တပ္မေတာ္က အပစ္ရပ္သက္တမ္းတိုးမည္မဟုတ္

တပ္မေတာ္က အပစ္ရပ္သက္တမ္းတိုးမည္မဟုတ္
စက်တင်ဘာ 21, 2019
By Tachileik News Agency
တပ္မေတာ္က စစ္တုိင္းေဒသႀကီး (၅)ခုတြင္ စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ားရပ္ဆုိင္းျခင္း (၉) လ သက္တမ္းျပည့္သည့္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၁)ရက္ေန႔တြင္ အပစ္အခတ္ရပ္စဲေရး သက္တမ္းထပ္တုိး ေၾကညာရန္ႏွင့္ ပတ္သက္၍ အစီအစဥ္မရိွေၾကာင္း သိရသည္။

ေျမာက္ပိုင္းမဟာမိတ္ (၃)ဖြဲ႕ျဖစ္သည့္ AA၊ TNLA ႏွင့္ MNDAA တုိ႔က ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၀) ရက္ေန႔တြင္ ဒီဇင္ဘာလကုန္အထိ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲသည္ဟု ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ယင္းေန႔မွာပင္ ရခုိင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ရိွ တပ္မေတာ္ဌာနခ်ဳပ္တစ္ခုအား လက္နက္ႀကီးႏွင့္ ပစ္ခတ္ တုိက္ခိုက္ခဲ့မႈျဖစ္ပြားခဲ့သည္။

“မေန႔က အဲဒီအဖြဲ႕ေတြက တစ္ဖက္သတ္ အပစ္အခတ္ရပ္စဲတယ္ဆိုၿပီးေတာ့ ေၾကညာခ်က္ထုတ္တယ္။ ဘယ္ေလာက္မွ မၾကာဘူး ေလးငါးနာရီေလာက္အတြင္း နာရီပိုင္းအတြင္းမွာပဲ ဘူးသီးေတာင္မွာရိွတဲ့ ဌာနခ်ဳပ္တစ္ခုကို အေဝးကေန လက္နက္ႀကီးနဲ႔ပစ္တယ္။ မိသားစုဝင္ကေလးငယ္(၂)ဦး ဒဏ္ရာရရိွတယ္။ ဒါ သူတို႔ လုပ္ေဆာင္ေနတဲ့ တကယ့္ေျမျပင္အေျခအေနေတြပဲ။ ေၾကညာခ်က္ထုတ္ၿပီး နာရီပိုင္းအတြင္းမွာပဲ ဒီလိုေဆာင္ရြက္ခဲ့တာျဖစ္တယ္။ ႏိုင္ငံေတာ္အစိုးရ၊ တပ္မေတာ္နဲ႔ ကၽြန္ေတာ္တုိ႔ ၿငိမ္းခ်မ္းေရးကို လိုလားေနတဲ့၊ ၿငိမ္းခ်မ္းေရးကို ပါဝင္ေဆာင္ရြက္ေနတဲ့ အဖြဲ႕အစည္းေတြ ျပည္သူလူထုကို ဒါလိမ္လည္လွည့္ဖ်ားၿပီး ေပၚတင္ေစာ္ကားလုိက္တာလုိ႔ပဲ ျမင္တယ္။ ဒါေၾကာင့္မို႔လို႔ ကၽြန္ေတာ္တုိ႔အေနနဲ႔ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရးကို ထုတ္ျပန္ဖို႔အစီအစဥ္ အခုေလာေလာဆယ္ထိမရိွပါဘူး”ဟု တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၂၁)ရက္ေန႔ ညေန(၅း၅၀)နာရီအခ်ိန္က ေျပာသည္။

အပစ္မရပ္ေသးသည့္ မဟာမိတ္ (၄)ဖြဲ႕က ၿငိမ္းခ်မ္းေရးေဆြးေႏြးလိုေၾကာင္း ထုတ္ျပန္ခ်က္အရ တပ္မေတာ္က အပစ္ရပ္ေၾကညာျခင္းကို (၄)ႀကိမ္တုိင္တုိင္ ေၾကညာေပးခဲ့ၿပီးေနာက္ တပ္မေတာ္ေစ့စပ္ညိႇႏိႈင္းေရးအဖြဲ႕ပါ ဖြဲ႕စည္းေပးခဲ့ျခင္းျဖစ္သည္။

