မေကြးတိုင္းေဒသႀကီးအတြင္း (၃)ႏွစ္တာကာလအတြင္း လူကုန္ကူးမႈ ေလ်ာ့နည္းလာေသာ္လည္း လူကုန္ကူးခံရသူအမ်ားစုမွာ အမ်ဳိးသားမ်ားျဖစ္ေန

မေကြးတိုင္းေဒသႀကီးအတြင္း (၃)ႏွစ္တာကာလအတြင္း လူကုန္ကူးမႈ ေလ်ာ့နည္းလာေသာ္လည္း လူကုန္ကူးခံရသူအမ်ားစုမွာ အမ်ဳိးသားမ်ားျဖစ္ေန
စက်တင်ဘာ 13, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း လူကုန္ကူးမႈမွာ ၂၀၁၉ခုႏွစ္အထိ သံုးႏွစ္တာကာလအတြင္း တေျဖးေျဖးေလ်ာ့နည္းလာေသာ္လည္း လူကုန္ကူးခံရသူ အမ်ားစုမွာ အမ်ဳိးသားမ်ားျဖစ္ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီးအတြင္း လူကုန္ကူးမႈႏွင့္ပတ္သက္၍ ၂၀၁၇ခုႏွစ္က (၆)မႈ၊ ၂၀၁၈ခုႏွစ္က (၃)မႈ ႏွင့္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁)ရက္ေန႔အထိ (၂)မႈ စုစုေပါင္း (၁၁)မႈျဖစ္ပြားခဲ့ၿပီး လူကုန္ကူးမႈက်ဴးလြန္သူ အမ်ဳိးသား(၁၈)ဦး ႏွင့္ အမ်ဳိးသမီး(၁၈)ဦး စုစုေပါင္း (၃၆)ဦးအား ဖမ္းဆီးအေရးယူခဲ့ၿပီး အမ်ဳိးသား(၂၇)ဦး ႏွင့္ အမ်ဳိးသမီး(၁၉)ဦး စုစုေပါင္း (၄၆)ဦးအား ျပန္လည္ကယ္ဆယ္ႏိုင္လိုက္ေၾကာင္း သိရသည္။

လူကူးမႈတိုက္ဖ်က္ေရးအတြက္ အားလံုးပူးေပါင္းပါ၀င္ ေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း မေကြးတိုင္းေဒသႀကီး ဒုတိယတိုင္းရဲတပ္ဖဲြ႔မွဴး ရဲမွဴးႀကီးခင္ေမာင္လတ္က မေကြးၿမိဳ႕ရွိ မေကြးတကၠသိုလ္ဘဲြ႔ႏွင္းသဘင္ခန္းမတြင္ ၂၀၁၉ခုႏွစ္ စက္တင္ဘာ(၁၃)ရက္ေန႔ နံနက္က က်င္းပျပဳလုပ္သည့္  ျမန္မာႏိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔အခမ္းအနားတြင္ ေျပာသည္။

“လူကုန္ကူးမႈတိုက္ဖ်က္ေရးကို အမ်ိဳးသားေရးတာဝန္အျဖစ္သတ္မွတ္ၿပီး ႏိုင္ငံသားအားလံုး ပူးေပါင္းပါဝင္ေဆာင္ရြက္လာဖို႔၊ လူကုန္ကူးမႈအသိပညာေတြ ျပည္သူလူထုအတြင္း စိမ့္ဝင္ပ်ံ့ႏွံ႔ဖို႔၊  လူကုန္ကူးခံရသူေတြကို စာနာနား လည္ေသာအားျဖင့္ ကာကြယ္ေစာင့္ေရွာက္ႏိုင္ဖို႔နဲ႔ လူကုန္ကူးမႈတိုက္ဖ်က္ေရးလုပ္ငန္းစဥ္အားလံုးမွာ ဌာနဆိုင္ရာ ေတြ၊ လူမႈအဖဲြ႔အစည္းေတြ၊ ႏိုင္ငံတကာအဖဲြ႔အစည္းမ်ားနဲ႔ ျပည္သူတစ္ရပ္လံုးက ပူးေပါင္းေဆာင္ရြက္ဖို႔ ဆိုတဲ့ ရည္ ရြယ္ခ်က္ ေလးရပ္နဲ႔ ဒီကေန႔အခမ္းအနားကို က်င္းပရတာျဖစ္ပါတယ္”ဟု  မေကြးတိုင္းေဒသႀကီး ဒုတိယတိုင္းရဲတပ္ဖဲြ႔မွဴး ရဲမွဴးႀကီးခင္ေမာင္လတ္က ေျပာၾကားသည္။

