ထုိင္းႏုိင္ငံ ခ်င္းမိုင္ေဒသအတြင္း တရားမဝင္ေဆးေျခာက္စိုက္ခင္းေတြ႔ရ၍ တရားမဝင္ စိုက္ခင္းရွိသည့္ ခရိုင္(၁၁)ခုအထိ တိုးလာ

ထုိင္းႏုိင္ငံ ခ်င္းမိုင္ေဒသအတြင္း တရားမဝင္ေဆးေျခာက္စိုက္ခင္းေတြ႔ရ၍ တရားမဝင္ စိုက္ခင္းရွိသည့္ ခရိုင္(၁၁)ခုအထိ တိုးလာ
စက်တင်ဘာ 27, 2019
By Tachileik News Agency

ေဆးေျခာက္ကို ေဆးသုေတသနႏွင့္ ေဆးဝါးတြင္အသံုးျပဳရန္အတြက္သာ စိုက္ပ်ိဳးခြင့္ျပဳထားသည့္ ထုိင္းႏုိင္ငံတြင္ တရားမဝင္ ေဆးေျခာက္စိုက္ခင္းမ်ားရိွေနသျဖင့္ ထုိင္းရဲတပ္ဖြဲ႕ႏွင့္ပူးေပါင္းက ရွာေဖြဖ်က္ဆီးေနရာ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၇)ရက္ေန႔က ခ်င္းမုိင္ေဒသတြင္ စိုက္ခင္းမ်ားရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

ထုိင္းႏိုင္ငံအတြင္း တရားမဝင္ ေဆးေျခာက္စိုက္ခင္းမ်ားကို ၂၀၁၉ ခုႏွစ္အတြင္း ေဖေဖၚဝါရီလမွ စက္တင္ဘာလအထိ ခ်င္းမုိင္အပါအဝင္ ခရိုင္ (၁၁)ခုတြင္ ရွာေဖြေတြ႔ရိွ ဖ်က္ဆီးခဲ့ရေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံတြင္ ေဆးဝါးအသံုးျပဳရန္ႏွင့္ ေဆးသုေတသနအတြက္ ေဆးေျခာက္စိုက္ပ်ိဳး၊ အသံုးျပဳခြင့္ကို အကန္႔အသတ္ျဖင့္ ခြင့္ျပဳလာျခင္းျဖစ္ေသာ္လည္း အမ်ားျပည္သူအေနျဖင့္ ေဆးေျခာက္ စိုက္ပ်ိဳး၊ သံုးစြဲ၊ ေရာင္းဝယ္ေဖါက္ကားျခင္းသည္ တရားမဝင္ျဖစ္ေနဆဲျဖစ္သည္။

ေဆးေျခာက္အသံုးျပဳ၍ ကုသမႈခံယူခြင့္ေဆးရံုမွ လူနာအခ်ိဳ႕တြင္သာ အသံုးျပဳခြင့္ေပးထားသျဖင့္ အျခားေဆးရံုမ်ားတြင္လည္း ေဆးေျခာက္အသံုးျပဳ၍ ကုသခြင့္မရိွေသးေၾကာင္း သိရသည္။

Tachileik News Agency
Ref; TMPT
Photo: The Police



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဆေးခြောက်ကို ဆေးသုတေသနနှင့် ဆေးဝါးတွင်အသုံးပြုရန်အတွက်သာ စိုက်ပျိုးခွင့်ပြုထားသည့် ထိုင်းနိုင်ငံတွင် တရားမဝင် ဆေးခြောက်စိုက်ခင်းများရှိနေသဖြင့် ထိုင်းရဲတပ်ဖွဲ့နှင့်ပူးပေါင်းက ရှာဖွေဖျက်ဆီးနေရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့က ချင်းမိုင်ဒေသတွင် စိုက်ခင်းများရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဆေးခြောက်စိုက်ခင်းများကို ၂၀၁၉ ခုနှစ်အတွင်း ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ ချင်းမိုင်အပါအဝင် ခရိုင် (၁၁)ခုတွင် ရှာဖွေတွေ့ရှိ ဖျက်ဆီးခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဆေးဝါးအသုံးပြုရန်နှင့် ဆေးသုတေသနအတွက် ဆေးခြောက်စိုက်ပျိုး၊ အသုံးပြုခွင့်ကို အကန့်အသတ်ဖြင့် ခွင့်ပြုလာခြင်းဖြစ်သော်လည်း အများပြည်သူအနဖြေင့် ဆေးခြောက် စိုက်ပျိုး၊ သုံးစွဲ၊ ရောင်းဝယ်ဖောက်ကားခြင်းသည် တရားမဝင်ဖြစ်နေဆဲဖြစ်သည်။

ဆေးခြောက်အသုံးပြု၍ ကုသမှုခံယူခွင့်ဆေးရုံမှ လူနာအချို့တွင်သာ အသုံးပြုခွင့်ပေးထားသဖြင့် အခြားဆေးရုံများတွင်လည်း ဆေးခြောက်အသုံးပြု၍ ကုသခွင့်မရှိသေးကြောင်း သိရသည်။

Tachileik News Agency

Ref; TMPT
Photo: The Police 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net