မေကြးတိုင္းတြင္ အသစ္တိုးခ်ဲ႕ဖဲြ႔စည္းမည့္ ဝန္ႀကီးဌာနအတြက္ ျပင္ပပုဂၢိဳလ္အား ေရြးခ်ယ္ျခင္းမျပဳေတာ့ဘဲ လႊတ္ေတာ္ကိုယ္စားလွယ္ထဲမွ တစ္ဦးကို ေရြးခ်ယ္ခန္႔ထားမည္

မေကြးတိုင္းတြင္ အသစ္တိုးခ်ဲ႕ဖဲြ႔စည္းမည့္ ဝန္ႀကီးဌာနအတြက္ ျပင္ပပုဂၢိဳလ္အား ေရြးခ်ယ္ျခင္းမျပဳေတာ့ဘဲ လႊတ္ေတာ္ကိုယ္စားလွယ္ထဲမွ တစ္ဦးကို ေရြးခ်ယ္ခန္႔ထားမည္
ဇူလိုင် 1, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔၌ တိုးခ်ဲ႕ဖဲြ႔စည္းမည့္ “လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္း အျမစ္ဝန္ႀကီးဌာန” အတြက္ ဝန္ႀကီးေရြးခ်ယ္ရာတြင္ အျပင္လူကို ေရြးခ်ယ္မည္မဟုတ္ေတာ့ဘဲ လႊတ္ေတာ္ မွသေဘာတူသည့္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ထဲမွ သင့္ေတာ္သူတစ္ဦးကို ေရြးခ်ယ္သြား မည္ျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးခ်ဳပ္က ဇူလိုင္လ(၁)ရက္ေန႔တြင္ မီဒီယာမ်ားသို႔ ေျပာၾကားသည္။

“ဝန္ႀကီးထပ္ခန္႔ဖို႔ က အစိုးရအဖဲြ႔ ဖဲြ႔ခါစတုန္းက ကြ်န္ေတာ္ပဲ ဦးေဆာင္ၿပီးေတာ့ တကယ္ကို လုပ္ႏိုင္မယ့္ ပုဂၢိဳလ္ေတြ ရိုးသားေျဖာင့္မတ္တဲ့သူေတြ စိစစ္ၿပီးေတာ့မွ ဖဲြ႔ခဲ့တာပါ။ လႊတ္ေတာ္ကုိယ္စားလွယ္မဟုတ္ ေသာ္ျငားလည္းဘဲ အျပင္ကပါတဲ့ ဝန္ႀကီး ေလာေလာဆယ္ကေတာ့ ပို႔ေဆာင္ဆက္သြယ္ေရးနဲ႔ ေဆာက္လုပ္ေရးဝန္ႀကီး တို႔ ေနာက္ လယ္ဆည္ဝန္ႀကီးနဲ႔ လဝက ဝန္ႀကီး တို႔ ဒီလူေတြလည္း ဘယ္ေလာက္ စြမ္း ေဆာင္ရည္ရိွသလဲ၊ ရိုးသားေျဖာင့္မတ္သလဲ ဆိုတာ အားလံုးသိၿပီးျဖစ္မွာပါ။ သို႔ေသာ္လည္း ေနာက္ထပ္ ဝန္ႀကီးတစ္ဦးထပ္ခန္႔ဖို႔ကိစၥမွာေတာ့ ကြ်န္ေတာ့္အေနနဲ႔ ဘာမွေရြးခ်ယ္တာ မလုပ္ပါဘူး။ သမၼတႀကီးကလည္း ပဲ လႊတ္ေတာ္ကိုယ္စားလွယ္ေတြထဲကပဲ ေရြးရပါမယ္လို႔ ေျပာတဲ့အတြက္ လႊတ္ေတာ္ဥကၠဌႀကီးပဲ ေရြးေပးပါ ဆိုၿပီး အေၾကာင္းၾကားထားတယ္။ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ထဲက ဦးစားေပး(၁)၊(၂)၊(၃) ဆိုၿပီးေတာ့ ေရြးေပးထားတာကို သမၼတႀကီးဆီကို တင္ျပထားပါတယ္။ အဲဒီထဲက တစ္ေယာက္အမည္ေပး မွာေပါ့။ ဘယ္သူ႔ေရြးမယ္ဆိုတာ ကြ်န္ေတာ္လည္းမသိဘူး”ဟု ဇူလိုင္လ(၁)ရက္ေန႔တြင္ျပဳလုပ္သည့္ ဒုတိယအႀကိမ္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္(၁၃)ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး ပထမေန႔တြင္ တက္ေရာက္လာသည့္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာသည္။

