ရန္ကုန္-ေရး-ထားဝယ္-ၿမိတ္လမ္းပိုင္းမွ ၿပိဳက်သြားသည့္ မလြဲေတာင္ေပၚအပိုင္း ေဘလီတံတား သံေဘာင္တံတားထိုးျခင္း ေဆာင္ရြက္ေန

ရန္ကုန္-ေရး-ထားဝယ္-ၿမိတ္လမ္းပိုင္းမွ ၿပိဳက်သြားသည့္ မလြဲေတာင္ေပၚအပိုင္း ေဘလီတံတား သံေဘာင္တံတားထိုးျခင္း ေဆာင္ရြက္ေန
သြဂုတ် 15, 2019
By 🌸
မိုးသည္းထန္စြာရြာသြန္းၿပီး လမ္းသားျပတ္က်သြားသည့္ တနသၤာရီတိုင္းေဒသႀကီး ရန္ကုန္-ေရး-ထားဝယ္-ၿမိတ္လမ္းပိုင္းရိွ ထား၀ယ္ၿမို႕မွ မိုင္တိုင္(၈၀/၄) အကြာ မလြဲေတာင္ေပၚလမ္းပိုင္းတြင္ ေဘလီတံတား သံေဘာင္ထိုးျခင္းကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၄) ရက္ေန႔ညပိုင္းမွစတင္ၿပီး ေဆာင္ရြက္ေနၿပီျဖစ္သည္။

ေတာင္ၿပိဳက်ၿပီး လမ္းသားျပတ္က်သြားသည့္ မလြဲေတာင္လမ္းပိုင္းတြင္ လမ္းအထူးအဖြဲ႕ (၂၃) ႏွင့္ တံတားအထူးအဖြဲ႕ (၄) တို႔က ေဘလီတံတားထိုးျခင္းလုပ္ငန္းကို ၾသဂုတ္လ (၁၄)ရက္ေန႔ ညေန(၄)နာရီကတည္းက စတင္ေနျခင္းျဖစ္ၿပီး ၾသဂုတ္လ (၁၆)ရက္ေန႔တြင္ အသံုးျပုႏုိင္ဖြယ္ရိွသည္ဟု ခန္႔မွန္းထားေၾကာင္း  ေဆာက္လုပ္ေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

ေရႀကီးနစ္ျမႇပ္မႈႏွင့္ ေျမၿပိဳမႈမ်ားေၾကာင့္ ပ်က္စီးသြားသည့္ ရန္ကုန္-ေရး-ထားဝယ္-ၿမိတ္လမ္းပိုင္းမ်ားကိုျပင္ဆင္ေနၿပီး ကားငယ္မ်ား ျဖတ္သန္းသြားလာႏိုင္မည့္ ေဘလီတံတားထိုးျခင္း လုပ္ငန္းကို ၾသဂုတ္လ (၁၆) ရက္ေန႔တြင္ အၿပီးတည္ေဆာက္သြားမည္ျဖစ္ၿပီး ကုန္ကားႀကီးမ်ား ၾသဂုတ္လ (၁၈) ရက္ေန႔တြင္ ျဖတ္သန္းသြားႏိုင္ဖြယ္ရိွေၾကာင္း သိရသည္။

တနသာၤရီတိုင္းေဒသႀကီးအတြင္း လမ္းသားျပတ္ေတာက္ေနေသာ ထားဝယ္မွ ၈၀/၂ မိုင္အကြာအထိ ေတာင္ၿပိဳလမ္းမ်ားအား မြန္ျပည္နယ္၊ လမ္းဦးစီးဌာနက ဖယ္ရွားရွင္းလင္းခဲ့ၿပီး တနသာၤရီတိုင္းေဒသႀကီး မလြဲေတာင္-ထားဝယ္လမ္းပိုင္းတြင္ ေတာင္ၿပိဳေျမ ဖယ္ရွားရွင္းလင္းျခင္းအား လမ္းအထူးအဖြဲ႕က ေဆာင္ရြက္ေနရာ ၾသဂုတ္လ (၁၄)ရက္ေန႔တြင္ ၿပီးစီးသြားခဲ့သျဖင့္ ေတာင္နံရံလမ္းေျမသားတိုးခ်ဲ႕ျခင္းလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေဆာက္လုပ္ေရးဝန္ႀကီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရန်ကုန်-ရေး-ထားဝယ်-မြိတ်လမ်းပိုင်းမှ ပြိုကျသွားသည့် မလွဲတောင်ပေါ်အပိုင်း  ဘေလီတံတား သံဘောင်တံတားထိုးခြင်း ဆောင်ရွက်နေ
************
မိုးသည်းထန်စွာရွာသွန်းပြီး လမ်းသားပြတ်ကျသွားသည့် တနင်္သာရီတိုင်းဒေသကြီး ရန်ကုန်-ရေး-ထားဝယ်-မြိတ်လမ်းပိုင်းရှိ ထားဝယ်မြို့မှ မိုင်တိုင်(၈၀/၄) အကွာ မလွဲတောင်ပေါ်လမ်းပိုင်းတွင် ဘေလီတံတား သံဘောင်ထိုးခြင်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့ညပိုင်းမှစတင်ပြီး ဆောင်ရွက်နေပြီဖြစ်သည်။

တောင်ပြိုကျပြီး လမ်းသားပြတ်ကျသွားသည့် မလွဲတောင်လမ်းပိုင်းတွင် လမ်းအထူးအဖွဲ့ (၂၃) နှင့် တံတားအထူးအဖွဲ့ (၄) တို့က ဘေလီတံတားထိုးခြင်းလုပ်ငန်းကို သြဂုတ်လ (၁၄)ရက်နေ့ ညနေ(၄)နာရီကတည်းက စတင်နေခြင်းဖြစ်ပြီး သြဂုတ်လ (၁၆)ရက်နေ့တွင် အသုံးပြုနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း  ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ရေကြီးနစ်မြှပ်မှုနှင့် မြေပြိုမှုများကြောင့် ပျက်စီးသွားသည့် ရန်ကုန်-ရေး-ထားဝယ်-မြိတ်လမ်းပိုင်းများကိုပြင်ဆင်နေပြီး ကားငယ်များ ဖြတ်သန်းသွားလာနိုင်မည့် ဘေလီတံတားထိုးခြင်း လုပ်ငန်းကို သြဂုတ်လ (၁၆) ရက်နေ့တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ကုန်ကားကြီးများ သြဂုတ်လ (၁၈) ရက်နေ့တွင် ဖြတ်သန်းသွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

တနသာင်္ရီတိုင်းဒေသကြီးအတွင်း လမ်းသားပြတ်တောက်နေသော ထားဝယ်မှ ၈၀/၂ မိုင်အကွာအထိ တောင်ပြိုလမ်းများအား မွန်ပြည်နယ်၊ လမ်းဦးစီးဌာနက ဖယ်ရှားရှင်းလင်းခဲ့ပြီး တနသာင်္ရီတိုင်းဒေသကြီး မလွဲတောင်-ထားဝယ်လမ်းပိုင်းတွင် တောင်ပြိုမြေ ဖယ်ရှားရှင်းလင်းခြင်းအား လမ်းအထူးအဖွဲ့က ဆောင်ရွက်နေရာ သြဂုတ်လ (၁၄)ရက်နေ့တွင် ပြီးစီးသွားခဲ့သဖြင့် တောင်နံရံလမ်းမြေသားတိုးချဲ့ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဆောက်လုပ်ရေးဝန်ကြီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net