SBS ရုပ္သံအစီအစဥ္တြင္ ကာကြယ္ထားသည့္ ကမာမ်ိဳးစိတ္ကို ဖမ္းဆီးခဲ့သည့္ ေတာင္ကိုရီးယားမင္းသမီး လီယြန္အြန္း ေထာင္ဒဏ္ (၄)ႏွစ္အထိ ခ်မွတ္ႏုိင္သည့္ ထိုင္းဥပေဒျဖင့္ ရင္ဆုိင္ေနရ

SBS ရုပ္သံအစီအစဥ္တြင္ ကာကြယ္ထားသည့္ ကမာမ်ိဳးစိတ္ကို ဖမ္းဆီးခဲ့သည့္ ေတာင္ကိုရီးယားမင္းသမီး လီယြန္အြန္း ေထာင္ဒဏ္ (၄)ႏွစ္အထိ ခ်မွတ္ႏုိင္သည့္ ထိုင္းဥပေဒျဖင့္ ရင္ဆုိင္ေနရ
ဇူလိုင် 6, 2019
By 🌸
ထိုင္းနိုင္ငံ အမ်ိဳးသားအဏၰဝါပန္းၿခံအတြင္း SBS၏ ရုပ္သံအစီအစဥ္ရိုက္ကူးစဥ္က ရွားပါးကမာေကာင္ႀကီး (၃)ေကာင္အားဖမ္းဆီးခဲ့သည့္ ေတာင္ကိုရီးယားမင္းသမီး လီယြန္အြန္းမွာ ကာကြယ္ထားသည့္မ်ိဳးစိတ္အား ဖမ္းဆီးမႈျဖင့္ ေထာင္ဒဏ္(၄)ႏွစ္အထိ ခ်မွတ္ႏုိင္သည့္ဥပေဒျဖင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။

အဆိုပါ ဥယ်ာဥ္အတြင္း ၂၀၁၉ ခုနွစ္၊ မတ္လက ရိုက္ကူးခဲ့သည့္ ရုပ္သံအစီအစဥ္တြင္ မင္းသမီး လီယြန္အြန္းက ကာကြယ္ထားသည့္မ်ိဳးစိတ္ျဖစ္သည့္ ကမာေကာင္ႀကီး (၃)ေကာင္အား ဖမ္းဆီးခဲ့ျခင္း ရိုက္ကူးေရးအဖြဲ႕က ခ်က္ျပဳတ္စားေသာက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ရုပ္သံအစီအစဥ္ကို ဇြန္လ (၃၀)ရက္ေန႔က ထုတ္လႊင့္ခဲ့ၿပီးေနာက္ ဟတ္ခၽြိဳင္မုိင္အမ်ိဳးသားဥယ်ာဥ္တာဝန္ရိွသူ နာရြန္ကြန္အုိက္က ဇူလုိင္လ (၃)ရက္ေန႔တြင္ တရားစြဲဆိုလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းနို္င္ငံ၏ ေတာရိုင္းတိရစၦာန္ကာကြယ္ေရးဥပေဒအရ ကာကြယ္ထားသည့္ရွားပါးတိရိစၦာန္မ်ားအား ဖမ္းဆီး၊ သတ္ျဖတ္၊ စားသံုးျခင္းသည္ ေထာင္ဒဏ္ (၄)ႏွစ္ႏွင့္ ဒဏ္ေငြ ဘတ္ (၄၀၀၀၀)ခ်မွတ္ႏုိင္ေၾကာင္း သိရသည္။

ကာကြယ္ထားသည့္ ရွားပါးတိရစၦာန္အား ဖမ္းဆီးသည့္ မင္းသမီးမွာ အဓိက တရားစြဲဆိုခံရျခင္းျဖစ္ၿပီး ခ်က္ျပဳတ္စားေသာက္ရာတြင္ ပါဝင္သူမ်ားမွာလည္း သက္ဆုိင္ရာဥပေဒမ်ားျဖင့္ တရားစြဲဆိုခံရမည္ျဖစ္ေၾကာင္း သိရသည္။

ေတာင္ကိုရီးယားႏုိင္ငံတြင္ ၂၀၁၁ ခုႏွစ္ကတည္းက ထုတ္လႊင့္ေနသည့္ The Law of the Jungle တြင္ ေတာင္ကိုရီးယားမွ ေက်ာ္ၾကားသူမ်ား ပါဝင္ရိုက္ကူးေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအစီအစဥ္အား ထုတ္လုပ္သူျဖစ္သည့္ SBS က တရားစြဲဆိုခံရမႈႏွင့္ပတ္သက္၍ ေဒသဆုိင္ရာစည္းမ်ဥ္းဥပေဒကို သိနားလည္မႈမရိွခဲ့သျဖင့္ လိႈက္လိႈက္လႈဲလႈဲေတာင္းပန္ပါေၾကာင္းနွင့္ ၎တို႔အေနျဖင့္ ေနာက္ထပ္ရိုက္ကူးမႈမ်ားတြင္ သတိထားေဆာင္ရြက္သြားပါမည့္အေၾကာင္း ေျပာၾကားထားသည္။