“အဓိက ကေတာ့ ကၽြန္ေတာ္ေျပာခ်င္တာက ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးနွင့္ ထာဝရၿငိမ္းခ်မ္းေရးဆိုတဲ့ ထုတ္ျပန္ခ်က္ဆိုတဲ့ဟာ ျဖစ္လာတဲ့ဟာေလးေတြကို ကၽြန္ေတာ္တုိ႔ ျပန္ၾကည့္ရပါမယ္။ ၾကားထဲမွာျဖစ္လာတဲ့ လုပ္ေဆာင္ခ်က္ေတြကို ကၽြန္ေတာ္တုိ႔ ျပန္ၾကည့္ရပါမယ္။ အဲဒီမွာ ကၽြန္ေတာ္ေျပာခ်င္တာကေတာ့ အပစ္အခတ္ရပ္စဲေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရးဆိုတဲ့ထုတ္ျပန္ခ်က္ ပထမဆံုး ျဖစ္ေပၚလာတဲ့အေျခအေနက  ဒီအဖြဲ႕ (၃)ဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၂)ရက္ေန႔မွာ ထုတ္ျပန္ေၾကညာခ်က္တစ္ခု ထုတ္ျပန္ေၾကညာခဲ့တယ္။ အဲဒီထုတ္ျပန္ခ်က္ရဲ႕အႏွစ္ခ်ဳပ္က ဘာပါတုန္းဆိုေတာ့ သူတုိ႔အေနနဲ႔ စစ္ေရးဆုိင္ရာေဆာင္ရြက္မႈအားလံုး ဦးစြာရပ္ဆုိင္းၿပီး ႏုိင္ငံေရးနည္းလမ္းအရ ေဆာင္ရြက္ရန္ဆႏၵရိွတယ္လုိ႔ ေဖၚျပထားတယ္။ ၿပီးရင္ ေနာက္တစ္ခုကေတာ့ ႏုိင္ငံေရးနည္းလမ္းအရ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ ဆက္လက္ပါဝင္မည္လုိ႔ သူတို႔ ထုတ္ျပန္ထားတယ္။ အဲဒီထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး NRPC ကေနၿပီး ႀကိဳဆိုပါတယ္ဆိုၿပီး ထုတ္ျပန္တယ္။ ဒါေၾကာင့္မို႔လုိ႔ တပ္မေတာ္အေနနဲ႔ ဒီဇင္ဘာလ (၂၁)ရက္ေန႔မွာ သူတို႔အေနနဲ႔ ေဆြးေႏြးႏုိင္ေအာင္၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ေဆာင္ရြက္ ႏိုင္ေအာင္ဆိုၿပီးေတာ့ ထာဝရၿငိမ္းခ်မ္းေရးႏွင့္ ပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရးအတြက္ ပထမဦးဆံုးအႀကိမ္ ထုတ္ျပန္ခဲ့တယ္။ ေလးလတာ အပစ္အခတ္ရပ္ဆုိင္းေပးလုိက္တယ္။ အဲဒီေလးလတာ ရပ္ဆုိင္းေပးလုိက္တဲ့ အခ်ိန္အတြင္းမွာ ဒီအဖြဲ႕ေတြကို NRPC နဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔ ကၽြန္ေတာ္တုိ႔ တုိက္တြန္းခဲ့တယ္။ အဲဒီေၾကညာခ်က္ထဲမွာပဲ။ ဒါ့အျပင္ ကၽြန္ေတာ္တုိ႔ တပ္မေတာ္နဲ႔ ေတြ႔ဆံုေဆြးေႏြးႏုိင္ေအာင္လုိ႔ဆိုၿပီးေတာ့ တပ္မေတာ္ေစ့စပ္ညိႇႏိႈင္းေရးအဖြဲ႕ဆိုၿပီးေတာ့ (၈)ဦးပါတဲ့အဖြဲ႕နဲ႔ ဖြဲ႕စည္းေပးခဲ့တယ္။ လမ္းဖြင့္ေပးခဲ့တယ္”ဟု တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ယင္းသို႔အပစ္ရပ္ကာလအတြင္း အပစ္မရပ္ေသးသည့္အဖြဲ႕မ်ားအေနျဖင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ မထိခုိက္ေစရန္ႏွင့္ အစိုးရအုပ္ခ်ဳပ္မႈယႏၱရားစနစ္ကို မတိုက္ခုိက္ရန္ တပ္မေတာ္က တားျမစ္ထားေၾကာင္း သိရသည္။

