Writen by
Tachileik News Agency
4:48:00 PM
-
0
Comments
ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် လတ်တလော ဖြစ်ပေါ်လျက်ရှိသော သဘာဝဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခရောက်နေသူများကို ဆက်လက် ကူညီပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဧရာဝတီဖောင်ဒေးရှင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင် တောင်ပြိုကျ၍ မိသားစု ဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စုများအတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ်(၁၀)သိန်းနှုန်းနှင့် စားနပ်ရိက္ခါများ၊ ဆေးကုသမှုခံယူနေရသူများကို တစ်ဦးလျှင် ကျပ်(၂)သိန်းနှုန်း ပံ့ပိုးပေးထားကြောင်း သိရသည်။
သဲဖြူကုန်းကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်က တောင်ပြိုကျ၍ တောင်ခြေရှိ နေအိမ်များ မြေစာများ ဖုံးလွှမ်းသွားသဖြင့် သြဂုတ်လ (၁၁)ရက်နေ့အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရခြင်းဖြစ်သည်။
အဆိုပါ ကျေးရွာသို့ ဧရာဝတီဖောင်ဒေးရှင်းက ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်နေ့တွင် သွားရောက်ပြီး တောင်ပြိုကျမှုကြောင့် မိသားစုဆုံးရှုံးသွားရသည့် အိမ်ထောင်စု (၂၇)စုကိုတွေ့ဆုံကာ အိမ်ထောင်စုတစ်စုလျှင် ကျပ် (၁၀)သိန်းနှုန်းစီ၊ အရေးပေါ်လိုအပ်သည့် ဆန်၊ ဆီ၊ ခြောက်ဆွဲခြောက်များ ပံ့ပိုးပေးပြီး မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် လူဦးရေ(၄၀)ဦးအတွက် ငွေကျပ် သိန်း (၈၀)ကို ကူညီထောက်ပံ့ပေးထားကြောင်း ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။
ဧရာဝတီဖောင်ဒေးရှင်းအနဖြေင့် လတ်တလော ဖြစ်ပေါ်လျက်ရှိသော သဘာဝဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခရောက်နေသူများကို ဆက်လက် ကူညီပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - Ayeyarwady Foundation

No comments
Post a Comment
Note: Only a member of this blog may post a comment.