မြန္ျပည္နယ္ သဲျဖဴကုန္းရြာ သံျဖဴရပ္ကြက္ေျမၿပိဳမႈ ဒုတိယေျမာက္ရွာေဖြေရးေန႔တြင္ လူအင္အားႏွင့္ စက္အင္အား ထပ္မံျဖည့္ဆည္းထား

မြန္ျပည္နယ္ သဲျဖဴကုန္းရြာ သံျဖဴရပ္ကြက္ေျမၿပိဳမႈ ဒုတိယေျမာက္ရွာေဖြေရးေန႔တြင္ လူအင္အားႏွင့္ စက္အင္အား ထပ္မံျဖည့္ဆည္းထား
သြဂုတ် 10, 2019
By 🌸
မိုးႀကီး၍ ေျမၿပိဳက်မႈျဖစ္ပြားသည့္ မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်းရြာသို႔ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၀)ရက္ေန႔တြင္ အမ်ိဳးသားသဘာဝေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈေကာ္မတီအဖြဲ႕က သြားေရာက္ၿပီး ယေန႔ညတြင္ ရန္ကုန္မွအထူးအဖြဲ႕အပါအဝင္ ရွာေဖြကယ္ဆယ္ေရးစက္ပစၥည္းမ်ား ထပ္မံအားျဖည့္ေပးထားေၾကာင္း သိရသည္။

သဲျဖဴကုန္းေက်းရြာ၊ သံျဖဴရပ္ကြက္တြင္ ၾသဂုတ္လ (၉)ရက္ေန႔ နံနက္ (၇)နာရီဝန္းက်င္က ေတာင္ၿပိဳက်သျဖင့္ လူေနအိမ္မ်ားျမဳပ္သြားသျဖင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ၾသဂုတ္လ (၁၀)ရက္ေန႔အထိ ေဆာင္ရြက္ေနရဆဲျဖစ္သည္။

အဆုိပါေျမၿပိဳေနရာအား ရွာေဖြကယ္ဆယ္ေနသည့္လုပ္ငန္းကို အမ်ိဳးသားသဘာဝေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈေကာ္မတီအဖြဲ႕ ဥကၠဌ ၊ ဒုတိယသမၼတ(၂) ဦးဟင္နရီဗန္ထီးယူ၊ လူကယ္ျပန္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးႏွင့္ ဒုတိယဝန္ႀကီးမ်ား၊ ညႊန္ၾကားေရးမွဴးခ်ဳပ္မ်ားပါဝင္ေသာ အဖြဲ႕က ၾသဂုတ္လ (၁၀)ရက္ေန႔တြင္ လာေရာက္၍ လိုအပ္သည့္အင္အားျဖည့္တင္းျခင္းမ်ားကို ညိႇႏိႈင္းေဆာင္ရြက္ေပးထားျခင္းျဖစ္သည္ဟု သိရသည္။

သဲျဖဴကုန္းေက်းရြာ ေျမၿပိဳမႈအား (၂)ရက္ၾကာရွာေဖြမႈအတြင္း ေသဆံုးသူ (၄၂) ဦးကို ရွာေဖြေတြ႔ရိွထားေၾကာင္း သိရသည္။

လက္ရိွအခ်ိန္တြင္ ရွာေဖြကယ္ဆယ္ေရး အင္အား (၄၀၀) ေက်ာ္၊ စက္ယႏၱယားမ်ားျဖင့္ အမ်ိဳးသား သဘာဝေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈေကာ္မတီ၊ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေကာ္မတီက မီးသတ္ဦးစီးဌာနႏွင့္ ဌာနဆိုင္ရာမ်ား၊ တပ္မေတာ္ ၊ လူမႈကယ္ဆယ္အဖြဲ႕မ်ားႏွင့္ ျပည္သူမ်ား ပူးေပါင္း၍ ရွာေဖြေနၾကဆဲျဖစ္ေၾကာင္း သိရသည္။

ရွာေဖြေရးလုပ္ငန္းမ်ားကို ၾသဂုတ္လ (၁၀)ရက္ေန႔တြင္ မီးသတ္ဦးစီးဌာနမွ တပ္စု (၃)စုျဖင့္ အဖြဲ႕(၃)ဖြဲ႕၊ ရန္ကုန္မွ Special Team (၂)ဖြဲ႕တို႔ ပူးေပါင္းပါဝင္ကာ ေခတ္မီရွာေဖြ ကယ္ဆယ္ေရး ကိရိယာမ်ားျဖင့္ ရွာေဖြေနေၾကာင္း သိရသည္။

Tachileik News Agency
Photo: Pro Dr.Win Myat Aye

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မွန်ပြည်နယ် သဲဖြူကုန်းရွာ သံဖြူရပ်ကွက်မြေပြိုမှု ဒုတိယမြောက်ရှာဖွေရေးနေ့တွင် လူအင်အားနှင့် စက်အင်အား ထပ်မံဖြည့်ဆည်းထား
************
မိုးကြီး၍ မြေပြိုကျမှုဖြစ်ပွားသည့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာသို့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့က သွားရောက်ပြီး ယနေ့ညတွင် ရန်ကုန်မှအထူးအဖွဲ့အပါအဝင် ရှာဖွေကယ်ဆယ်ရေးစက်ပစ္စည်းများ ထပ်မံအားဖြည့်ပေးထားကြောင်း သိရသည်။

သဲဖြူကုန်းကျေးရွာ၊ သံဖြူရပ်ကွက်တွင် သြဂုတ်လ (၉)ရက်နေ့ နံနက် (၇)နာရီဝန်းကျင်က တောင်ပြိုကျသဖြင့် လူနေအိမ်များမြုပ်သွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သြဂုတ်လ (၁၀)ရက်နေ့အထိ ဆောင်ရွက်နေရဆဲဖြစ်သည်။

အဆိုပါမြေပြိုနေရာအား ရှာဖွေကယ်ဆယ်နေသည့်လုပ်ငန်းကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ ဥက္ကဌ ၊ ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ လူကယ်ပြန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များပါဝင်သော အဖွဲ့က သြဂုတ်လ (၁၀)ရက်နေ့တွင် လာရောက်၍ လိုအပ်သည့်အင်အားဖြည့်တင်းခြင်းများကို ညှိနှိုင်းဆောင်ရွက်ပေးထားခြင်းဖြစ်သည်ဟု သိရသည်။

သဲဖြူကုန်းကျေးရွာ မြေပြိုမှုအား (၂)ရက်ကြာရှာဖွေမှုအတွင်း သေဆုံးသူ (၄၂) ဦးကို ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရှာဖွေကယ်ဆယ်ရေး အင်အား (၄၀၀) ကျော်၊ စက်ယန္တယားများဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီက မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ တပ်မတော် ၊ လူမှုကယ်ဆယ်အဖွဲ့များနှင့် ပြည်သူများ ပူးပေါင်း၍ ရှာဖွေနေကြဆဲဖြစ်ကြောင်း သိရသည်။

ရှာဖွေရေးလုပ်ငန်းများကို သြဂုတ်လ (၁၀)ရက်နေ့တွင် မီးသတ်ဦးစီးဌာနမှ တပ်စု (၃)စုဖြင့် အဖွဲ့(၃)ဖွဲ့၊ ရန်ကုန်မှ Special Team (၂)ဖွဲ့တို့ ပူးပေါင်းပါဝင်ကာ ခေတ်မီရှာဖွေ ကယ်ဆယ်ရေး ကိရိယာများဖြင့် ရှာဖွေနေကြောင်း သိရသည်။

Tachileik News Agency
Photo: Pro Dr.Win Myat Aye

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net