“ေနာက္ဆံုးမွာေတာ့ သိတဲ့အတုိင္းမွာ ျပင္ဦးလြင္တုိ႔၊ ဂုတ္တြင္း၊ ေနာင္ခ်ိဳ (၃)ေနရာမွာ တုိက္ခုိက္ခဲ့တယ္။ တုိက္ခိုက္ခဲ့တဲ့ ေနရာေတြမွာဆို စစ္ဘက္ဆိုင္ရာပစ္မွတ္ဆိုလုိ႔ (၂)ခုပဲ ပါတယ္။ က်န္တဲ့ဟာေတြက ဂုတ္တြင္းတံတားကို မိုင္းေထာင္ဖ်က္ဆီးခဲ့တယ္။ ၿပီးရင္ကၽြန္ေတာ္တုိ႔ ေနာင္ခ်ိဳမွာရိွတဲ့ မူးယစ္ေဆး ရွာေဖြေရးစခန္းကို တုိက္ခုိက္တယ္။ ျပင္ဦးလြင္မွာရိွတဲ့ မူးယစ္ေဆးရွာေဖြေရးယာဥ္ကို တုိက္ခုိက္ခဲ့တယ္။ ကြမ္လံုဘက္လမ္းေၾကာင္းက တံတား (၃)စင္းကို မိုင္းေထာင္ေဖါက္ခြဲ ဖ်က္ဆီးခဲ့တယ္။ အဲဒီမွာ ခရီးသည္တင္ယာဥ္ေတြ၊ ကုန္စည္ကူးသန္းေနတဲ့ ကုန္ကားေတြ၊ အိမ္စီးကားေတြ မီးရိႈ႕ဖ်က္ဆီးခဲ့တာ၊ ပစ္ခတ္ခဲ့တာေတြ လုပ္ခဲ့တယ္။ ေနာက္ဆံုးမွာေတာ့ အဲဒီအေျခအေနၾကားထဲကေန က်ိဳင္းတံုေဆြးေႏြးပြဲ လုပ္ခဲ့တယ္။ က်ဳိင္းတံုေဆြးေႏြးပြဲမွာ ဘာရလဒ္ေတြရခဲ့လဲဆိုတာကေတာ့ အားလံုးလည္း သိၿပီးသားျဖစ္တယ္။ အဲဒါနဲ႔ပတ္သက္လို႔ NRPC ကေနၿပီးေတာ့လည္း သတင္းစာရွင္းလင္းပြဲ လုပ္ေဆာင္ၿပီးျဖစ္တယ္။ ဘာရလဒ္မွ မထြက္ဘူးဆိုတာ ျမင္ၾကမွာျဖစ္တယ္”ဟု တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

တပ္မေတာ္က အပစ္ရပ္ေၾကညာသည့္ (၉)လတာကာလအတြင္း NRPC ႏွင့္ ေဆြးေႏြးေနသည့္ မပစ္မရပ္ေသးသည့္ ေျမာက္ပိုင္းမဟာမိတ္ (၄)ဖြဲ႕အနက္ AA၊ TNLA ႏွင့္ MNDAA တို႔က တပ္မေတာ္အပစ္ရပ္ေၾကညာသည့္ စစ္တုိင္း(၅)ခုတြင္ ရခုိင္ျပည္နယ္မပါဝင္၍ဟုဆိုကာ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ပစ္ခတ္တုိက္ခုိက္မႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ခ်ယ္ရီထိုက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တပ်မတော်က စစ်တိုင်းဒေသကြီး (၅)ခုတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများရပ်ဆိုင်းခြင်း (၉) လ သက်တမ်းပြည့်သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သက်တမ်းထပ်တိုး ကြေညာရန်နှင့် ပတ်သက်၍ အစီအစဉ်မရှိကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ဖြစ်သည့် AA၊ TNLA နှင့် MNDAA တို့က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့တွင် ဒီဇင်ဘာလကုန်အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲသည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယင်းနေ့မှာပင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ တပ်မတော်ဌာနချုပ်တစ်ခုအား လက်နက်ကြီးနှင့် ပစ်ခတ် တိုက်ခိုက်ခဲ့မှုဖြစ်ပွားခဲ့သည်။

