မွန်ပြည်နယ် ဘီးလင်းမြို့၏ မြစ်ရေအခြေအနေကြောင့် ဇူလိုင်လ(၉)ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း (၅)ခု ဖွင့်လှစ်ထားကာ အချိန်ပြည့် စောင့်ကြည့်နေရ

မွန်ပြည်နယ် ဘီးလင်းမြို့၏ မြစ်ရေအခြေအနေကြောင့် ဇူလိုင်လ(၉)ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း (၅)ခု ဖွင့်လှစ်ထားကာ အချိန်ပြည့် စောင့်ကြည့်နေရ
ဇူလိုငျ 9, 2019
By Tachileik News Agency

မွန်ပြည်နယ်၊ ဘီးလင်းမြို့၏ မြစ်ရေအခြေအနေမှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့ ညနေ(၈)နာရီခွဲအချိန်တွင် (၉၈၇) စင်တီမီတာသို့ ရောက်ရှိနေပြီး မြို့ပေါ်ကယ်ဆယ်ရေးစခန်း (၅)ခုဖွင့်လှစ်ကာ အနိမ့်ပိုင်းတွင် နေထိုင်သော မိသားစုများအား ရွှေ့ပြောင်းပေးခြင်းနှင့် မြို့တွင်းသတိပေးကြေညာခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။


မြစ်ရေကြီးနိုင်မည့် အခြေအနေကြောင့် ဘီးလင်းမြစ်ဘေးရှိ ခဲမောက်(မူလွန်) နှင့် ဒုံသမိမြစ်ဘေးရှိ ကြိုးဝိုင်း၊ ကမ်းနာ (အမက) ၊ ရွှေလှေ(အမက) ၊ ပျဉ်းမပင်ဆိပ်(အထကခွဲ) ကျောင်း(၄)ကျောင်းကို ဇူလိုင်လ (၉)ရက်နေ့မှ စတင်ပိတ်ထားကြောင်း သိရသည်။


Tachileik News Agnecy



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မွန်ပြည်နယ်၊ ဘီးလင်းမြို့၏ မြစ်ရေအခြေအနေမှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့ ညနေ(၈)နာရီခွဲအချိန်တွင် (၉၈၇) စင်တီမီတာသို့ ရောက်ရှိနပြေီး မြို့ပေါ်ကယ်ဆယ်ရေးစခန်း (၅)ခုဖွင့်လှစ်ကာ အနိမ့်ပိုင်းတွင် နေထိုင်သော မိသားစုများအား ရွှေ့ပြောင်းပေးခြင်းနှင့် မြို့တွင်းသတိပေးကြေညာခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံးသည် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အဆင်သင့်ပြင်ဆင်ထားရှိပြီး လက်ရှိအချိန်တွင် ရန်ကုန် မော်လမြိုင် လမ်းမကြီး၏ ဘီးလင်းလမ်းပိုင်းကို အဆင်ပြေစွာသွားလာနိုင်နေဆဲဖြစ်ကြောင်းသိရသည်။

မြစ်ရကြေီးနိုင်မည့် အခြေအနေကြောင့် ဘီးလင်းမြစ်ဘေးရှိ ခဲမောက်(မူလွန်) နှင့် ဒုံသမိမြစ်ဘေးရှိ ကြိုးဝိုင်း၊ ကမ်းနာ (အမက)၊ ရွှေလှေ(အမက)၊ ပျဉ်းမပင်ဆိပ်(အထကခွဲ) ကျောင်း(၄)ကျောင်းကို ဇူလိုင်လ (၉)ရက်နေ့မှ စတင်ပိတ်ထားကြောင်း သိရသည်။

ယခင်နှစ်က မြစ်ရေလျှံခြင်းကြောင်း လမ်းပန်းဆက်သွယ်ရေးပြတ်တောက်၍ ဘီးလင်းမြစ်ကမ်းတစ်လျှောက်ကျေးရွာများသို့ ရိက္ခါထောက်ပစ္စည်းများပေးပို့ရန် အခက်အခဲဖြစ်ခဲ့ရခြင်းမျိုး ယခုနှစ်တွင် မဖြစ်ပေါ်စေရေးအတွက် ယခင်နှစ်ရေဘေးသင့်ခဲ့သည့်ကျေးရွာအုပ်စု(၁၀)စု သို့ ကြိုတင်စုပုံထားနိုင်ရန် ဆန်၊ဆီ၊ဆား၊ ရေ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ ပစ္စည်း(၆)မျိုး (၇)ရက်စာကိုလည်း ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agnecy
ဓာတ်ပုံ - ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net