မြန္ျပည္နယ္ ေရေဘးသင့္မ်ားသို႔ ကူညီလိုသူမ်ား မြန္ျပည္နယ္ သဘာဝေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈေကာ္မတီမွတစ္ဆင့္ ေပးပို႔ႏိုင္

မြန္ျပည္နယ္ ေရေဘးသင့္မ်ားသို႔ ကူညီလိုသူမ်ား မြန္ျပည္နယ္ သဘာဝေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈေကာ္မတီမွတစ္ဆင့္ ေပးပို႔ႏိုင္
သြဂုတ် 12, 2019
By 🌸
ေရႀကီး၊ေျမၿပိဳမႈမ်ားႏွင့္ႀကံဳေတြ႕ေနရသည့္ မြန္ျပည္နယ္ (၁၀)ၿမိဳ႕နယ္တြင္ ျပည္နယ္သဘာဝေဘးအႏၱရာယ္ဆုိင္ရာစီမံခန္႔ခြဲမႈေကာ္မတီက ကြပ္ကဲေရးရံုးမ်ားဖြင့္လွစ္ၿပီး ကယ္ဆယ္ေရးပစၥည္းႏွင့္ စားနပ္ရိကၡာမ်ား ခ်ိတ္ဆက္ ေပးပို႔ေနၿပီး အမ်ားျပည္သူအေနျဖင့္ ပါဝင္ကူညီလိုပါကလည္း တစ္ဆင့္လက္ခံကာ ျပန္လည္ေပးေဝေနေၾကာင္း သိရသည္။

အမ်ားျပည္သူမွ ေရေဘးသင့္မ်ားအတြက္ ကူညီပံ့ပိုးေရးပစၥည္းမ်ားေပးပို႔မႈကို မြန္ျပည္နယ္အစိုးရအဖြဲ႕႐ုံး ဟသၤာခန္းမတြင္ ဖြင့္လွစ္ထားသည့္ ျပည္နယ္သဘာဝေဘးအႏၱရာယ္ဆုိင္ရာစီမံခန္႔ခြဲမႈေကာ္မတီ၏ ကြပ္ကဲေရးရံုးတြင္ လက္ခံယူၿပီး ၿမိဳ႕နယ္အလုိက္ကြပ္ကဲေရးရံုးမ်ားမွတစ္ဆင့္ ေရေဘးသင့္ျပည္သူမ်ားထံ ျပန္လည္ေပးပို႔ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ ကယ္ဆယ္ေရးစခန္းေတြလည္း ဖြင့္ထားပါတယ္။ ျပည္နယ္က ကြပ္ကဲေရးရံုးကိုလည္း ဟသၤာခန္းမမွာ ဖြင့္ထားပါတယ္။ တျခားေနရာေတြမွာလည္း ၿမိဳ႕နယ္အလုိက္ ဖြင့္ထားပါတယ္။ ကယ္ဆယ္ေရး ပစၥည္းေတြကိုလည္း လက္ခံေနပါတယ္”ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕ ညႊန္ၾကားေရးမွဴး ဦးစိုးျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္နယ္ သဘာဝေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈေကာ္မတီ၏ ရန္ပံုေငြမွတစ္ဆင့္ မြန္ျပည္နယ္မွ ေရေဘးသင့္မ်ားအား ကူညီလိုသူမ်ားအေနျဖင့္ ျပည္နယ္အစိုးရက ဖြင့္လွစ္ထားသည့္ Kbz Bank Account No.02230202202309301 သို႔ ထည့္ဝင္ႏိုင္ေၾကာင္း သိရသည္။

“ဒီဘဏ္အေကာင့္က ျပည္နယ္အစိုးရအဖြဲ႕ကေန ညႊန္ၾကားေရးမွဴးအပါအဝင္ (၃)ဦးနဲ႔တြဲၿပီး ဖြင့္ေပးထားတဲ့ ဘဏ္စာရင္းပါ။ ကြပ္ကဲေရးရံုးကိုေရာက္လာတဲ့ အမ်ားျပည္သူလွဴဒါန္းတာေတြကိုလည္း ကြပ္ကဲေရးရံုးကေန လက္ခံၿပီး ေရေဘးသင့္ၿမိဳ႕နယ္ေတြကို ျပန္ၿပီးျဖန္႔ေဝေပးေနပါတယ္”ဟု ျပည္နယ္အစိုးရအဖြဲ႕ရံုး ဦးစီးအရာရိွ ေဒၚသန္းႏုလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မြန္ျပည္နယ္ သဘာဝေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈေကာ္မတီမွ တစ္ဆင့္ဆက္သြယ္ကူညီလိုသူမ်ား အေနျဖင့္ ဖုန္း 095312589၊ 092046793၊ 09402633306၊ 0572024730 ႏွင့္ 0572027303 တုိ႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

