ထိုင်းနိုင်ငံ မယ်ဆိုင်အပါအ၀င် ထိုင်းနယ်စပ်တစ်လျှောက်ရှိ နယ်ဖြတ်သန်းလက်မှတ်ထုတ်ပေးရေးရုံးများကို ဆာဗာအဆင့်မြှင့်တင်မည်ဖြစ်၍ ဇူလိုင်လ(၆)ရက်နေ့ တစ်ရက်တာ ပိတ်မည်

ထိုင်းနိုင်ငံ မယ်ဆိုင်အပါအ၀င် ထိုင်းနယ်စပ်တစ်လျှောက်ရှိ နယ်ဖြတ်သန်းလက်မှတ်ထုတ်ပေးရေးရုံးများကို ဆာဗာအဆင့်မြှင့်တင်မည်ဖြစ်၍ ဇူလိုင်လ(၆)ရက်နေ့ တစ်ရက်တာ ပိတ်မည်
ဇူလိုငျ 5, 2019
By Tachileik News Agency
ထိုင်းနိုင်ငံနှင့် ဆက်စပ်နေသည့် နယ်စပ်တစ်လျှောက်  နယ်ဖြတ်သန်းလက်မှတ်ထုတ်ပေးရေးနှင့် ပတ်သက်၍ ထိုင်းဘက်ရုံးများတွင် ဆာဗာများကို အဆင်ြ့မှင့်တင်မှုများဆောင်ရွက်သွားမည်ဖြစ်သဖြင့် မယ်ဆိုင်မြို့ အပါအ၀င် ထိုင်းနယ်စပ်တစ်လျှောက်ရှိ နယ်ဖြတ်သန်းလက်မှတ်ထုတ်ပေးရေးရုံးများကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၆) ရက်နေ့တွင် (၁) ရက်တာ ပိတ်ထားမည်ဖြစ်ကြောင်း မယ်ဆိုင်မြို့ပိုင်က အသိပေးပြောကြားလိုက်သည်။


ထိုင်းနိုင်ငံအတွင်း ပြစ်မှုကျူးလွန်သူများ နယ်စပ်ထွက်ပေါက်များမှ ထွက်ပြေးသွားခြင်း မဖြစ်ပေါ်စေရန်အတွက် ထိုင်း - မြန်မာ ၊ ထိုင်း - လာအို၊ ထိုင်း ကမ္ဘောဒီးယား၊ နှင့် ထိုင်း - မလေးရှား စသည့် နယ်စပ်တစ်လျှောက် ထိုင်းဘက်ရှိ  နယ်ဖြတ်သန်းလက်မှတ်ထုတ်ပေးရေးရုံးများကို ဇူလိုင်လ(၆)ရက်နေ့တွင် တစ်နေ့တာ ပိတ်ထားမည်ဖြစ်သည့်အတွက် အဆိုပါနေ့တွင် ထိုင်းနိုင်ငံသားများအနေဖြင့် နယ်ဖြတ်သန်းလက်မှတ်များ ပြုလုပ်ခြင်း ရနိုင်မည်မဟုတ်ဘဲ ဇူလိုင်လ(၇)ရက်နေ့မှတာ ပုံမှန်အတိုင်း ရနိုင်မည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

       


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံနှင့် ဆက်စပ်နေသည့် နယ်စပ်တစ်လျှောက် နယ်ဖြတ်သန်းလက်မှတ်ထုတ်ပေးရေးနှင့် ပတ်သက်၍ ထိုင်းဘက်ရုံးများတွင် ဆာဗာများကို အဆငြ့်မှင့်တင်မှုများဆောင်ရွက်သွားမည်ဖြစ်သဖြင့် မယ်ဆိုင်မြို့ အပါအဝင် ထိုင်းနယ်စပ်တစ်လျှောက်ရှိ နယ်ဖြတ်သန်းလက်မှတ်ထုတ်ပေးရေးရုံးများကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၆) ရက်နေ့တွင် (၁) ရက်တာ ပိတ်ထားမည်ဖြစ်ကြောင်း မယ်ဆိုင်မြို့ပိုင်က အသိပေးပြောကြားလိုက်သည်။

"ဘန်ကောက်မှာရှိတဲ့ Main Sever ကနေမှ တစ်နိုင်ငံလုံးအတွက်ကို ချိတ်မိဖို့အတွက် (၁) ရက်တာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ထုတ်ပေးရေးရုံးကို ခေတ္တပိတ်ထားခြင်း ဖြစ်ပါတယ်။ မယ်ဆိုင်တစ်မြို့တည်းမဟုတ်ဘူး တစ်နိုင်ငံလုံး အတိုင်းအတာဖြစ်ပါတယ်။ ဒီလိုပိတ်ထားရခြင်းရဲ့ရည်ရွယ်ချက်က ဒုစရိုက်မှုကျူးလွန်ထားတဲ့သူတွေ တစ်ဖက်နိုင်ငံတွေကို ထွက်ပြေးလို့မရအောင် ထိန်းချုပ်နိုင်ဖို့ဆောင်ရွက်နေတာဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်စပ်မှာရှိတဲ့ TBC တို့ လဝကတို့ အများပြည်သူသိအောင်လို့လည်း အသိပေးထားတယ်။ ဒီည (၇) နာရီအထိလက်မှတ်တွေကို ကြိုတင်လာလုပ်ထားဖို့။ မနက်ဖြန် (၁) ရက်လုံးကိုခေတ္တပိတ်ထားမှာဖြစ်ပါတယ်"ဟု မယ်ဆိုင်မြို့ပိုင် နိုင်းစုမ်းဆတ် ခနခမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ထိုင်းနိုင်ငံအတွင်း ပြစ်မှုကျူးလွန်သူများ နယ်စပ်ထွက်ပေါက်များမှ ထွက်ပြေးသွားခြင်း မဖြစ်ပေါ်စေရန်အတွက် ထိုင်း - မြန်မာ၊ ထိုင်း - လာအို၊ ထိုင်း ကမော္ဘဒီးယား၊ နှင့် ထိုင်း - မလေးရှား စသည့် နယ်စပ်တစ်လျှောက် ထိုင်းဘက်ရှိ နယ်ဖြတ်သန်းလက်မှတ်ထုတ်ပေးရေးရုံးများကို ဇူလိုင်လ(၆)ရက်နေ့တွင် တစ်နေ့တာ ပိတ်ထားမည်ဖြစ်သည့်အတွက် အဆိုပါနေ့တွင် ထိုင်းနိုင်ငံသားများအနဖြေင့် နယ်ဖြတ်သန်းလက်မှတ်များ ပြုလုပ်ခြင်း ရနိုင်မည်မဟုတ်ဘဲ ဇူလိုင်လ(၇)ရက်နေ့မှတာ ပုံမှန်အတိုင်း ရနိုင်မည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net