาส ปฎิเสน

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net