“မနေ့က အဲဒီအဖွဲ့တွေက တစ်ဖက်သတ် အပစ်အခတ်ရပ်စဲတယ်ဆိုပြီးတော့ ကြေညာချက်ထုတ်တယ်။ ဘယ်လောက်မှ မကြာဘူး လေးငါးနာရီလောက်အတွင်း နာရီပိုင်းအတွင်းမှာပဲ ဘူးသီးတောင်မှာရှိတဲ့ ဌာနချုပ်တစ်ခုကို အဝေးကနေ လက်နက်ကြီးနဲ့ပစ်တယ်။ မိသားစုဝင်ကလေးငယ်(၂)ဦး ဒဏ်ရာရရှိတယ်။ ဒါ သူတို့ လုပ်ဆောင်နေတဲ့ တကယ့်မြပြေင်အခြေအနေတွေပဲ။ ကြေညာချက်ထုတ်ပြီး နာရီပိုင်းအတွင်းမှာပဲ ဒီလိုဆောင်ရွက်ခဲ့တာဖြစ်တယ်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို လိုလားနေတဲ့၊ ငြိမ်းချမ်းရေးကို ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ပြည်သူလူထုကို ဒါလိမ်လည်လှည့်ဖျားပြီး ပေါ်တင်စော်ကားလိုက်တာလို့ပဲ မြင်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးကို ထုတ်ပြန်ဖို့အစီအစဉ် အခုလောလောဆယ်ထိမရှိပါဘူး”ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၁)ရက်နေ့ ညနေ(၅း၅၀)နာရီအချိန်က ပြောသည်။

အပစ်မရပ်သေးသည့် မဟာမိတ် (၄)ဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ထုတ်ပြန်ချက်အရ တပ်မတော်က အပစ်ရပ်ကြေညာခြင်းကို (၄)ကြိမ်တိုင်တိုင် ကြေညာပေးခဲ့ပြီးနောက် တပ်မတော်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ပါ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

“အဓိက ကတော့ ကျွန်တော်ပြောချင်တာက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးဆိုတဲ့ ထုတ်ပြန်ချက်ဆိုတဲ့ဟာ ဖြစ်လာတဲ့ဟာလေးတွေကို ကျွန်တော်တို့ ပြန်ကြည့်ရပါမယ်။ ကြားထဲမှာဖြစ်လာတဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ ပြန်ကြည့်ရပါမယ်။ အဲဒီမှာ ကျွန်တော်ပြောချင်တာကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးဆိုတဲ့ထုတ်ပြန်ချက် ပထမဆုံး ဖြစ်ပေါ်လာတဲ့အခြေအနေက ဒီအဖွဲ့ (၃)ဖွဲ့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့မှာ ထုတ်ပြန်ကြေညာချက်တစ်ခု ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒီထုတ်ပြန်ချက်ရဲ့အနှစ်ချုပ်က ဘာပါတုန်းဆိုတော့ သူတို့အနေနဲ့ စစ်ရေးဆိုင်ရာဆောင်ရွက်မှုအားလုံး ဦးစွာရပ်ဆိုင်းပြီး နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန်ဆန္ဒရှိတယ်လို့ ဖော်ပြထားတယ်။ ပြီးရင် နောက်တစ်ခုကတော့ နိုင်ငံရေးနည်းလမ်းအရ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆက်လက်ပါဝင်မည်လို့ သူတို့ ထုတ်ပြန်ထားတယ်။ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး NRPC ကနပြေီး ကြိုဆိုပါတယ်ဆိုပြီး ထုတ်ပြန်တယ်။ ဒါကြောင့်မို့လို့ တပ်မတော်အနေနဲ့ ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ သူတို့အနေနဲ့ ဆွေးနွေးနိုင်အောင်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက် နိုင်အောင်ဆိုပြီးတော့ ထာဝရငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ပထမဦးဆုံးအကြိမ် ထုတ်ပြန်ခဲ့တယ်။ လေးလတာ အပစ်အခတ်ရပ်ဆိုင်းပေးလိုက်တယ်။ အဲဒီလေးလတာ ရပ်ဆိုင်းပေးလိုက်တဲ့ အချိန်အတွင်းမှာ ဒီအဖွဲ့တွေကို NRPC နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်တို့ တိုက်တွန်းခဲ့တယ်။ အဲဒီကြေညာချက်ထဲမှာပဲ။ ဒါ့အပြင် ကျွန်တော်တို့ တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးနိုင်အောင်လို့ဆိုပြီးတော့ တပ်မတော်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဆိုပြီးတော့ (၈)ဦးပါတဲ့အဖွဲ့နဲ့ ဖွဲ့စည်းပေးခဲ့တယ်။ လမ်းဖွင့်ပေးခဲ့တယ်”ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ယင်းသို့အပစ်ရပ်ကာလအတွင်း အပစ်မရပ်သေးသည့်အဖွဲ့များအနဖြေင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် မထိခိုက်စေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားစနစ်ကို မတိုက်ခိုက်ရန် တပ်မတော်က တားမြစ်ထားကြောင်း သိရသည်။