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕ရွိ မေကြးတကၠသိုလ္ဘဲြ႔ႏွင္းသဘင္ခန္းမတြင္ ၂၀၁၉ခုႏွစ္ စက္တင္ဘာ(၁၃)ရက္ေန႔ နံနက္က က်င္းပျပဳလုပ္သည့္  ျမန္မာႏိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔အခမ္းအနားတြင္ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက အဖြင့္အမွာစကား ေျပာၾကားၿပီး မေကြးတိုင္းေဒသႀကီး၏ လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖဲြ႔ ဥကၠဌ လံုျခံဳေရးႏွင့္နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းဦးက ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ ေျပာၾကားသည့္ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ မိန္႔ခြန္းအား ဖတ္ၾကားၾကၿပီးေနာက္ အေျခခံပညာအဆင့္ စာစီစာကံုး၊ ကဗ်ာ၊ ပန္းခ်ီ၊ ကာတြန္းႏွင့္ ပိုစတာၿပိဳင္ပဲြဆုရ ေက်ာင္းသားေက်ာင္းသူ(၁၂၀)ဦးတို႔အား ဆုမ်ားအသီးသီး ခ်ီးျမွင့္ခဲ့သည္။

Tachileik News Agency
သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း လူကုန်ကူးမှုမှာ ၂၀၁၉ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း တဖြေးဖြေးလျော့နည်းလာသော်လည်း လူကုန်ကူးခံရသူ အများစုမှာ အမျိုးသားများဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း လူကုန်ကူးမှုနှင့်ပတ်သက်၍ ၂၀၁၇ခုနှစ်က (၆)မှု၊ ၂၀၁၈ခုနှစ်က (၃)မှု နှင့် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့အထိ (၂)မှု စုစုပေါင်း (၁၁)မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးမှုကျူးလွန်သူ အမျိုးသား(၁၈)ဦး နှင့် အမျိုးသမီး(၁၈)ဦး စုစုပေါင်း (၃၆)ဦးအား ဖမ်းဆီးအရေးယူခဲ့ပြီး အမျိုးသား(၂၇)ဦး နှင့် အမျိုးသမီး(၁၉)ဦး စုစုပေါင်း (၄၆)ဦးအား ပြန်လည်ကယ်ဆယ်နိုင်လိုက်ကြောင်း သိရသည်။

လူကူးမှုတိုက်ဖျက်ရေးအတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ကြောင်း မကွေးတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်လတ်က မကွေးမြို့ရှိ မကွေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၁၉ခုနှစ် စက်တင်ဘာ(၁၃)ရက်နေ့ နံနက်က ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ပြောသည်။

“လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်ပြီး နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်လာဖို့၊ လူကုန်ကူးမှုအသိပညာတွေ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့ဖို့၊ လူကုန်ကူးခံရသူတွေကို စာနာနား လည်သောအားဖြင့် ကာကွယ်စောင့်ရှောက်နိုင်ဖို့နဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်အားလုံးမှာ ဌာနဆိုင်ရာ တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့ ရည် ရွယ်ချက် လေးရပ်နဲ့ ဒီကနေ့အခမ်းအနားကို ကျင်းပရတာဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်လတ်က ပြောကြားသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မကွေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၁၉ခုနှစ် စက်တင်ဘာ(၁၃)ရက်နေ့ နံနက်က ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ မိန့်ခွန်းအား ဖတ်ကြားကြပြီးနောက် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲဆုရ ကျောင်းသားကျောင်းသူ(၁၂၀)ဦးတို့အား ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net