မြန္ျပည္နယ္အတြင္း ေရႀကီး၊ ေျမၿပိဳမႈမ်ားႏွင့္ႀကံဳေနရသျဖင့္ အစိုးရ၊ သက္ဆုိင္ရာဌာနမ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ား၊ အမ်ားျပည္သူတို႔က ေရေဘးသင့္သူမ်ားအတြက္ ဝိုင္းဝန္းကူညီေပးေနၾကျခင္း ျဖစ္သည္။

Tachileik News Agency
Photo: MFSD

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မွန်ပြည်နယ် ရေဘေးသင့်များသို့ ကူညီလိုသူများ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှတစ်ဆင့် ပေးပို့နိုင်
************
ရေကြီး၊မြေပြိုမှုများနှင့်ကြုံတွေ့နေရသည့် မွန်ပြည်နယ် (၁၀)မြို့နယ်တွင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ကွပ်ကဲရေးရုံးများဖွင့်လှစ်ပြီး ကယ်ဆယ်ရေးပစ္စည်းနှင့် စားနပ်ရိက္ခာများ ချိတ်ဆက် ပေးပို့နေပြီး အများပြည်သူအနေဖြင့် ပါဝင်ကူညီလိုပါကလည်း တစ်ဆင့်လက်ခံကာ ပြန်လည်ပေးဝေနေကြောင်း သိရသည်။

အများပြည်သူမှ ရေဘေးသင့်များအတွက် ကူညီပံ့ပိုးရေးပစ္စည်းများပေးပို့မှုကို မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမတွင် ဖွင့်လှစ်ထားသည့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကွပ်ကဲရေးရုံးတွင် လက်ခံယူပြီး မြို့နယ်အလိုက်ကွပ်ကဲရေးရုံးများမှတစ်ဆင့် ရေဘေးသင့်ပြည်သူများထံ ပြန်လည်ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကယ်ဆယ်ရေးစခန်းတွေလည်း ဖွင့်ထားပါတယ်။ ပြည်နယ်က ကွပ်ကဲရေးရုံးကိုလည်း ဟင်္သာခန်းမမှာ ဖွင့်ထားပါတယ်။ တခြားနေရာတွေမှာလည်း မြို့နယ်အလိုက် ဖွင့်ထားပါတယ်။ ကယ်ဆယ်ရေး ပစ္စည်းတွေကိုလည်း လက်ခံနေပါတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေမှတစ်ဆင့် မွန်ပြည်နယ်မှ ရေဘေးသင့်များအား ကူညီလိုသူများအနေဖြင့် ပြည်နယ်အစိုးရက ဖွင့်လှစ်ထားသည့် Kbz Bank Account No.02230202202309301 သို့ ထည့်ဝင်နိုင်ကြောင်း သိရသည်။

“ဒီဘဏ်အကောင့်က ပြည်နယ်အစိုးရအဖွဲ့ကနေ ညွှန်ကြားရေးမှူးအပါအဝင် (၃)ဦးနဲ့တွဲပြီး ဖွင့်ပေးထားတဲ့ ဘဏ်စာရင်းပါ။ ကွပ်ကဲရေးရုံးကိုရောက်လာတဲ့ အများပြည်သူလှူဒါန်းတာတွေကိုလည်း ကွပ်ကဲရေးရုံးကနေ လက်ခံပြီး ရေဘေးသင့်မြို့နယ်တွေကို ပြန်ပြီးဖြန့်ဝေပေးနေပါတယ်”ဟု ပြည်နယ်အစိုးရအဖွဲ့ရုံး ဦးစီးအရာရှိ ဒေါ်သန်းနုလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တစ်ဆင့်ဆက်သွယ်ကူညီလိုသူများ အနေဖြင့် ဖုန်း 095312589၊ 092046793၊ 09402633306၊ 0572024730 နှင့် 0572027303 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ရေကြီး၊ မြေပြိုမှုများနှင့်ကြံုနေရသဖြင့် အစိုးရ၊ သက်ဆိုင်ရာဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အများပြည်သူတို့က ရေဘေးသင့်သူများအတွက် ဝိုင်းဝန်းကူညီပေးနေကြခြင်း ဖြစ်သည်။

Tachileik News Agency
Photo: MFSD

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net