[ကြော်ငြာ] တာချီလိတ်နဲ့ သိပ်မဝေးတဲ့ မယ်ဆိုင်မြို့က လယ်ကွင်းစားသောက်ဆိုင်
[ကြော်ငြာ] တာချီလိတ်နဲ့ သိပ်မဝေးတဲ့ မယ်ဆိုင်မြို့က လယ်ကွင်းစားသောက်ဆိုင်
စကျတငျဘာ 27, 2019
By Tachileik News Agency
[ကြော်ငြာ]
တာချီလိတ်နဲ့ သိပ်မဝေးနဲ့ မယ်ဆိုင်မြို့က လယ်ကွင်းစားသောက်ဆိုင်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
[ကြော်ငြာ]
တာချီလိတ်နဲ့ သိပ်မေဝးနဲ့ မယ်ဆိုင်မြို့က လယ်ကွင်းစားသောက်ဆိုင်
ဒီလယ်ကွင်းစားသောက်ဆိုင်လေးက အစားအသောက်ကောင်းတွေ ရရှိနိုင်တဲ့အပြင် သဘာဝကျကျရှုခင်းတွေနဲ့ လယ်တောထဲက ရသကို ခံစားစေနိုင်မဲ့ ပုံလေးတွေရိုက်လို့ရအောင် စီစဉ်ထားတဲ့ လယ်ကွင်းစားသောက်ဆိုင်ပါ။
တာချီလိတ်ကနေ မယ်ဆိုင်ဘက်ကို သွားလို့ လယ်ကွင်းစားသောက်ဆိုင်ကို သွားလည်ချင်တယ် ပုံရိုက်ချင်ယ်ဆိုရင်တော့ ချစ်ကြည်ရေးတံတား(၁)ကနေ သွားရမှာဖြစ်ပြီး တံတားထိပ်ကနေ တည့်တည့်လေးသာ သွားလိုက်ရင် ရောက်ပါပြီ။
အရမ်းေဝးလားဆိုတော့ သိပ်မေဝးပါဘူး။ တံတားထိပ်ကနေ တည့်တည့်လေးသွားရမှာဖြစ်ပြီး ကားနဲ့ဖြစ်ဖြစ် ဆိုင်ကယ်နဲ့ဖြစ်ဖြစ် သွားရင် (၂၅)၊ (၂၇)မိနစ်လောက်ပဲ ကြာမှာပါ၊ မီးပွိုင့်မမိရင်ပေါ့နော် :D။
နေရာကတော့ မယ်ဆိုင်လမ်းမကြီးကနေ ချင်းရိုင်းကို သွားတဲ့ လမ်းမကြီးတစ်လျှောက်မှာပါ။ လိပ်စာအတိအကျ ဆိုရင်တော့ မယ်ဆိုင်မြို့ ပုံဖာရပ်ကွက်ထဲမှာဖြစ်ပြီး မယ်ဆိုင်ကားလမ်းမကြီးဘေးမှာ ဖြစ်လို့ တံတားကူးလက်မှတ်နဲ့သွားရောက်နိုင်ပါတယ်။ နေရာက ဘန့်ထန့်စစ်ဆေးရေးဂိတ်ကို မကျော်ဘူးနော်။
လမ်းမကြီးရဲ့ ဘယ်ဘက်ခြမ်းက လယ်ကွင်းပြင် တပြန့်တပြောမှာ စပါးခင်းပေါ် ဝါးနဲ့တည်ဆောက်ထားတဲ့ ဘန်ဂလိုလေးတွေနဲ့ ဆိုင်တွေကို တွေ့ရင်တော့ သေချာပါတယ် အဲ့ဒါကတော့ အခု ပြောပြနေတဲ့ လယ်ကွင်းစားသောက်ဆိုင် ( ทุ่งนาข้าว )ပါ။
အဲ့ဒီနေရာလေးက ပတ်ဝန်းကျင် ဆူညံသံတွေ ကင်းတယ်၊ မိသားစု နဲ့ဖြစ်ဖြစ် အပေါင်းအသင်းတွေနဲ့ဖြစ်ဖြစ် အေးအေးဆေးဆေးသွားရောက် စားသောက်ပြီး ပုံရိုက်ချင်သူတွေအတွက် သိပ်အကြိုက်တွေ့မယ့်နေရာပါ။
နောက်တစ်ခုက အဲ့ဒီနေရာကနေ လှမ်းမြင်ရပြီး နောက်ခံထားလို့ ဓာတ်ပုံရိုက်နိုင်တာကတော့ မယ်ဆိုင်ဂူလို့ အများသိထားပြီး ထမ့်လွမ်ဂူတည်ရှိတဲ့ ဒွိုင်းနန်းနွန်းတောင်ပါ။ အဲ့ဒီနေရာမှာ လေသာဆောင်ကနေလည်း ပုံလှလှလေးတွေရိုက်လို့ ရပါသေးတယ်။
အစားအသောက်တွေလား အစားအသောက်တွေကတော့ ထိုင်း၊ ရှမ်း၊ တရုတ်၊ ယူနန်အထူးဟင်းလျာ အပြင် ပင်လယ်စာနဲ့ အဖျော်ယမကာမျိုးစုံလည်းရပါတယ်။ အစားမစားချင်ဘူး။ ကော်ဖီပဲ သောက်ချင်တယ်ဆိုရင်လည်း ရပါသေးတယ်။ ကော်ဖီကောင်းလေးတွေရဲ့ အရသာကို လယ်ကွင်းထဲမှာ အရသာခံနိုင်မှာမို့ မယ်ဆိုင်မြို့ကိုရောက်ပြီဆိုတာနဲ့ သွားရောက်အနားယူ လည်ပတ်နိုင်မဲ့ နေရာတစ်ခုပါ။
ဆိုင်ဖွင့်ချိန်က ဘယ်ချိန်အထိလဲဆိုတော့ နေ့စဉ် နံနက်(၁၀)နာရီကနေ ည(၉)နာရီအထိပါ။ ချစ်ကြည်ရေးတံတားကလည်း ည(၈)နာရီခွဲအထိ ဖွင့်တာဆိုတော့ ညနေ နေဝင်ချိန်မှာ ပုံလှလှလေးတွေလည်း ရိုက်လို့ရဦးမှာနော်။
ဆိုင်ရဲ့တည်နေရာကိုလည်း ပုံထဲမှာ ပြထားပေးတာမို့ အလွယ်တကူသိရှိနိုင်မှာပါ။ အဲ့ဒီဆိုင်ကို ဆက်သွယ်ချင်ရင်တော့ ထိုင်းဖုန်း 0942964966 ကို ဆက်သွယ်နိုင်ပါတယ်။
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net