“နောက်ဆုံးမှာတော့ သိတဲ့အတိုင်းမှာ ပြင်ဦးလွင်တို့၊ ဂုတ်တွင်း၊ နောင်ချို (၃)နေရာမှာ တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်ခဲ့တဲ့ နေရာတွေမှာဆို စစ်ဘက်ဆိုင်ရာပစ်မှတ်ဆိုလို့ (၂)ခုပဲ ပါတယ်။ ကျန်တဲ့ဟာတွေက ဂုတ်တွင်းတံတားကို မိုင်းထောင်ဖျက်ဆီးခဲ့တယ်။ ပြီးရင်ကျွန်တော်တို့ နောင်ချိုမှာရှိတဲ့ မူးယစ်ဆေး ရှာဖွေရေးစခန်းကို တိုက်ခိုက်တယ်။ ပြင်ဦးလွင်မှာရှိတဲ့ မူးယစ်ဆေးရှာဖွေရေးယာဉ်ကို တိုက်ခိုက်ခဲ့တယ်။ ကွမ်လုံဘက်လမ်းကြောင်းက တံတား (၃)စင်းကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်။ အဲဒီမှာ ခရီးသည်တင်ယာဉ်တွေ၊ ကုန်စည်ကူးသန်းနေတဲ့ ကုန်ကားတွေ၊ အိမ်စီးကားတွေ မီးရှို့ဖျက်ဆီးခဲ့တာ၊ ပစ်ခတ်ခဲ့တာတွေ လုပ်ခဲ့တယ်။ နောက်ဆုံးမှာတော့ အဲဒီအခြေအနကြေားထဲကနေ ကျိုင်းတုံဆွေးနွေးပွဲ လုပ်ခဲ့တယ်။ ကျိုင်းတုံဆွေးနွေးပွဲမှာ ဘာရလဒ်တွေရခဲ့လဲဆိုတာကတော့ အားလုံးလည်း သိပြီးသားဖြစ်တယ်။ အဲဒါနဲ့ပတ်သက်လို့ NRPC ကနပြေီးတော့လည်း သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ပြီးဖြစ်တယ်။ ဘာရလဒ်မှ မထွက်ဘူးဆိုတာ မြင်ကြမှာဖြစ်တယ်”ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်က အပစ်ရပ်ကြေညာသည့် (၉)လတာကာလအတွင်း NRPC နှင့် ဆွေးနွေးနေသည့် မပစ်မရပ်သေးသည့် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့အနက် AA၊ TNLA နှင့် MNDAA တို့က တပ်မတော်အပစ်ရပ်ကြေညာသည့် စစ်တိုင်း(၅)ခုတွင် ရခိုင်ပြည်နယ်မပါဝင်၍ဟုဆိုကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net