ေလယာဥ္ခိုးစီးသည့္ အမ်ိဳးသားတစ္ဦး လန္ဒန္ေတာင္ပိုင္း ပန္းၿခံအတြင္း ျပဳတ္က်ေသဆံုး

ေလယာဥ္ခိုးစီးသည့္ အမ်ိဳးသားတစ္ဦး လန္ဒန္ေတာင္ပိုင္း ပန္းၿခံအတြင္း ျပဳတ္က်ေသဆံုး
ဇူလိုင် 2, 2019
By 🌸
ကင္ညာေလေၾကာင္းလုိင္း ေလယာဥ္တြင္ ခိုးစီးလာသည္ဟု ယံုၾကည္ရသည့္ အမ်ိဳးသားတစ္ဦး ဟိသ္သရိုးေလဆိပ္အနီး လန္ဒန္ေတာင္ပိုင္း ပန္းၿခံတစ္ခုအတြင္း ျပဳတ္က်ေသဆံုးေနသည္ကိုေတြ႔ရေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားမွာ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၃၀)ရက္ေန႔က ဟိသ္ရိုးေလဆိပ္သို႔ဆင္းသက္သည့္ ကင္ညာေလေၾကာင္းလုိင္းတြင္ ခိုးစီးလာသူတစ္ဦးျဖစ္ၿပီး ေလယာဥ္ဆင္းခါနီး ဘီးခ်စဥ္ျပဳတ္က်ေသဆံုးခဲ့ျခင္းျဖစ္ႏုိင္သည္ဟု ရဲတပ္ဖြဲ႕ ခန္႔မွန္းထားသည္။

ေလယာဥ္ဆင္းသက္ၿပီးခ်ိန္တြင္ ေလယာဥ္ဘီးအခန္းအတြင္း အိတ္၊ ေရဗူးႏွင့္ အစားအေသာက္အခ်ိဳ႕ကို ေတြ႔ရိွထားရေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ေလယာဥ္ခိုးစီးလာၿပီး ျပဳတ္က်ေသဆံုးမႈမ်ားကို လန္ဒန္တစ္ဝိုက္တြင္ မၾကာမီႏွစ္မ်ားက ႀကိမ္ဖန္မ်ားစြာ ျဖစ္ပြားခဲ့ၿပီး အမ်ားစုမွာ ဟိသ္ရိုးေလဆိပ္အနီးတြင္ ျဖစ္ပြားေၾကာင္း သိရသည္။

ျပဳတ္က်ေသဆံုးေနသည့္ အမ်ိဳးသားကိုေတြ႔ရသည့္ ကလက္ပ္ဟမ္ပန္းၿခံမွာ လန္ဒန္အေနာက္ပိုင္းေလဆိပ္ႏွင့္ (၁၂)မို္င္ခန္႔အကြာတြင္ျဖစ္ၿပီး ဟိသ္ရိုးေလဆိပ္ဆင္းမည့္ ေလယာဥ္မ်ားသည္ အဆိုပါေနရာတြင္ အျမင့္ေပ (၃၀၀၀) ဝန္းက်င္မွ ပ်ံသန္းေလ့ရိွေၾကာင္း သိရသည္။
ျပဳတ္က်ေသဆံုးသြားသည့္ အမ်ိဳးသားကို အတည္ျပဳႏုိင္ျခင္းမရိွေသးဘဲ ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Independent


 

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လေယာဉ်ခိုးစီးသည့် အမျိုးသားတစ်ဦး လန်ဒန်တောင်ပိုင်း ပန်းခြံအတွင်း ပြုတ်ကျသေဆုံး
**************
ကင်ညာလေကြောင်းလိုင်း လေယာဉ်တွင် ခိုးစီးလာသည်ဟု ယုံကြည်ရသည့် အမျိုးသားတစ်ဦး ဟိသ်သရိုးလေဆိပ်အနီး လန်ဒန်တောင်ပိုင်း ပန်းခြံတစ်ခုအတွင်း ပြုတ်ကျသေဆုံးနေသည်ကိုတွေ့ရကြောင်း သိရသည်။

အဆိုပါ အမျိုးသားမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့က ဟိသ်ရိုးလေဆိပ်သို့ဆင်းသက်သည့် ကင်ညာလေကြောင်းလိုင်းတွင် ခိုးစီးလာသူတစ်ဦးဖြစ်ပြီး လေယာဉ်ဆင်းခါနီး ဘီးချစဉ်ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့ ခန့်မှန်းထားသည်။

လေယာဉ်ဆင်းသက်ပြီးချိန်တွင် လေယာဉ်ဘီးအခန်းအတွင်း အိတ်၊ ရေဗူးနှင့် အစားအသောက်အချို့ကို တွေ့ရှိထားရကြောင်း သိရသည်။

ယင်းကဲ့သို့ လေယာဉ်ခိုးစီးလာပြီး ပြုတ်ကျသေဆုံးမှုများကို လန်ဒန်တစ်ဝိုက်တွင် မကြာမီနှစ်များက ကြိမ်ဖန်များစွာ ဖြစ်ပွားခဲ့ပြီး အများစုမှာ ဟိသ်ရိုးလေဆိပ်အနီးတွင် ဖြစ်ပွားကြောင်း သိရသည်။

ပြုတ်ကျသေဆုံးနေသည့် အမျိုးသားကိုတွေ့ရသည့် ကလက်ပ်ဟမ်ပန်းခြံမှာ လန်ဒန်အနောက်ပိုင်းလေဆိပ်နှင့် (၁၂)မို်င်ခန့်အကွာတွင်ဖြစ်ပြီး ဟိသ်ရိုးလေဆိပ်ဆင်းမည့် လေယာဉ်များသည် အဆိုပါနေရာတွင် အမြင့်ပေ (၃၀၀၀) ဝန်းကျင်မှ ပျံသန်းလေ့ရှိကြောင်း သိရသည်။

ပြုတ်ကျသေဆုံးသွားသည့် အမျိုးသားကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Independent

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net