ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေသည့် ရပ်ကွက်များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ပေးရေး၊ နေထိုင်စားသောက်မှုအဆင်ပြေစေရေး၊ ရေကျချိန်တွင်ဖြစ်ပေါ်တတ်သောဖြစ်စဉ်များကို ကြိုတင်မျှော်မှန်း၍ စီမံဆောင်ရွက်ရေးတို့အတွက် ဇူလိုင်လ (၁၃)ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က လိုက်လံစစ်ဆေးကြောင်း သိရသည်။
မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့တွင် မြို့ပေါ် ရပ်ကွက် (၇)ရပ်ကွက်နှင့် တီယန်ဇွပ်ကျေးရွာ၊ ဟိုကပ်ကျေးရွာ၊ စံကင်းကျေးရွာတို့မှ အိမ်ထောင်စု (၉၉၂)စု၊ လူဦးရေ (၄၇၂၈)ဦးတို့မှာ ဘာသာရေးကျောင်းများ၊ ဓမ္မာရုံများနှင့် အခြေခံပညာကျောင်းများ စသည်တို့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း (၁၉)ခုတွင် ယာယီခိုလှုံနေကြကြောင်း သိရသည်။
ရေကြီးမှုကြောင့် ဝိုင်းမော်မြို့တွင်လည်း အခြေခံပညာကျောင်းပေါင်း (၉)ကျောင်းပိတ်ထားပြီး ဝိုင်းမော်မြို့ပေါ် အမှတ်(၁)ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်၊ စန်းကားကျေးရွာနှင့် မန်ဒေါင် ကျေးရွာတို့တွင် စုစုပေါင်းအိမ်ခြေ(၁၁၄)အိမ် ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေမှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့ညပိုင်းမှစ၍ စိုးရိမ်ရေမှတ် (၁၂၀၀) စင်တီမီတာအထက်သို့ရောက်ရှိခဲ့သဖြင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များတွင် လူနေအိမ်များအတွင်း ရေဝင်နစ်မြုပ်မှုများဖြစ်ပွားနေကြောင်း သိရသည်။
ရကြေီးနစ်မြုပ်မှုဖြစ်ပွားနေသည့် ရပ်ကွက်များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ပေးရေး၊ နေထိုင်စားသောက်မှုအဆင်ပြေစေရေး၊ ရေကျချိန်တွင်ဖြစ်ပေါ်တတ်သောဖြစ်စဉ်များကို ကြိုတင်မျှော်မှန်း၍ စီမံဆောင်ရွက်ရေးတို့အတွက် ဇူလိုင်လ (၁၃)ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က လိုက်လံစစ်ဆေးကြောင်း သိရသည်။
ဝိုင်းမော်မြို့ပေါ် ရပ်ကွက်များမှ ရေဝင်သည့်ရပ်ကွက်များမှ ဒေသခံများ ယာယီခိုလှုံရန် အမှတ် (၂ ) အခြေခံပညာအထက်တန်းကျောင်းဝင်း၌ ယာယီစခန်းဖွင့်လှစ်ထားရှိပေးထားကြောင်း သိရသည်။
နန့်မြစ်ခချောင်းမှတစ်ဆင့် မြစ်ရေဝင်ရောက်ကာ မြစ်ကြီးနား-ဝိုင်းမော်လမ်း ရေကျော်မှုလည်းဖြစ်ပွားနေကြောင်း သိရသည်။
မြစ်ရမြေင့်တက်မှုကြောင့် မြစ်ကြီးနားမြို့တွင် မြို့ပေါ် ရပ်ကွက် (၇)ရပ်ကွက်နှင့် တီယန်ဇွပ်ကျေးရွာ၊ ဟိုကပ်ကျေးရွာ၊ စံကင်းကျေးရွာတို့မှ အိမ်ထောင်စု (၉၉၂)စု၊ လူဦးရေ (၄၇၂၈)ဦးတို့မှာ ဘာသာရေးကျောင်းများ၊ ဓမ္မာရုံများနှင့် အခြေခံပညာကျောင်းများ စသည်တို့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း (၁၉)ခုတွင် ယာယီခိုလှုံနကြေကြောင်း သိရသည်။
ရကြေီးမှုကြောင့် ဝိုင်းမော်မြို့တွင်လည်း အခြေခံပညာကျောင်းပေါင်း (၉)ကျောင်းပိတ်ထားပြီး ဝိုင်းမော်မြို့ပေါ် အမှတ်(၁)ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်၊ စန်းကားကျေးရွာနှင့် မန်ဒေါင် ကျေးရွာတို့တွင် စုစုပေါင်းအိမ်ခြေ(၁၁၄)အိမ် ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ဧရာဝတီ မြစ်ရေသည် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ (၁၃)ရက်နေ့ မွန်းလွဲ ၂ နာရီတိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက် (၁၂၂၉) စင်တီမီတာရှိနေရာမှ (၁၂၀၄) စင်တီမီတာသို့ အနည်းငယ်ကျဆင်းလာနေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ကချင်ပြည်နယ်အစိုးရအဖွဲ့၊ IPRD Kachin