အဆိုပါ လႊတ္ေတာ္အစည္းအေဝးတြင္ ႏိုင္ငံေတာ္သမၼတမွ ေပးပို႔လာေသာ မေကြးတိုင္းေဒသႀကီးအစိုးရ အဖဲြ႔ေအာက္ရိွ “အလုပ္သမား၊လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန” ကို “အလုပ္သမားေရး ရာဝန္ႀကီးဌာန”အျဖစ္ ျပင္ဆင္ဖဲြ႔စည္းလိုေၾကာင္း သဝဏ္လႊာႏွင့္ “လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာန” တစ္ခု တိုးခဲ်႕ဖဲြ႔စည္းလိုေၾကာင္း သဝဏ္လႊာမ်ားကို ဖတ္ၾကား၍ လႊတ္ေတာ္၏ သေဘာတူညီခ်က္ကို ရယူခဲ့ေၾကာင္း သိရသည္။

“အရည္အခ်င္းျပည့္ဝၿပီး ျပည္သူကို ကိုယ္စားျပဳတဲ့သူ၊ လႊတ္ေတာ္လုပ္ငန္းေတြအေပၚမွာလည္း တာဝန္ ေက်ရမယ္၊ ျပည္သူ႔အေပၚမွာလည္း တာဝန္ေက်ရမယ္။ တစ္ခ်ိဳ႕က လႊတ္ေတာ္ကိုယ္စားလွယ္သာ ျဖစ္ေန တာ လႊတ္ေတာ္ကိုယ္စားလွယ္တာဝန္မေက်တာေတြအမ်ားႀကီးရိွတယ္။ အဖက္ဖက္ကျပည့္စံုမယ့္သူကိုု အကုန္လံုးတိုင္ပင္ၿပီးေတာ့ ေရြးသြားမွာပါ”ဟု ဝန္ႀကီးအသစ္ေရြးခ်ယ္မႈႏွင့္ပတ္သက္၍ မေကြးတိုင္းေဒသ ႀကီးလႊတ္ေတာ္ဥကၠဌ ဦးတာ က မီဒီယာမ်ားသို႔ ေျပာသည္။

ဝန္ႀကီးဌာနတစ္ခု တိုးခ်ဲ႕ဖဲြ႔စည္းရျခင္းႏွင့္ပတ္သက္၍ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးႏိုင္ရန္၊ ဝန္ႀကီးတစ္ဦးထဲႏွင့္  ဌာနမ်ားစြာ ကိုင္တြယ္တာဝန္ယူေနရသည္ျဖစ္ရာ အဆိုပါတာဝန္မ်ားကို ေလွ်ာ့ခ်၍  အသစ္ ခန္႔မည့္ဝန္ႀကီးထံ တာဝန္မ်ားခဲြေဝလိုက္ျခင္းျဖင့္ တာဝန္မ်ားေပါ့သြားကာ လုပ္ငန္းမ်ားအား ပိုမို အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ရန္ ရည္ရြယ္၍ ဝန္ႀကီးဌာနတစ္ခု ထပ္မံတိုးခ်ဲ႕ရျခင္းျဖစ္မည္ဟု ဝန္ႀကီး ခ်ဳပ္က သံုးသပ္ေျပာၾကားသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု- မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၌ တိုးချဲ့ဖွဲ့စည်းမည့် “လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန” အတွက် ဝန်ကြီးရွေးချယ်ရာတွင် အပြင်လူကို ရွေးချယ်မည်မဟုတ်တော့ဘဲ လွှတ်တော် မှသဘောတူသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထဲမှ သင့်တော်သူတစ်ဦးကို ရွေးချယ်သွား မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဇူလိုင်လ(၁)ရက်နေ့တွင် မီဒီယာများသို့ ပြောကြားသည်။

