တာချီလိတ်မြို့ မယ်ခေါင်ဘုန်းတော်ကြီးကျောင်း ဝေဿန္တရာရွတ်ဖတ်ပူဇော်ပွဲ ရှမ်းတိုင်းရင်းသား(၁၁)မျိုး၏ ရိုးရာအကများဖြင့် လှည့်လည်

တာချီလိတ်မြို့ မယ်ခေါင်ဘုန်းတော်ကြီးကျောင်း ဝေဿန္တရာရွတ်ဖတ်ပူဇော်ပွဲ ရှမ်းတိုင်းရင်းသား(၁၁)မျိုး၏ ရိုးရာအကများဖြင့် လှည့်လည်
စက်တင်ဘာ 15, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ မယ်ခေါင်ဘုန်းတော်ကြီးကျောင်းတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့မှ စတင်ကျင်းပမည့် မဟာဝေဿန္တရာဇာတ်တော် ရွတ်ဖတ်ပူဇော်ပွဲအတွက် ရှမ်းတိုင်းရင်းသား (၁၁)မျိုး၏ ရိုးရာဝတ်စုံများ၊ အကများဖြင့် နံနက်ပိုင်းက လှည့်လည်ခဲ့ကြသည်။

"နောက်နှစ်တွေလည်း ရိုးရာလည်း မပျက်အောင် စည်စည်ကားကားဖြစ်ဖို့ ဆက်လုပ်သွားပါမယ်။ ဝေဿန္တရာပွဲဆိုတာကတော့ ဟိုးဘိုးဘွားခေတ်ကတည်းက လုပ်လာခဲ့ကြတာပေါ့။ အလှူပွဲဆိုတာလည်း ဟုတ်တယ်။ ရိုးရာမပျက်အောင် ထိန်းသိမ်းသွားရမှာပေါ့။ အခုကအဖွဲ့ (၆) ဖွဲ့ အက (၈) မျိုးရှိတယ်။ အခုလို အကတွေပါတာက မနှစ်ကမှပေါ့"ဟု မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။   

တာချီလိတ်မြို့တွင် ရပ်ကွက်အလိုက် ဘုန်းတော်ကြီးကျောင်းများ၌ မဟာဝေဿန္တရာရွတ်ဖတ်ပူဇော်ပွဲများကို အလှည့်ကျကျင်းပလေ့ရှိသော်လည်း မယ်ခေါင်ရပ်ကွက်က ရိုးရာအကများဖြင့် လှည့်လည်ခြင်းကိုပါ ထည့်သွင်း လုပ်ဆောင်ခြင်းဖြစ်သည်။

မယ်ခေါင်ဘုန်းတော်ကြီးကျောင်းတွင် မဟာဝေဿန္တရာဇာတ်တော်ကြီးရွတ်ဖတ်ပူဇော်ပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ဘုုန္းေတာ္ႀကီးေက်ာင္း ေဝႆႏၱရာရြတ္ဖတ္ပူေဇာ္ပြဲ ရွမ္းတိုင္းရင္းသား(၁၁)မ်ိဳး၏ ရိုးရာအကမ်ားျဖင့္ လွည့္လည္
***********
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ရိွ မယ္ေခါင္ဘုုန္းေတာ္ႀကီးေက်ာင္းတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၅)ရက္ေန႔မွ စတင္က်င္းပမည့္ မဟာေဝႆႏၱရာဇာတ္ေတာ္ ရြတ္ဖတ္ပူေဇာ္ပြဲအတြက္ ရွမ္းတုိင္းရင္းသား (၁၁)မ်ိဳး၏ ရိုးရာဝတ္စံုမ်ား၊ အကမ်ားျဖင့္ နံနက္ပိုင္းက လွည့္လည္ခဲ့ၾကသည္။

"ေနာက္ႏွစ္ေတြလည္း ရိုးရာလည္း မပ်က္ေအာင္ စည္စည္ကားကားျဖစ္ဖို႔ ဆက္လုပ္သြားပါမယ္။ ေ၀ႆႏၱရာပြဲဆိုတာကေတာ့ ဟိုးဘိုးဘြားေခတ္ကတည္းက လုပ္လာခဲ့ၾကတာေပါ့။ အလွဴပြဲဆိုတာလည္း ဟုတ္တယ္။ ရိုးရာမပ်က္ေအာင္ ထိန္းသိမ္းသြားရမွာေပါ့။ အခုကအဖြဲ႕ (၆) ဖြဲ႕ အက (၈) မ်ိဳးရိွတယ္။ အခုလို အကေတြပါတာက မႏွစ္ကမွေပါ့"ဟု မယ္ေခါင္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းအြတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။   

တာခ်ီလိတ္ၿမိဳ႕တြင္ ရပ္ကြက္အလုိက္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၌ မဟာေဝႆႏၱရာရြတ္ဖတ္ပူေဇာ္ပြဲမ်ားကို အလွည့္က်က်င္းပေလ့ရိွေသာ္လည္း မယ္ေခါင္ရပ္ကြက္က ရိုးရာအကမ်ားျဖင့္ လွည့္လည္ျခင္းကိုပါ ထည့္သြင္း လုပ္ေဆာင္ျခင္းျဖစ္သည္။

မယ္ေခါင္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ မဟာေဝႆႏၱရာဇာတ္ေတာ္ႀကီးရြတ္ဖတ္ပူေဇာ္ပြဲကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ (၁၅) ရက္ေန႔မွ (၂၀)ရက္ေန႔အထိ က်င္းပမည္ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထုိက္၊ ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net