တာချီလိတ်မြို့တွင်းမှ ထိုင်းဆက်သွယ်ရေးလိုင်း အသုံးပြုနေမှုအား နှစ်နိုင်ငံပူးတွဲစစ်ဆေးမှုရလဒ်များ ဆွေးနွေး

တာချီလိတ်မြို့တွင်းမှ ထိုင်းဆက်သွယ်ရေးလိုင်း အသုံးပြုနေမှုအား နှစ်နိုင်ငံပူးတွဲစစ်ဆေးမှုရလဒ်များ ဆွေးနွေး
အောက်တိုဘာ 8, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင်းမှ ထိုင်းနိုင်ငံ၏ ဆက်သွယ်ရေးလိုင်းများ သုံးစွဲနေမှုအား တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းကို နှစ်ရက်တာဆောင်ရွက်ပြီးနောက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့တွင် နှစ်ဖက်တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးကြသည်။

“သူတို့ပြထားတဲ့နေရာတွေကို လိုက်ပြီး တိုင်းတာတာတွေ လုပ်တယ်။ အခုတိုင်းတာမှုအတွင်းမှာတော့ သူတို့ ပြထားတဲ့နေရာတွေမှာတော့ မတွေ့ဘူး။ ဒါပေမဲ့ လှိုင်းနှုန်းအသေးလေးတွေတော့ တွေ့တယ်။ ဒါကလည်း သူတို့ဘက်ကလား ဒီဘက်ကလားဆိုတာ ပြန်စစ်ဆေးပြီး သူတို့ထပ်ပြီး ဆက်သွယ်လာပါမယ်” ဟု ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးတွင် မြန်မာဘက်အဖွဲ့မှ ဦးဆောင်သူဖြစ်သည့် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံကြား ဆက်သွယ်ရေး ရေဒီယိုလှိုင်းနှုန်းများ တစ်ဖက်နှင့်တစ်ဖက် အနှောင့်အယှက်ဖြစ်မှုများကို ဖြေရှင်းရေးအတွက် Joint Technical Team ဖြင့် နှစ်နိုင်ငံ အလှည့်ကျအစည်းအဝေးများ ကျင်းပကာ ဖြေရှင်းဆောင်ရွက်နကြခြေင်းဖြစ်သည်ဟု သိရသည်။

"အိမ်နီးချင်းနိုင်ငံတွေမှာ ဟိုဘက်ရေဒီယိုလှိုင်းနှုန်းက ဒီဘက်ရောက်၊ ဒီဘက်ရေဒီလိုလှိုင်းနှုန်းက ဟိုဘက်ရောက်၊ ဒီပြဿနာက တစ်ကမ္ဘာလုံးမှာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့နဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကြားမှာ ဒီကိစ္စတွေအတွက် Joint Technical Team ရှိပါတယ်။ ထိုင်းကတော့ သူ့အိမ်နီးချင်း နိုင်ငံတွေနဲ့ လုပ်နေတာကြာပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ မကြာသေးဘူးပေါ့။ နယ်စပ်တွေမှာ ရေဒီယိုလှိုင်းနှုန်း နှောင့်ယှက်ခံရမှုပြဿနာတွေကို ဖြေရှင်းဖို့ အစည်းအဝေးကို အလှည့်ကျ ကျင်းပကြပါတယ်။ အစည်းအဝေးက ရန်ကုန်မှာ တစ်ခါ။ ချင်းမိုင်မှာ တစ်ခါ။ နှစ်ခါလုပ်ပြီးသွားပြီ။ ချင်းမိုင်မှာ အစည်းအဝေးမလုပ်ခင်ကတည်းက ထိုင်းဘက်က ပြောလာတယ်။ သူတို့မှာ ရေဒီယိုလှိုင်းနှုန်း အနှောင့်အယှက်တွေရှိနေတယ်။ သူတို့တာဝါတိုင်တွေ ထိတဲ့အတွက် ရှင်းပေးဖို့ဆိုပြီးတော့ တောင်းဆိုလာတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ဘက်က ဖြေရှင်းပေးရတာပါ"ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံမှ ဆက်သွယ်ရေးတာဝါတိုင်များအား အနှောင့်အယှက်ပေးနေသည့် နေရာပေါင်း (၈)နေရာမှာ တာချီလိတ်မြို့ဘက်မှဖြစ်နေ၍ လာရောက်တိုင်းတာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်းမှနေ၍ ထိုင်းဆက်သွယ်ရေးလိုင်းကို ရယူအသုံးပြုသည့်အခြေအနေ တိုင်းတာခြင်းအား မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူ (၇) ဦး၊ ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူ (၇) ဦးတို့ ပါဝင်သည့်အဖွဲ့ဖြင့် ရေဒီယို လှိုင်းနှုန်း တိုင်းတာရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္ၿမိဳ႕တြင္းမွ ထုိင္းဆက္သြယ္ေရးလုိင္း အသံုးျပဳေနမႈအား ႏွစ္ႏုိင္ငံပူးတြဲစစ္ေဆးမႈရလဒ္မ်ား ေဆြးေႏြး

ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕တြင္းမွ ထုိင္းႏုိင္ငံ၏ ဆက္သြယ္ေရးလိုင္းမ်ား သံုးစြဲေနမႈအား တိုင္းတာစစ္ေဆးျခင္းလုပ္ငန္းကို  ႏွစ္ရက္တာေဆာင္ရြက္ၿပီးေနာက္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၈)ရက္ေန႔တြင္ ႏွစ္ဖက္တာဝန္ရိွသူမ်ား ညိႇႏိႈင္းေဆြးေႏြးၾကသည္။

“သူတုိ႔ျပထားတဲ့ေနရာေတြကို လုိက္ၿပီး တုိင္းတာတာေတြ လုပ္တယ္။ အခုတုိင္းတာမႈအတြင္းမွာေတာ့ သူတုိ႔ ျပထားတဲ့ေနရာေတြမွာေတာ့ မေတြ႕ဘူး။ ဒါေပမဲ့ လိႈင္းနႈန္းအေသးေလးေတြေတာ့ ေတြ႕တယ္။ ဒါကလည္း သူတုိ႔ဘက္ကလား ဒီဘက္ကလားဆိုတာ ျပန္စစ္ေဆးၿပီး သူတို႔ထပ္ၿပီး ဆက္သြယ္လာပါမယ္” ဟု ေရဒီယိုလိႈင္းႏႈန္းတုိင္းတာေရးတြင္ ျမန္မာဘက္အဖြဲ႕မွ ဦးေဆာင္သူျဖစ္သည့္ ဆက္သြယ္ေရး ညႊန္ၾကားမႈ ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးထြန္းထြန္းႏိုင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏွင့္ ထုိင္း ႏွစ္ႏုိင္ငံၾကား ဆက္သြယ္ေရး ေရဒီယိုလိႈင္းႏႈန္းမ်ား တစ္ဖက္ႏွင့္တစ္ဖက္ အေႏွာင့္အယွက္ျဖစ္မႈမ်ားကို ေျဖရွင္းေရးအတြက္ Joint Technical Team ျဖင့္ ႏွစ္ႏုိင္ငံ အလွည့္က်အစည္းအေဝးမ်ား က်င္းပကာ ေျဖရွင္းေဆာင္ရြက္ေနၾကျခင္းျဖစ္သည္ဟု သိရသည္။

"အိမ္နီးခ်င္းႏိုင္ငံေတြမွာ ဟိုဘက္ေရဒီယိုလိႈင္းႏႈန္းက ဒီဘက္ေရာက္၊ ဒီဘက္ေရဒီလိုလိႈင္းႏႈန္းက ဟိုဘက္ေရာက္၊ ဒီျပႆနာက တစ္ကမၻာလံုးမွာ ရိွပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔နဲ႔ အိမ္နီးခ်င္း ထုိင္းႏိုင္ငံၾကားမွာ ဒီကိစၥေတြအတြက္ Joint Technical Team ရိွပါတယ္။ ထိုင္းကေတာ့ သူ႔အိမ္နီးခ်င္း ႏိုင္ငံေတြနဲ႔ လုပ္ေနတာၾကာၿပီ။ ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံကေတာ့ မၾကာေသးဘူးေပါ့။ နယ္စပ္ေတြမွာ ေရဒီယိုလိႈင္းႏႈန္း ေႏွာင့္ယွက္ခံရမႈျပႆနာေတြကို ေျဖရွင္းဖို႔ အစည္းအေဝးကို အလွည့္က် က်င္းပၾကပါတယ္။ အစည္းအေဝးက ရန္ကုန္မွာ တစ္ခါ။ ခ်င္းမိုင္မွာ တစ္ခါ။ ႏွစ္ခါလုပ္ၿပီးသြားၿပီ။ ခ်င္းမိုင္မွာ အစည္းအေဝးမလုပ္ခင္ကတည္းက ထိုင္းဘက္က ေျပာလာတယ္။ သူတို႔မွာ ေရဒီယိုလိႈင္းႏႈန္း အေႏွာင့္အယွက္ေတြရိွေနတယ္။ သူတို႔တာဝါတိုင္ေတြ ထိတဲ့အတြက္ ရွင္းေပးဖို႔ဆိုၿပီးေတာ့ ေတာင္းဆိုလာတာေပါ့။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ဘက္က ေျဖရွင္းေပးရတာပါ"ဟု ဆက္သြယ္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးထြန္းထြန္းႏိုင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထုိင္းႏုိင္ငံမွ ဆက္သြယ္ေရးတာဝါတုိင္မ်ားအား အေႏွာင့္အယွက္ေပးေနသည့္ ေနရာေပါင္း (၈)ေနရာမွာ တာခ်ီလိတ္ၿမိဳ႕ဘက္မွျဖစ္ေန၍ လာေရာက္တုိင္းတာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္းမွေန၍ ထုိင္းဆက္သြယ္ေရးလုိင္းကို ရယူအသံုးျပဳသည့္အေျခအေန တုိင္းတာျခင္းအား ျမန္မာႏိုင္ငံဘက္မွ တာဝန္ရိွသူ (၇) ဦး၊ ထိုင္းႏိုင္ငံဘက္မွ တာဝန္ရိွသူ (၇) ဦးတို႔ ပါဝင္သည့္အဖြဲ႕ျဖင့္ ေရဒီယို လိႈင္းႏႈန္း တိုင္းတာေရးကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net