“ဝန်ကြီးထပ်ခန့်ဖို့ က အစိုးရအဖွဲ့ ဖွဲ့ခါစတုန်းက ကျွန်တော်ပဲ ဦးဆောင်ပြီးတော့ တကယ်ကို လုပ်နိုင်မယ့် ပုဂ္ဂိုလ်တွေ ရိုးသားဖြောင့်မတ်တဲ့သူတွေ စိစစ်ပြီးတော့မှ ဖွဲ့ခဲ့တာပါ။ လွှတ်တော်ကိုယ်စားလှယ်မဟုတ် သော်ငြားလည်းဘဲ အပြင်ကပါတဲ့ ဝန်ကြီး လောလောဆယ်ကတော့ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး တို့ နောက် လယ်ဆည်ဝန်ကြီးနဲ့ လဝက ဝန်ကြီး တို့ ဒီလူတွေလည်း ဘယ်လောက် စွမ်း ဆောင်ရည်ရှိသလဲ၊ ရိုးသားဖြောင့်မတ်သလဲ ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ သို့သော်လည်း နောက်ထပ် ဝန်ကြီးတစ်ဦးထပ်ခန့်ဖို့ကိစ္စမှာတော့ ကျွန်တော့်အနေနဲ့ ဘာမှရွေးချယ်တာ မလုပ်ပါဘူး။ သမ္မတကြီးကလည်း ပဲ လွှတ်တော်ကိုယ်စားလှယ်တွေထဲကပဲ ရွေးရပါမယ်လို့ ပြောတဲ့အတွက် လွှတ်တော်ဥက္ကဌကြီးပဲ ရွေးပေးပါ ဆိုပြီး အကြောင်းကြားထားတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထဲက ဦးစားပေး(၁)၊(၂)၊(၃) ဆိုပြီးတော့ ရွေးပေးထားတာကို သမ္မတကြီးဆီကို တင်ပြထားပါတယ်။ အဲဒီထဲက တစ်ယောက်အမည်ပေး မှာပေါ့။ ဘယ်သူ့ရွေးမယ်ဆိုတာ ကျွန်တော်လည်းမသိဘူး”ဟု ဇူလိုင်လ(၁)ရက်နေ့တွင်ပြုလုပ်သည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် တက်ရောက်လာသည့် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

အဆိုပါ လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ပေးပို့လာသော မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့အောက်ရှိ “အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန” ကို “အလုပ်သမားရေး ရာဝန်ကြီးဌာန”အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုကြောင်း သဝဏ်လွှာနှင့် “လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန” တစ်ခု တိုးချဲ့ဖွဲ့စည်းလိုကြောင်း သဝဏ်လွှာများကို ဖတ်ကြား၍ လွှတ်တော်၏ သဘောတူညီချက်ကို ရယူခဲ့ကြောင်း သိရသည်။

“အရည်အချင်းပြည့်ဝပြီး ပြည်သူကို ကိုယ်စားပြုတဲ့သူ၊ လွှတ်တော်လုပ်ငန်းတွေအပေါ်မှာလည်း တာဝန် ကျေရမယ်၊ ပြည်သူ့အပေါ်မှာလည်း တာဝန်ကျေရမယ်။ တစ်ချို့က လွှတ်တော်ကိုယ်စားလှယ်သာ ဖြစ်နေ တာ လွှတ်တော်ကိုယ်စားလှယ်တာဝန်မကျေတာတွေအများကြီးရှိတယ်။ အဖက်ဖက်ကပြည့်စုံမယ့်သူကို အကုန်လုံးတိုင်ပင်ပြီးတော့ ရွေးသွားမှာပါ”ဟု ဝန်ကြီးအသစ်ရွေးချယ်မှုနှင့်ပတ်သက်၍ မကွေးတိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဌ ဦးတာ က မီဒီယာများသို့ ပြောသည်။

ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရန်၊ ဝန်ကြီးတစ်ဦးထဲနှင့် ဌာနများစွာ ကိုင်တွယ်တာဝန်ယူနေရသည်ဖြစ်ရာ အဆိုပါတာဝန်များကို လျှော့ချ၍ အသစ် ခန့်မည့်ဝန်ကြီးထံ တာဝန်များခွဲဝေလိုက်ခြင်းဖြင့် တာဝန်များပေါ့သွားကာ လုပ်ငန်းများအား ပိုမို အကောင်အထည်ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ဝန်ကြီးဌာနတစ်ခု ထပ်မံတိုးချဲ့ရခြင်းဖြစ်မည်ဟု ဝန်ကြီး ချုပ်က သုံးသပ်ပြောကြားသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ- မကွေးတိုင်းဒေသကြီးလွှတ်တော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net