ယင္းကဲ့သို႔ ေျပာၾကားထားေသာ္လည္း အမ်ိဳးသားဥယ်ာဥ္အတြင္းမွ ကာကြယ္ထားသည့္ တိရစၦာန္မ်ားအား ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္း၊ စားေသာက္ျခင္းမျပဳလုပ္ရေၾကာင္းႏွင့္ လုိက္နာရမည့္စည္းကမ္းခ်က္မ်ားကို အစီအစဥ္ထုတ္လုပ္သူအား အသိေပးထားၿပီးျဖစ္သည္ဟု အမ်ိဳးသားဥယ်ာဥ္တာဝန္ရိွသူက ဆိုသည္။

Tachileik News Agency

Ref: South China Morning Post

Photo: Lee Yeol-eum's FB, SBS

~~~~~~~~⊰❂ Unicode Version ~~~~~~~~

SBS ရုပ်သံအစီအစဉ်တွင် ကာကွယ်ထားသည့် ကမာမျိုးစိတ်ကို ဖမ်းဆီးခဲ့သည့် တောင်ကိုရီးယားမင်းသမီး လီယွန်အွန်း ထောင်ဒဏ် (၄)နှစ်အထိ ချမှတ်နိုင်သည့် ထိုင်းဥပဒေဖြင့် ရင်ဆိုင်နေရ
**************
ထိုင်းနိုင်ငံ အမျိုးသားအဏ္ဏဝါပန်းခြံအတွင်း SBS၏ ရုပ်သံအစီအစဉ်ရိုက်ကူးစဉ်က ရှားပါးကမာကောင်ကြီး (၃)ကောင်အားဖမ်းဆီးခဲ့သည့် တောင်ကိုရီးယားမင်းသမီး လီယွန်အွန်းမှာ ကာကွယ်ထားသည့်မျိုးစိတ်အား ဖမ်းဆီးမှုဖြင့် ထောင်ဒဏ်(၄)နှစ်အထိ ချမှတ်နိုင်သည့်ဥပဒေဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အဆိုပါ ဥယျာဉ်အတွင်း ၂၀၁၉ ခုနှစ်၊ မတ်လက ရိုက်ကူးခဲ့သည့် ရုပ်သံအစီအစဉ်တွင် မင်းသမီး လီယွန်အွန်းက ကာကွယ်ထားသည့်မျိုးစိတ်ဖြစ်သည့် ကမာကောင်ကြီး (၃)ကောင်အား ဖမ်းဆီးခဲ့ခြင်း ရိုက်ကူးရေးအဖွဲ့က ချက်ပြုတ်စားသောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်သံအစီအစဉ်ကို ဇွန်လ (၃၀)ရက်နေ့က ထုတ်လွှင့်ခဲ့ပြီးနောက် ဟတ်ချွိုင်မိုင်အမျိုးသားဥယျာဉ်တာဝန်ရှိသူ နာရွန်ကွန်အိုက်က ဇူလိုင်လ (၃)ရက်နေ့တွင် တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနို်င်ငံ၏ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေအရ ကာကွယ်ထားသည့်ရှားပါးတိရိစ္ဆာန်များအား ဖမ်းဆီး၊ သတ်ဖြတ်၊ စားသုံးခြင်းသည် ထောင်ဒဏ် (၄)နှစ်နှင့် ဒဏ်ငွေ ဘတ် (၄၀၀၀၀)ချမှတ်နိုင်ကြောင်း သိရသည်။

ကာကွယ်ထားသည့် ရှားပါးတိရစ္ဆာန်အား ဖမ်းဆီးသည့် မင်းသမီးမှာ အဓိက တရားစွဲဆိုခံရခြင်းဖြစ်ပြီး ချက်ပြုတ်စားသောက်ရာတွင် ပါဝင်သူများမှာလည်း သက်ဆိုင်ရာဥပဒေများဖြင့် တရားစွဲဆိုခံရမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် ၂၀၁၁ ခုနှစ်ကတည်းက ထုတ်လွှင့်နေသည့် The Law of the Jungle တွင် တောင်ကိုရီးယားမှ ကျော်ကြားသူများ ပါဝင်ရိုက်ကူးနေကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်အား ထုတ်လုပ်သူဖြစ်သည့် SBS က တရားစွဲဆိုခံရမှုနှင့်ပတ်သက်၍ ဒေသဆိုင်ရာစည်းမျဉ်းဥပဒေကို သိနားလည်မှုမရှိခဲ့သဖြင့် လှိုက်လှိုက်လှဲုလှဲုတောင်းပန်ပါကြောင်းနှင့် ၎င်းတို့အနေဖြင့် နောက်ထပ်ရိုက်ကူးမှုများတွင် သတိထားဆောင်ရွက်သွားပါမည့်အကြောင်း ပြောကြားထားသည်။

ယင်းကဲ့သို့ ပြောကြားထားသော်လည်း အမျိုးသားဥယျာဉ်အတွင်းမှ ကာကွယ်ထားသည့် တိရစ္ဆာန်များအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ စားသောက်ခြင်းမပြုလုပ်ရကြောင်းနှင့် လိုက်နာရမည့်စည်းကမ်းချက်များကို အစီအစဉ်ထုတ်လုပ်သူအား အသိပေးထားပြီးဖြစ်သည်ဟု အမျိုးသားဥယျာဉ်တာဝန်ရှိသူက ဆိုသည်။

Tachileik News Agency
Ref: South China Morning Post
Photo: Lee Yeol-eum's FB, SBS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net